ပေါင်းတည်မှာ စစ်ကောင်စီကလယ်သမား ၇ ဦးကိုဖမ်းပြီး ချေးငွေဆပ်ခိုင်း
"ညနေပိုင်းဖမ်းသွားတာ ချေးငွေမဆပ်ရင် ပြန်မလွှတ်ဘူးဆိုလို့ အကုန်လုံးချေးငွေဆပ်ပြီး ပေါင်းတည်အချုပ်ထဲ တညအိပ်စေပြီး ချေးငွေဆပ်မှ ပြန်လွှတ်ပေးတာ"
"ညနေပိုင်းဖမ်းသွားတာ ချေးငွေမဆပ်ရင် ပြန်မလွှတ်ဘူးဆိုလို့ အကုန်လုံးချေးငွေဆပ်ပြီး ပေါင်းတည်အချုပ်ထဲ တညအိပ်စေပြီး ချေးငွေဆပ်မှ ပြန်လွှတ်ပေးတာ"
"သူက တဦးတည်းနေတာ။ အိမ်မှာ ရေနွေးအိုးတည်ထားပြီး အပြင်သွားတာကနေ စလောင်တာပဲ။ သူပြန်မရောက်ခင်မှာပဲ မီးက ကြီးနေပြီ။ ညနေပိုင်းက လေတအားတိုက်တော့ မီးက ထိန်းမရတော့ဘဲ တခြားအိမ်တွေပါ ကူးတာ"
"ဦးညိုတင်ရဲ့ရုပ်အလောင်းမှာ မျက်နှာတွေ၊ လက်တွေမှာ ဒဏ်ရာတွေ တွေ့တယ်။ မျက်နှာမှာက သေနတ်ဒင်နဲ့ရိုက်ခဲ့တဲ့အရာတွေ၊ စစ်ဖိနပ်ခြေရာတွေ တွေ့ရတယ်။ သူကအိမ်ကနေ ဆိုင်ကယ်လေးနဲ့ ထွက်ဖို့ပြင်တဲ့အချိန်မှာ စကစတွေက ရှေ့ကနေ ဆောင့်ကန်လိုက်တဲ့အခြေ အနေပါ"
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်”
“နောက်ဆုံးပိတ် သူတို့အထိခိုက်များလို့ ဘယ်လောက်ထိလုပ်ရလဲဆိုတော့ အမှိုက်တွေမီးရှို့ပြီး မီးခိုးမှိုင်းတွေတိုက်ပြီးတော့ ဆုတ်ပြေးရတဲ့အဆင့်ထိ ဖြစ်သွားတာ၊ စစ်ကြောင်းမှူးကိုယ်တိုင် သေတယ်။ သူ့အောက်က ဗိုလ်အဆင့်ရှိတဲ့သူလည်း သေတယ်လို့ သိရတယ်”
“ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေကို ကျောက်လှေကားအနီးမှာရှိတဲ့ GTC ကျောင်းထဲကို သုံးဘီးနဲ့တင်သွားတယ်”
"အဖမ်းခံရသူတွေက တောသူ၊တောင်သားတွေပါ။ စကစတွေနဲ့တွေ့လို့ ဖမ်းဆီးခံလိုက်ရတာ။ အဖမ်းခံရသူတွေရဲ့ နာမည်တွေ၊အသက်တွေ မသိရသေးဘူး။ စကစတွေက ရွာထဲမှာပဲ ရှိနေသေးတယ်။ ပြန်မထွက်ကြသေးဘူး"
"အလောင်းကို ဆေးရုံကရင်ခွဲရုံကို ထုံးစံအတိုင်း ပို့ထားလိုက်ပါတယ်။ ဘာကြောင့်သေဆုံးတယ်ဆိုတာတော့ မသိရဘူး။ မိသားစုကတော့ အလောင်းကိုသဘက်ခါ (မတ် ၂၅ ရက်)မှာ သဂြိုလ်မယ်လို့ သိရတယ်"
"စစ်ရှောင်ပြည်သူတွေက အိမ်ပြန်နေရတဲ့သူ ရှိသလို တောထဲမှာသွားပြီး ဆေးကုရတာမျိုးတွေ ရှိပါတယ်။ များသောအားဖြင့် ဆီးချို သွေးတိုးရောဂါဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ကုရတာ များတယ်။ ခလေးငယ်တွေကတော့ ဖျားနာတာလောက်ပဲ ဖြစ်ကျတာ။ လိုအပ်တဲ့ ဆေးဝါးတွေက ရံပုံငွေရှာဖွေလို့ရတဲ့ငွေ၊ ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ ဝယ်ရပါတယ်"
