သတင်းတို

မုံရွာခရိုင် လဝကရုံး မီးရှို့ခံရလို့ပျက်စီးမှုရှိ

"မနက်ပိုင်းလောက်မှာ မီးရှို့ခံရတာ။ ပထမက ကညနရုံးဆိုပြီးကြားတာ။ မီးသတ်ကားတွေလည်း သွားတာ တွေ့ရတယ်။ နောက်မှ ခရိုင်လဝကရုံး မီးရှို့ခံရတယ်လို့ သိရတယ်။ ရုံးတခုလုံးတော့ မကုန်သွားဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့တဲ့အပြင် လူငယ်၃ဦးကိုပါ သတ်သွား

"စကစတွေက ကောက်ရိုးနဲ့ ဓာတ်ဆီနဲ့လောင်းပြီးတော့ ရှို့တာ။ မနက်ကတည်းကနေ ညလုံး ပေါက်ရှို့တာ။ စကစတွေက ရွာထဲမှာညအိပ်ပြီးတော့ မနက်အချိန်မှထွက်သွားတယ်။လူငယ် သုံးယောက်ကိုလည်း မီးရှို့ထားတဲ့အလောင်းပဲ တွေ့ရတယ်။ဒီလူငယ်တွေက ဘယ်လိုအသတ်ခံလိုက်ရတယ်ဆိုတာတော့ မသိရဘူး"

တနှစ်ကျော်သည်ထိ လက်လုပ်တွေနဲ့သာတိုက်ပွဲဝင်နေရတဲ့ ကန့်ဘလူလင်းယုန်နီအဖွဲ့

"ဆန္ဒပြပွဲတွေ ရပ်နားပြီးကတည်းက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တာပါ။ အခုအချိန်အထိတော့ လက်လုပ်တတောင့်ထိုး၊ လက်နက်ကြီးမိုင်းတွေနဲ့သာ တိုက်ပွဲဝင်ခဲ့တာပါ။ မောင်းပြန်အစစ်သာရရင်တော့ ဒီထက်ပိုပြီး တိုက်ပွဲတွေဖော်ဆောင်နိုင်မှာဖြစ်တယ်လို့" လင်းယုန်နီကန့်ဘလူအဖွဲ့မှ ဗိုလ်လင်းယုန်ကပြောပါတယ်။

အင်အားလာဖြည့်တဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

“သူတို့အင်အားလာဖြည့်တဲ့ ထောက်ပို့ဆိုင်ကယ် ၃ စီးနဲ့ ကား ၁ စီး ကို မိုင်းဆွဲလိုက်တာ။ မနေ့ကပွဲချင်းပြီး အဲဒီအနားမှာ သေဆုံး ၃ ယောက်နဲ့ ကျန်တဲ့သူတွေက အသက်လုနေရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ်။ မြို့သာမှာ အထိုင်ချနေတဲ့တပ်က စစ်သားတွေပါ။ မိုင်းဆွဲခံရပြီး မြို့သာဘက်ကိုပြန်သွားတယ်” လို့ ဆက်ပြောပါတယ်။

ပေါင်းတည်မှာ နေအိမ်တလုံးနဲ့ စပါးကျီတလုံး မီးလောင်

ပေါင်းတည်မြို့နယ်၊ ဗျက်ကြီးတောင်ကျေးရွာမှာ ဒီနေ့မနက် ၂ နာရီလောက်က လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ "မီးကြွင်းမီးကျန်ကပဲစပြီး လောင်တယ်လို့ ပြောရမယ်။ ၂ ထပ် သွပ်မိုးပျဥ်ထောင်အိမ်တလုံးနဲ့ စပါးကျီတလုံး မီးထဲပါသွားတယ်။ လာရောက်ကူညီပေးတဲ့ အမျိုးသမီးတဦး မီးလောင်ဒဏ်ရာရရှိပြီး စိုးရိမ်ရတာကြောင့် ပေါင်းတည်ဆေးရုံကို ပို့ဆောင်ထားတယ်" လို့ ဒေသခံတဦးဆီက သိရပါတယ်။

