~~~ စောင်နီလေးတထည်တော့ သွားပြီ ~~~
စောင်နီလေးတထည်တော့_သွားပြီ
စောင်နီလေးတထည်တော့_သွားပြီ
“ဒီမြေတွေက ဦးသိန်းစိန်လက်ထက်မှာ တောင်သူတွေ အမှန်တကယ် စိုက်ပျိုးမြေတွေဖြစ်လို့ တပ်ပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ခဲ့ပြီး သူ့မူရင်းပိုင်ရှင်တွေကို တရားဝင်ပြန်လွှဲထားတဲ့ မြေတွေ။ ခုလို ပုံစံ ၇ ပြန်အပ်ခိုင်းတာက တပ်ပိုင်မြေအဖြစ် ပြန်သိမ်းဖို့ ပြင်ဆင်နေတာလို့ ယူဆပါတယ်”
“မနက်မိုးမလင်းခင် ဝင်စီးတာ၊ စခန်းသိမ်းနိုင်တယ်။ ရဲ ၂ ယောက် ထွက်ပြေးသွားတယ်။ စခန်းမှူးအပါ ၆ ယောက် အဖမ်းခံတယ်။ သေနတ်တွေ သိမ်းဆည်းရှိခဲ့တယ်။ ဖမ်းမိတဲ့ရဲတွေရဲ့ အဆင့်၊ နာမည်တွေ၊ အသက်တွေ အသေးစိတ်ကိုတော့ မသိရသေးဘူး”
"သူတို့လာမှာကို ကျနော်တို့ကြိုတင်သတင်းရထားလို့ သွားစောင့်နေတာပါ။ သူတို့ကို မိုင်းဆွဲလိုက်တော့ ကားတစီး ထိသွားတယ်။ မိုင်းဆွဲခံရပြီးတော့ ကမ်းဖြူရွာမှာ ခဏနေတယ်။ ပြီးတော့ စခတ ၁၀ တပ်ကို ဆက်သွားပါတယ်"
“ကစားကွင်းနဲ့ စျေးတန်းတွေက ဆောက်နေတုန်းပဲ။ ဇာတ်ပွဲက ၃၀ ရက်နေ့မှာ ဝင်မယ်လို့ပြောတယ်။ အခုချိန်ထိ ဇာတ်စင်တောင် မဆောက်ရသေးဘူး။ ဝန်းထဲမှာတော့ ရဲတယောက်နှစ်ယောက်ကို လုံခြုံရေးချထားတယ်။ ဆိုင်တန်းပေါင်း ၃၀ ဆယ်လောက်ပဲ ရှိမယ်။ ဈေးရောင်းတဲ့သူတွေလည်း သိပ်မရှိဘူး”
"ကျနော်တို့မြို့ရဲ့ကျေးရွာအုပ်စုအတော်များများမှာ မြွေပူရာကင်းမှောင့်ဆိုသလို သမအကြွေးတွေကို အုပ်ကြီးတွေရယ် ကျေးရွာသမအဖွဲ့ဝင်တွေရယ် ပေါင်းပြီး လိုက်လံအကြပ်ကိုင်တောင်းနေပါတယ်။ တချို့ရဲစခန်းခေါ်သွားပြီး ခြိမ်းခြောက်အကြပ်ကိုင်တောင်းတဲ့အဆင့်အထိ ဖြစ်လာခဲ့ပါပြီ။ စိုက်ဘဏ်ကြွေးက တောင်းလိုက် သမကြွေးဆိုပြီး တောင်းလိုက်နဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်အကြပ်ကိုင် ခြိမ်းခြောက်တောင်းနေတဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါတယ်"
"စကစစစ်ကြောင်းက မနက်အစော ၅ နာရီလောက်ကတည်းက နမခကနေ အင်အား ၁၀၀ လောက်နဲ့ ကား ၄ စီးနဲ့ထွက်တယ်။ မုံရွာတောင်ဘက် GTC ကနေ ဗောဓိတထောင်ဘက်ထိ ခြေလျင်စစ်ကြောင်းပတ်ထိုးတယ်။ ပြီးတော့ ကားနဲ့ပြန်လာတာ။ တိုးဂိတ်ဟောင်းနားမှာ မိုင်း ၂ လုံး၊ ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်"
