သတင်းတို

တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မကွေးခရိုင် အမှတ်(၂) တပ်ရင်းရဲ့ အပတ်စဥ်(၁) သင်တန်းဆင်း

"ကျနော်တို့တပ်ရင်းမှာက တိုင်းရင်းသားတွေပါ အတူစုဖွဲ့ထားကြောင်း ပြသတာပါ။အခု MOD ကထုတ်ပြန်ကြေညာထားတာကတော့ ကျနော်တို့ မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်းအနေနဲ့ အပတ်စဥ်သင်တန်းဖြစ်ပါတယ်။ အခုမကြာမီ အချိန်အတွင်းမှာ အပတ်စဥ် ၂ သင်တန်းပေးဖို့လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်ဗျ"

မြင်းခြံမှာ PDF ၅ ဦး တိုက်ခိုက်ခံရလို့ သေဆုံးပြီး လက်နက်တွေပါသိမ်းခံလိုက်ရ

"စကစဘက်က သင်္ချိုင်းကုန်းနားက လယ်ကသင်းကုန်းကို အကာအကွယ်ယူပြီး စောင့်နေတာ။ သတင်းပေါက်သွားတာဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေက ၁၀ ဦး ဆိုင်ကယ်နဲ့လာတာ။ မြင်လဲ မြင်ရော စကစ ဘက်က အော်တိုတွေနဲ့ပဲ အသားကုန်ပစ်ကြတာ။ ရှေ့ကသွားတဲ့ ဆိုင်ကယ် ၂ စီး ရဲဘော် ၄ ဦးက လွတ်သွားတယ်"

နိုင်ငံရေးမှု ၁၀၀ ကျော်ကို လိုက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေအမျိုးသမီးကို အကြမ်းဖက်မှုနဲ့ ထောင် ၁၀ နှစ်ချ

"သူ့ကိုဒကစ ကိုခေါ်သွားပြီး စစ်ဆေးတယ်။ နောက်တော့ အမှတ် ၁ ရဲစခန်းကို ပို့တယ်။ အဲ့ကနေ အကျဉ်းထောင်ကို ပို့တယ်။ တကယ်က သူ့ကို မြန်မာနိုင်ငံအကျဉ်းထောင်အက်ဥပဒေနဲ့ စွဲတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ခြောက်လ ပြစ်ဒဏ်ချမှတ်ခံရပြီးလို့ ရက်ပြည့်သွားတာကို အခုလို ၅၀(ည)နဲ့ ထပ်စွဲပြီး ထောင်ထဲမှာပဲ အချုပ်သားအနေနဲ့ဆက်နေရတယ်။ အခုတော့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်ပေါ့။"

စစ်တပ်ပတ်ကင်းနဲ့ PDFပတ်ကင်း ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်လို့ PDF ၁ ဦး ဒဏ်ရာရ၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးဟုဆို

“PDFတွေက မနက်ခင်းကင်းလှည့်တာ၊ စစ်**တွေကလည်း အရပ်ဝတ်နဲ့ ကင်းလှည့်တာမှာ တိုးတာပေါ့။ ကိုယ့်လူတွေက ရွာသားလို့ပဲထင်ပြီး အမှတ်တမဲ့သွားတဲ့ချိန် သူတို့ဘက်က လှမ်းပစ်တာ။ အဲ့ချိန်မှာ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့”

ပခုက္ကူမှာ ကလေးအပါ အမျိုးသမီး ၅ ဦး အသတ်ခံရ

"ဒီညီအစ်မတွေရဲ့မောင်ဖြစ်သူက ကျွန်းပြင်မှာ အသတ်ခံရလို့ဆိုပြီး EPC ထဲ အထိုင်ချထားတဲ့ တပ်နဲ့ပူးပေါင်းပြီး မြို့စိုးရွာထဲက PDFခေါင်းဆောင်အိမ် အပါအဝင် အဖွဲ့ဝင်အိမ် ၁၅ လုံးကို သူတို့ကိုယ်တိုင် လိုက်ပြပေးတာလို့ မျက်မြင်တဦးကပြောထားတယ်"

စစ်ရှောင်ရင်း တောတောင်ထဲနေထိုင်ရလို့ မြွေကိုက်ခံရမှု မကြာခဏဖြစ်နေတာလို့ဆို

"မြွေကိုက်ခံရမှုမြင့်တက်လာတာက အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲလို့ ပြောရမယ်။ အရင်ကရွာတွေမှာပဲ လူတွေက နေကြတာ။ ခုတော့တွေတောင်တွေထဲမှာ လူတွေက အကုန်ရောက်နေတာ။ လူတွေကနေစရာကျဥ်းသွားပြီး မြွေရှိတဲ့နေရာကို ရောက်နေတာ။ ဒါကြောင့်မြွေကိုက်ခံရတဲ့ ဦးရေတိုးလာတာ"

စစ်ရှောင်စခန်းမှာမွေးတဲ့ ကလေးကို ‌ပစ်‌တိုင်းထောင်လေးများအဖွဲ့က အလှူငွေနဲ့ကလေးပစ္စည်းများ လှူဒါန်း

"ကလေးအတွက် ၅သောင်း နဲ့ အမေအတွက် ၅သာင်းလှူပေးခဲ့တယ်။ ကလေးကယောက်ျားလေးပါ။ ဒီ စစ်ရှောင်စခန်းမှာမွေးတာ ကလေး ၃ယောက်ရှိပါပြီ။ ၃ ယောက်စလုံးကလည်း ယောက်ျားလေးတွေပါပဲ"