"တံတားဖြူကျေးရွာ ရေပေးဝေရေးလုပ်တဲ့ ဆည်မြောင်းဘောင်ဘေး လမ်းလေးပေါ်မှာ ၂ လောင်းနဲ့ ကျောက်တံတားရွာဘက်မှာ ၁ လောင်း စုစုပေါင်း ၃ လောင်းပါ။ ၃ ယောက်စလုံးက ဦးခေါင်းကို ပစ်ခံထားရတဲ့ ဒဏ်ရာနဲ့သေတာ။ သူတို့လည်ပင်းမှာလည်း သွေးသောက်အဖွဲ့ တံဆိပ်နဲ့ လည်ဆွဲတွေ ဆွဲပေးခံထားတွေ့ရတယ်"
“အချုပ်စောင့်တဲ့ဗဟိုကင်း ကင်းသမား ၂ ယောက်ရယ်၊ အချုပ်သားတယောက်ရယ် မနက် ၃ နာရီလောက်ကြီး ထွက်ပြေးသွားတာ။ ခလရ ၁ က တောအစပ်မှာဆိုတော့ပြေးလို့လွယ်တယ်။ သေနတ်တလက်စီ ပါသွားတယ်”
“သတင်းက မှန်တယ်။ သူတို့မိသွားတဲ့နေရာက နယ်နည်းနည်းကြမ်းတယ်။ တိုက်ပွဲတွေ ခဏခဏဖြစ်နေတဲ့နေရာ။ နှစ်ဖက်တင်းမာမှု တော်တော်ရှိတဲ့နေရာပေါ့။ ရက်ကတော့ အတိကျမသိဘူးဗျ။ ဖြစ်စဉ်ဖြစ်သွားတာတော့ အတည်ပြုလို့ရတယ်။ တယောက်ပြီးတယောက် ပါနေတာလည်း အတည်ပြုလို့ရတယ်။ ဘယ်နေ့ဘယ်ရက်တော့ မပြောတတ်ဘူး။ ဟိုဘက်က ကြိတ်ဖမ်းနေတာ”
"သူတို့စခန်းက ရွာရဲ့အရှေ့ဘက်နားမှာ စခန်းချထားတာ၊ ပထမဆုံး စပြီးပစ်ခတ်ခံရတဲ့ကောင်က စခန်းရှေ့မှာတဦးထဲရှိနေတဲ့အချိန် ပစ်နိုင်ခဲ့တာ လဲကျသွားတာကို မြင်လိုက်ရတယ်"
"ခုက ငွေတောင်းခံရတဲ့ သူတဦးကနေပြီး ကျနော်တို့ဆီကို သူတို့ပို့ထားတဲ့စာကို ပြန်ပို့လာပေးလို့ သိရတာ။ ဘယ်နှဦးလောက်ထိ သူတို့က ကျနော်တို့အဖွဲ့နာမည်သုံးပြီး ငွေတောင်းထားပြီပြီလဲဆိုတာ မသိရသေးဘူး။ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့အဖွဲ့က အရင်ကလည်း ခုလို ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်း အလှူခံတာမျိုးမရှိသလို နောင်လည်း အဲလိုလုပ်မှာ မဟုတ်ဘူး။ ခုလုပ်ရပ်ဟာ စစ်ကောင်စီဘက်က PDF နဲ့လူထုကို သွေးခွဲနေတဲ့ လုပ်ရပ်လို့ မြင်တယ်"
“မနေ့ကလည်း ကင်းပုန်းတွေဝပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်တယ်။ ပါလာတဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေ သူတို့ဆီပေးခဲ့ရတယ်။ ဒီနေ့မနက်လည်း လာတဲ့ပြည်သူတွေကို အလာမခံဘဲ ပစ်လွှတ်တယ်။ လက်နက်ငယ်တွေနဲ့ လိုက်ပစ်တယ်။ ရေဦး တိုင်းရင်းဆေးရုံကနေ ပြည်သူတွေ ပြေးတဲ့နေရာတွေဆီ လက်နက်ကြီး ၆ လုံး ဆက်တိုက်ပစ်တယ်”