မတ္တရာမှာ လူဦးရေစာရင်းကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ

"ပြည်သူတွေသတင်းပေးလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်နဲ့ကျန်တာ လဝကဖြစ်မယ် ဘယ်အဖွဲ့တွေလည်းတော့ မသိရဘူး သူတို့လာတိုင်းအဲဒီဘုန်းကြီးကျောင်းကိုလာတယ် ဘုန်းကြီးကကျောင်းမှာမနေတော့ဘူး"လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ယင်းမာပင်က ၅ ရွာကို စစ်တပ်က မီးရှို့တဲ့အပြင် ရွာသားတဦးကိုပါ သတ်သွား

ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊ အင်းဖက်ရွာ၊ ကြက်လျှာနဲ့ ပန်းတိမ်ပြင်ရွာတွေက နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး သံပရာပင်ရိုးတဲတိုက်က အသက် ၃၀ နှစ်အရွယ် ကိုနေထွန်းဆိုသူကိုပါ သတ်ပြီး ဦးခေါင်းနဲ့လက်တဖက်ကို ဖြတ်သွားတယ်လို့ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လိုအပ်နေတဲ့ ဒရုန်းရပြီဖြစ်လို့ စစ်ကောင်စီကို ပြန်တိုက်တော့မယ်လို့ ကျားခင်စိန်ပြော

"မစ်ရှင်မပြုလုပ်ရတဲ့ ရက်တွေမှာ အီနာဂါလုံးတယ်၊ မိုင်းတွေကိုလုံးပါတယ်။ အခု လိုချင်တဲ့ ဒရုန်းလည်းရပြီဆိုတော့ စခ တွေကိုပြန်လည်တိုက်ခိုက်တော့မှာပါ။ လောလောဆယ်ဆယ်မှာတော့ စခ တွေရှိတဲ့နေရာပတ်လိုက်တာမျိုးပဲရှိပါသေးတယ်" လို့ ဆိုပါတယ်။

စစ်အုပ်စုကဖမ်းဆီးထားသူ ၂ ဦး တပါတ်ကြာသည်အထိအဆက်အသွယ် မရသေး

"သူတို့နှစ်ဦးက ဘာအဆက်အသွယ်မှမရဘူး စုံစမ်းလို့လည်းမရဘူး၊ မရှိလောက်တော့ဘူးလို့တော့ထင်တယ်။ သူတို့နဲ့အတူအဖမ်းခံရတဲ့သူတွေကတော့ တချို့ရိုက်နှက်ခံရ ဖုန်းတွေသိမ်းတာလုပ်ပြီး အဲဒီနေ့ပဲပြန်လွတ်ပေးလိုက်တယ်" လို့ ဘန့်ဘွေးရွာသားတဦးက ပြောပါတယ်။

PDF တွေတိုက်ခိုက်မှာစိုးလို့ ဆိုင်ကယ်လိုင်စင်လုပ်ပေးမယ့် အစီအစဥ်ရွှေ့ဆိုင်း

ဆိုင်ကယ်လိုင်စင်လုပ်ပေးနေချိန် ကညန ဝန်ထမ်းတွေအနေနဲ့ PDF တွေရဲ့ တိုက်ခိုက်တာကို ခံရမှာကိုစိုးရိမ်တာကြောင့် လုံခြုံရေးအစီအစဥ်တွေ ပြန်လည်ရေးဆွဲပြီးမှ ပြန်လည်လုပ်ပေးဖို့ စီစဥ်နေတာဖြစ်တယ်လို့ ပဲခူး ကညနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တနှစ်အတွင်း စစ်ကောင်စီ ၅၇ ဦးပစ်သတ်နိုင်ခဲ့တဲ့ စနိုက်ပါရဲဘော်နွေဦးကို ဘတ် ၅ သိန်းတန်စနိုက်ပါ ချီးမြှင့်

