စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ကလေး ဗိုက်ပွင့်သေဆုံး
“အဲ့မှာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်တယ်၊ ကျောင်းက ကလေး ၃ ယောက်ထိတာ၊ ကလေးတွေက ထိတာ တော်တော်များတယ်၊ အူတွေပါထွက်တယ်”
“အဲ့မှာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်တယ်၊ ကျောင်းက ကလေး ၃ ယောက်ထိတာ၊ ကလေးတွေက ထိတာ တော်တော်များတယ်၊ အူတွေပါထွက်တယ်”
“သူတို့မွေးနေ့ပွဲက မနက် ၈ နာရီလောက်မှာလုပ်မှာလို့ သတင်းကြားထားတယ်။ အဲဒါနဲ့ ကျနော်တို့ သွားရောက်ပစ်ခတ်ခဲ့တာ။ ကျနော်တို့ ပစ်ခတ်ပြီးတော့ သူတို့က အင်အား ၂၀ လောက်နဲ့ ကျောက်ရစ်စခန်းကနေထွက်လာပြီး လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာမျိုးတွေ လုပ်တယ်”
“သူတို့က ရွာတွေကိုပတ်ပြီး မီးလိုက်ရှို့နေတာ။ စခန်းမှာ တဝက်ကျန်ခဲ့တယ်။ တဝက်ကတော့ နေအိမ်တွေကို မီးလိုက်ရှို့နေတယ်။ အဲဒီဆိပ်ကမ်းမှာက တဲ ၃ လုံးပဲရှိတယ်။ အဲဒါကို မီးရှို့သွားတာ။ မနေ့ကလည်း သူတို့ရဲစခန်းတွေ ပြန်ပြင်ဖို့အတွက် ဘိလပ်မြေတွေ မုံရွာကနေသယ်လာသေးတယ်”
"အရင်နေ့တွေကလည်း သွားချောင်းတယ်၊ အခွင့်မသာလို့ မလုပ်ခဲ့ရဘူး။ မနေ့ကတော့ ဆိုင်ကယ်နဲ့ ပတ်ကြည့်ပြီး ကားနဲ့ဝင်ပစ်လိုက်တာ။ သူတို့က ရဲစခန်းတောင်ဘက် အုတ်တံတိုင်းကို ချိုးပြီးမှ ဘန်ကာလုပ်ထားတာ၊ ခိုးထွက်တဲ့အပေါက်ပေါ့။ အဲဒီအပေါက်ကို ဝင်ပစ်တာ ၃ ယောက်သေတယ်”
"သေဆုံးသူ ပုံစံကတော့ သတ်ဖြတ်ခံထားရတဲ့ ပုံစံပါ။ခန္ဓာကိုယ်နဲ့ ဦးခေါင်းတောင် တွဲလျက်မဟုတ်ဘဲ တခြားဆီ တွေ့ရတာ။ ခန္ဓာကိုယ်မှာတော့ အခြားဒဏ်ရာမရှိဘဲ လည်ပင်းကိုဘဲ မပြတ်မချင်းခုတ်သွားတဲ့ ပုံစံရှိတယ်"
"စစ်ရှောင်နေရတာ ၉ ရက်ရှိပြီ။ ယာယီစခန်းလေး၊ ငါးခုရှိပါတယ်။ တချို့တွေက လယ်ကွင်းထဲမှာ အမိုးအကာမလုံဘဲနေကျရတယ်။ စစ်ရှောင်တာရက်ကြာလာတော့ စားဝတ်နေရေးအတွက် အခက်အခဲရှိနေကျတယ်"
"သူတို့သွားမယ်ဆိုတာ သတင်းရလို့ လမ်းကနေ စောင့်ပြီး ရှင်းလိုက်တာ။ သူတို့လာတာ ထော်လာဂျီတွေနဲ့ကော ဆိုင်ကယ်တွေနဲ့ကောဘဲ အမျိုးသမီးတွေလဲပါတယ်။ ကျန်သူတွေကို ပြန်လွှတ်ပြီး သူတို့ နှစ်ယောက်ကိုဘဲ ရှင်းလိုက်တာ"
"အဓိက က မြို့ပြ Urban Operation (မြို့ပြစစ်ဆင်ရေး) အတွက်ပါ။ Urban နဲ့ Jungle( တောတွင်း) ကမတူဘူး Urban က အနီးကပ်တိုက်ခိုက်တာ Jungle ထက်လျှင်မြန်ရတယ် ရုပ်ပြောင်း၊ ရုပ်လွှဲ မြန်ရမယ်။ ပြည်သူနဲ့တသားတည်းနေနိုင်ရမယ်။ အဓိကမြို့ပြကိုပြန်သိမ်းဖို့ မြို့ပြစစ်ဆင်ရေးအတွက် သင်တန်းပေးတာပါ "