ပျူ ၂ ရွာကို ထောက်ပို့မလုပ်ဖို့နဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့မပစ်ဖို့ စစ်အုပ်စုစခန်းကို သတိပေးပစ်ခတ် (ရုပ်/သံ)

"သတိပေးတဲ့အနေနဲ့ ကန့်ဒေါင့်စခန်းကို ပစ်ခတ်ခဲ့တာ၊ ပစ်ခတ်ချိန်က နာရီဝက်လောက်ကြာတယ်၊ စခန်းအနားထိ ကပ်နိုင်ခဲ့တယ်၊ သူတို့စခန်း လွယ်လွယ်ကူကူနဲ့ သိမ်းလို့ရတယ်ဆိုတာကို အသိပေးလိုက်သလိုပေါ့၊ ကန့်ဒေါင့်ဒေသခံတွေ ပြောပြချက်အရ ပစ်ခတ်မှုမှာ ဒဏ်ရာရသူတွေ ၃ ယောက်လောက် ရှိတယ်"

ကျောက်စစ်ပုံအခြေစိုက် အမြောက်တပ်စခန်း ဗုံးကြဲခံရလို့ ၂ ပွင့်ဗိုလ် ၃ ဦးအပါ သေဆုံးသူများဟုဆို

“ဒရုန်း ၅ စီးသုံးပြီး အခေါက်ခေါက်အခါခါ ပြန်ပြီးတော့ ဗုံးကြဲချတယ်၊ အဲ့ဒီစခန်းထဲမှာရှိတဲ့ အဓိက ၂ နေရာကိုပဲ ပစ်မှတ်ထားပြီးချတာ၊ ပထမနေရာက အရာရှိတွေနေတဲ့အဆောင် အဲဒီအခန်းထဲမှာ အရာရှိ ၅ ဦးရှိတယ်လို့ သိထားရတယ်၊ လက်နက်ခဲယမ်းတွေထားတဲ့ လက်နက်တိုက် အဲဒီ ၂ နေရာကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ”

တပ်ရိက္ခာကားကို မိုင်းဆွဲဖို့လာချိန် စစ်တပ်ကင်းပုန်းနဲ့ ပစ်ခတ်မှုဖြစ်လို့ PDF ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

“စစ်ကား ၃ စီးက မြိုင်ကိုအသွားမှာ မိုင်းတခါမိတယ်။ ပြန်လာမယ့်အခေါက်မှာ မိုင်းထပ်ထောင်ပြီး အမိအရဖြတ်မယ်ဆိုပြီး လမ်းမကြီးဆီကို တဖြည်းဖြည်းကပ်ရင်းကနေ ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ”

ကန့်ဘလူမှာ အုပ်ချုပ်ရေးမှူးအပါ ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

"နတ်ပေးက ကန့်ဘလူမြို့နဲ့ သိပ်မဝေးဘူး။ စကစ ထိန်းချုပ်နယ်မြေထဲမှာ ရှိတယ်လို့ပြောရမယ်။ အမျိုးသမီးကြီးက လမ်းသွားရင်း အရင်ထိတာ။ အဲ့ဒါကို အုပ်ကြီးနဲ့အဖွဲ့က လာစစ်ချိန် ထပ်ထိတာ"

တမူးမှာ ၆ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းနဲ့ ၆ ကြိမ် ပစ်ခတ်

“Mi35 လည်း အကြိမ်ကြိမ်လာပစ်တယ်၊ ထောက်ပို့လေယာဉ်နဲ့ အထုတ်တွေလာချသွားတယ်။ ‌ပစ္စည်းကောက်ဖို့ လာကြချိန်မှာလည်း တိုက်ပွဲထပ်ဖြစ်တယ်၊ သူတို့ဘက်က မြေပြင်မှာ လိုသလို စစ်ကူလာလို့ မရဘူး"

ဒေသအခြေပြု သတင်းဌာန ၉ ခု စုပေါင်းပြီး Burma Media Consortium (BMC) ဖွဲ့စည်း

“ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကို သတင်းဌာနတခုချင်း ကျော်ဖြတ်တာထက် စုပေါင်းကျော်ဖြတ်ရင် ကိုယ့်တားဂတ်ဧရိယာက ပြည်သူတွေအတွက်ရော သတင်းဌာနတွေအတွက်ရော ပိုကောင်းမယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ဒေသတွင်းအခြေစိုက်မှု၊ သတင်းထုတ်လုပ်မှု၊ သတင်းစာပညာအပေါ် ရပ်တည်ခံယူမှု၊ သတင်းဌာနလုပ်နိုင်စွမ်း စတာတွေ တူညီမှုရှိတဲ့ ဒေသအခြေစိုက် သတင်းမီဒီယာ ၉ ဖွဲ့ ပူးပေါင်းပြီး Burma Media Consortium ကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်အပါ ဖမ်းဆီးခံရသူတွေနဲ့ ကျဆုံးသူတွေအတွက် ဆုတောင်းသပိတ်ပြုလုပ်

"အဓိကတော့ ကျဆုံးကြွေလွင့်သွားတဲ့ အာဇာနည်သူရဲကောင်းတွေကို ဆုတောင်းမေတ္တာပို့သတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီးတော့မှ ပြုလုပ်ခဲ့တာ"

ဒီပဲယင်းက မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကို သိန်း ၆၀၀ ကျော်ထောက်ပံ့

"စစ်ရှောင်တွေကို အဖွဲ့အစည်းတွေက လှူတာပါ။ အလှူရှင်တွေက မီးဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ အမိုးအကာ၊ အသုံးအဆောင်နဲ့ ကျန်းမာရေးအတွက် ဝယ်ယူဖို့ ငွေသားလှူပေးခဲ့တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10