“သူတို့တွေကို ၁၂ ရက်နေ့ထဲက နန္ဒဝန်ရပ်ကွက်ထဲမှာ ဝင်ဖမ်းသွားတာကို သိလိုက်တယ်။ စကစဘက်က သူတို့ကို မုံရွာလိပ်စာတွေနဲ့ တင်ထားပေမယ့် မုံရွာမြို့ပေါ်ကဆိုလည်း ကျတော်တို့ သိရမှာ။ ရဲဘော်လို့လည်း ကြားတယ်။ KTV ဝန်ထမ်းတွေလို့လည်း ကြားတယ်။ ခုက ကျတော်တို့လည်း သူတို့က ဘယ်သူတွေဆိုတာ လိုက်စုံစမ်းနေတုန်းပဲ"
"သပိတ်ကို ယင်းမာပင်မြို့နယ်ထဲမှာပြုလုပ်တာပါ။ သပိတ်က နေ့စဥ်လုပ်ပါတယ်။ ဒီနေ့မနက် သပိတ်ကိုတော့ နာရီဝက်လောက်ပဲလုပ်ဖြစ်တယ်"
"စကစကင်းပုန်းက ဒရုန်းဗုံးထိတာနဲ့ ရွာထဲထွက်ပြေးကြတာ၊ ပြန်တောင် မပစ်ကြဘူး။ ဒရုန်းနဲ့ထိပြီး နည်းနည်းလေးထပ်ကြာမှ နောက်တစ်လုံး မကျတော့ဘူးဆိုမှ သူတို့အဖွဲ့က ဒဏ်ရာရသူတွေကို ကောက်သွားကြတာ"
"သူက ထွက်မပြေးနိုင်ခဲ့လို့ ကျန်ခဲ့တာပါ။ အလောင်းတွေ့ရတာက မနေ့က(မတ်လ ၂၃ ရက်)မှာ တွေ့ရတာ။ အလောင်းမှာ သေနတ်ဒဏ်ရာ ၃ ချက် တွေ့တယ်ဗျ။ အလောင်းကိုတော့ သူ့ရဲ့အိမ်ရှေ့က လမ်းမပေါ်မှာ တွေ့ခဲ့တာ"
"စကစတွေက ရွာထဲဝင်လာတဲ့အခါမှာ မိုးကာအလုံပိတ်ထားတဲ့ ကုန်ကား ၂ စီးနဲ့ပါ။ ရွာထဲရောက်တော့ ရွာကအမျိုးသားတွေအကုန်လုံးကို ဖမ်းဆီးပြီးတော့ ရိုက်နှက်တယ်။ စကစတွေ ပြန်ထွက်တဲ့အချိန်မှာတော့ အမျိုးသားတွေထဲက ငါးယောက်ကို ဖမ်းခေါ်သွားတာ"
“အခုလောလောဆယ် စစ်ကြောင်းတွေက မရှင်းသေးတဲ့အတွက် အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ရွာထဲဘယ်သူမှ မဝင်ရဲသေးပါဘူး။ ညောင်ဇင်ကြီးရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတာပါ”
"ခုကာလက နောက်ဆုံးအခြေနေကို ရောက်နေပြီ။ တချို့အုပ်ကြီးတွေက အရင်လက်ထက်ကတည်းက အုပ်ကြီးတွေကို အတင်းပြန်ခန့်ထားတာဆိုတော့ သူတို့ကမလုပ်ချင်ပေမယ့် လုပ်နေရတာ ရှိတယ်။ ဒီလိုလူတွေအတွက် အခွင့်အရေးပေးပြီး နောက်ဆုံးစာထုတ်တာပါ။ စကစလက်ထက်မှာ လိုလိုချင်ချင်နဲ့ အုပ်ကြီးလုပ်ထားတဲ့သူတွေကတော့ သူတို့သဘောပါ"
"ရွာထိပ်တံတားအောက်က အောက်ခံယက်မတန်းကို ကြိုးချည်ပြီး ကြိုးဆွဲချတာပါ။ ရွာသားတချို့မြင်ပြီး ရဲကိုအကြောင်းကြားလိုက်တာ။ ဘာလို့လုပ်တာလဲတော့ မသိဘူး။ သူက အရက်တော့ တအားသောက်တယ်”