"ပျူခေါင်းဆောင်နဲ့အဖွဲ့ အခွန်လာကောက်မှာ သိလို့ကြိုစောင့်နေခဲ့တာပါ။ ပျူတွေဆီဆိုင်ထဲရောက်တာနဲ့ ဝင်ပစ်ခဲ့တာပါ။ သူတို့ဘက်က ပြန်မပစ်နိုင်ခဲ့ပါဘူး။ ပျူခေါင်းဆောင်အပါ ၃ ဦးနေရာမှာ ပွဲချင်းပြီးသေသွားတယ်။ လက်နက်ခဲယမ်းတွေလည်း ရခဲ့တယ်"
“တချို့စစ်ကြောင်းတွေကတော့ ခုထဲက စနေကြပြီ၊ အမေစုနဲ့ အမျိုးသမီးတွေ အားလုံးကိုဂုဏ်ပြုချင်တဲ့အတွက် ပြုလုပ်ကြမှာပေါ့။ ဒီအစီအစဉ်လေးက ကျနော်တို့ သပိတ်အင်အားစုတွေ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ ဒီကမ်ပိန်းကို လုပ်ခဲ့တာ”
“လှိုင်ဂူက လူ ၅၀ လောက်ဆံ့တယ်။ အဲ့ထဲမှာ နေကြတာတွေ့တော့ ကျနော်တို့လည်း လက်နက်ကြီးနဲ့ ပစ်တဲ့သူက ပစ်၊ လက်နက်ငယ်နဲ့ ပစ်တဲ့သူက ပစ်လိုက်တာ။ အဲ့နားမှာခိုနေမှန်း လူသိသွားတော့ နောက်နေ့မနက်မှာပဲ ကားလေးစီးနဲ့ ပြန်ခေါ်သွားကြတယ်။”
"ကျနော်တို့က ဂိတ်အနီးကိုသွားပြီး ဗုံးသီးပစ်လိုက်တဲ့အချိန် ပေါက်ကွဲပြီးတော့ ဗန်ကာရှေ့မှာ တကောင်လဲ ကျသေသွားတာကို မျက်မြင်တွေ့ခဲ့တယ်။ ရဲစခန်းကိုပစ်တဲ့အခါမှာလည်း ခြံစည်းရိုးနားကိုကပ်ပြီး ပစ်ထည့်ခဲ့တာ။ ဗုံးပစ်တဲ့အချိန်မှာ ရဲတွေကကော်ဖီစုသောက်နေကြတာ။ ရဲနှစ်ကောင်သေတယ်လို့ အတွင်းဖရဲသီးကပြောလို့ အတည်ပြုနိုင်ခဲ့တယ်"
“မနက်ဖြန် (ဇွန် ၁၇)တရက်ပဲ တံတားပေးကူးပြီး သဘက်ခါ (ဇွန် ၁၈)စပြင်တော့မယ်လို့ ကြားတယ်၊ အဲ့တံတားက ကျောက်ကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ- ၃၅၁ နဲ့ ခလရ-၆၀ အတွက် အသက်ရှူပေါက်ဘဲ၊ အဲ့ဒါအပြင် KNLA နယ်မြေဘက်ကို စခတွေ လူ၊ လက်နက်၊ ရိက္ခာအင်အား တဟုန်ထိုး ဖြည့်လို့ရတဲ့ တံတားတခု၊ အဲ့တာကြောင့် သူတို့ ဒီတံတားကို မရရအောင် ပြန်ပြင်မှာ။"
"ဒေသခံတွေကတော့ တောထဲမှာခိုလှုံနေကြရတာ။ တောထဲမှာဖြစ်သလိုနေပြီး ဖြစ်သလိုစား နေရတာပဲ။ စစ်ကြောင်းက ရွာထဲကနေ မထွက်သေးတာကို။ စစ်ကြောင်း ရွာထဲကမထွက်သရွေ့ ဒီလိုနေကြရမှာပါ"
"တခါတလေဆိုရင် တရက်ခြား၊ နှစ်ရက်ခြား ဖမ်းပေးရတယ်။ အခုရက်ပိုင်းတော့ ရက်ဆက်ဆိုသလို ဖမ်းပေးနေရတယ်။ မိုးရာသီဖြစ်လို့ ပိုဖမ်းနေရတာ။ အရင် ရာသီတွေဆိုရင်လည်း ဖမ်းတော့ ဖမ်းပေးရတယ်။ ဒါပေမယ့် အကောင်အရေအတွက်က ဒီရာသီလောက် မများဘူးပေါ့"