"နွေဦးကလေ့ကျင့်မှုကောင်းတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကြားမှာ လက်စွမ်းပြသနိုင်တယ်။ သူကိုမှီတဲ့သူမရှိဘူး။ တနှစ်မှာတောင် လေ့ကျင့်ချိန်နေတဲ့အချိန်တွေပါသေးတယ်။ အရင်ကလည်း KNU ကလည်း စနိုက်ပါအသေးတလက် ဆုချီးမြှင့်သေးတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ ၃၅၀၂ တပ်ခွဲ ၁ ကတာဝန်ရှိသူတဦးကပြောပါတယ်။

ရေစကြိုကရွာတရွာကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေယူသွား

“ရွာကလူတွေကတော့ သေနတ်ဖောက်သံတွေကြားတော့ ကြောက်လန့်ပြီးထွက်ပြေးကြတယ်၊ ပြည်သူတွေ ထွက်ပြေးကြတဲ့အခါ စစ်အုပ်စုကရွာထဲဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးကြတယ်၊ ရွာထဲက ဆိုင်ကယ် ၄ စီး၊ ဝက် ၁ ကောင်ပါသွားတယ်။ ပြည်သူတယောက်အိမ်က ရွှေ ၅ ကျပ်သားလည်းပါသွားတယ်၊ ဘုန်းကြီးကျောင်းက သာသနာပိုင်ပစ္စည်းတွေ ရိုက်ခွဲသွားတယ်၊ သူတို့မလိုချင်တဲ့ ဆိုင်ကယ်တွေကို သေနတ်‌တွေနဲ့ပစ်ပြီး ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။

မြိုင်မှာ စစ်ကောင်စီရှေ့ပြေးခြေလျင်တပ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများဟုဆို

"သူတို့ဖြန့်ထွက်လာတာမှာ ကျနော်တို့ဆင်ထားတဲ့မိုင်းတွေအပေါ်အရောက်မှာ ဆွဲလိုက်တာ၊ သေဆုံး ၂၀ လောက်ရှိတယ်၊ မိုင်းထိလို့ ဖောကား‌ ၃ စီးလောက်နဲ့ လာသယ်သွားတယ်၊ ပခုက္ကူ တပ်မ ၁၀၁ ထဲက ဖောကား ၆ စီးနဲ့ထွက်လာတဲ့ စစ်သားတွေ" လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဆားလင်းကြီးကမီးဘေးသင့်၃ ရွာကို မီးဖိုဆောင်သုံးပစ္စည်းနဲ့အဝတ်အထည်လှူ

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ကျေးရွာ ၃ ရွာကဒေသခံတွေကို ဇန်နဝါရီလ ၂၃ ရက်မနေ့ကညနေပိုင်းမှာ မီးဖိုဆောင်သုံးပစ္စည်းတွေနဲ့အဝတ်အထည်တွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမှာ တောင်သူ ၃ ဦးကို ပျူအဖွဲ့ကဖမ်းဆီး

"တောင်သူတွေ အဖမ်းခံရတာဟုတ်တယ်။ ဇာဒီက ပျူတွေဖမ်းသွားတာ။ မြေပဲနုတ်ချိန်လာဖမ်းတာ။ ပြေးနိုင်တဲ့သူတွေက လွတ်သွားတယ်။ မပြေးနိုင်တဲ့သူတွေ ဖမ်းခံရတယ်။ နေ့လည်ပိုင်းတော့ ဇာဒီရွာကပျူတွေကို ဒီဘက်က အဖွဲ့တွေသွားပစ်ကြသေးတယ်လို့ သိရတယ်။ ထိခိုက်တာကတော့ ပျူရွာထဲဆိုတော့ အတည်ပြုဖို့ ခက်တယ်"လို့ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10