သတင်းတို

နတ်တလင်း PDFက ဒုတပ်ခွဲမှူး လက်နက်ချပြီးနောက် အဖမ်းခံရတဲ့ဆေးတပ်ဗိုလ်ကြီးဟောင်း နှိပ်စက်ခံရလို့ ဆေးကုနေရ

"လောလောဆယ် ကွင်းဆက်အနေနဲ့ဖမ်းတာက ဇီးကုန်းမြို့အမှတ်၁ရပ်ကွက် မြို့သစ်၉လမ်းက ဆေးတပ်ဗိုလ်ကြီးဟောင်း ကိုမျိုးလင်းဌေးနဲ့ ဒေါ်တင်မာလာလင်း(ခ)မစိုစိုး တို့ကို PDFတွေကိုကူညီတယ် ဆေးကုပေးတယ် သတင်းရလို့ ဆိုပြီးဖမ်းသွားတယ် အကြမ်းဖက်ပုဒ်မနဲ့ အမူဖွင့်ထားတယ် "

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အပေါ် GSCB အပါ တော်လှန်ရေးအင်အားစုအချို့ ကန့်ကွက်ရှုတ်ချ

“ အဓိက ကန့်ကွက်ရတဲ့အကြောင်းအရင်းက ဒီလောက်မြန်မာပြည်သူတွေကို သတ်ဖြတ်၊ ရွာလုံးကျွတ်တွေမီးရှို့ ပြည်သူတွေတွေ့သမျှသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အသိမှတ်ပြုတဲ့အနေနဲ့ လာတာပေါ့၊ မြန်မာပြည်သူတွေအပေါ်ကိုယ်စားပြုတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ တခုနဲ့မှမတွေ့ပဲနဲ့ စစ်ကောင်စီကို အသိမှတ်ပြုတဲ့အနေနဲ့လာတာကို ကျနော်တို့ ကန့်ကွက်တာပါ၊ “

ဒလန်အထင်နဲ့ သတ်ခံလိုက်ရတဲ့ မိဘတွေအတွက် အုတ်ဂူတည်ပေးဖို့ PDF ရဲဘော် တောင်းဆို

အမေနဲ့ ပထွေးဖြစ်သူအတွက် အုတ်ဂူလေးတည်ပေးစေချင်တယ်လို့ ရဲဘော်က ‌တောင်းဆိုလာလို့ စီစဥ်ပေးနေကြောင်းနဲ့ ကျူးလွန်သူတွေကိုတော့ NUG ကို ဦးတိုက်လျှောက်ထားပြီး အရေးယူပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NRG PDF ခေါင်းဆောင်ဆီက သိရပါတယ်။

ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ပြုပေးခဲ့လို့ ပညာရေးဝန်ထမ်းတွေစစ်ဆေး‌ခံနေရ

''အဲ့ဒီလိုဖြေဆိုခွင့်ပေးလို့ဆိုပြီးတော့ တခြားကျောင်းတက်တဲ့ ကျောင်းသားတွေရဲ့ မိဘတွေက စစ်တပ်ထဲက နည်းနည်းပေါက်ရောက်တဲ့ သူတွေကနေတဆင့် တိုင်တာ။ အဲ့ဒီရက်က ပညာရေးဝန်ကြီးလား သူကလည်း ဒီရှမ်းပြည်ဘက်ရောက်နေတဲ့အချိန်ဆိုတော့ ပြသနာကြီးသွားတယ်''

ပုလဲမြို့နယ်မှာ စစ်ကောင်စီပါဝင်တဲ့ ပျူစောထီးပူးပေါင်းအဖွဲ့နဲ့ PDF တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၆ဦး သေဆုံး

"သူတို့အဲဒီမှာ တပ်စွဲထားတာက စစ်ခွေးအင်အား ၂၀ နဲ့ ပျူစောထီးက ၄၀ ကျော်နဲ့ဆိုရင် ၆၀ ဝန်းကျင်လောက်ရှိမယ်၊ ပျူစောထီးတွေကိုပါ လက်နက်တပ်ဆင်ပေးထားတယ်၊ ပျူစောထီးအဖွဲ့မှာ ယောကျ်ားလေးတွေရော မိန်းကလေးတွေပါ ပါတယ်"

ရွေးကောက်ပွဲအတွက်ဆိုကာ ပြည်ခရိုင်တွင် အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ယူနေ

"ဒီမှာတော့ ရွေးကောက်ပွဲအတွက်ဆိုပြီး လူစာရင်းတွေကောက်ခိုင်းနေပြီ အရင်စာရင်းတွေကို မယုံလို့လုပ်နေတာ ထင်တယ်။ မရှိသူတွေကိုလည်း လုပ်ပေးနေတယ် ပန်းခင်းစီမံချက်ဆိုပြီး တချို့တွေလည်း လုပ်လားမလုပ်လားတော့သေချာမသိဘူး ထောက်ခံစာတွေလည်း လာလုပ်နေတာပဲ"

နတ်မောက်မြို့က PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးခဲ့ပြီး ရဲဘော် ၂ ဦးဖမ်းဆီးခံရ

“ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းဝင်ဆီးမှာကိုသိလို့ ရှောင်ဖို့ရှားဖို့နေရာတခုကြိုထားခဲ့ပါတယ်၊ ရဲဘော် ၂ ဦးဟာ မထင်မှတ်တဲ့နေရာကနေဝင်လာတော့ ရဲဘော် ၂ ယောက်ကကျန်နေခဲ့တယ်၊ ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော် ၂ ဦးကတော့ တယောက်ကတော့ ဂျီတီအိုင် ဒုတိယနှစ်ကျောင်းသား မောင်ဆောင်းဦးလင်း နဲ့ ဟန်လွင်ဦးပါ၊ “

စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ဖိနှိပ်ခံနေရတဲ့ ရွာက ပြည်သူ ၄၀၀ ကျော်ကို PDF တွေကယ်ထုတ်၊ PDF တဦးကျဆုံး

"ကျနော်တို့အဖွဲ့တွေဝင်လာတော့ သူတို့ဆုတ်ခွာပြေးပါတယ်၊သူတို့ဆုတ်ခွာသွားချိန်မှာ ရွာထဲမှာရှိနေတဲ့ အရင်ကထွက်ချင်တယ်ပြည်သူတွေကို ကယ်ထုတ်ခဲ့ပါတယ်၊ မနက်လင်းပိုင်းကြတော့ ဟံသာဝတီဘက်ကနေ သူတို့တပ်ကူတွေတက်လာတယ်၊ သူတို့ကတက်လာတဲ့အချိန်မှာ ၁၂၀ မမ နဲ့ စက်သေနတ်တွေနဲ့ ပစ်ဝင်လာကြလို့ ပြန်ဆုတ်လာခဲ့ရတယ်"

နတ်တလင်းက ဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သေးသူ ၇ ဦးကို အကြမ်းဖက်မှု ဥပဒေနဲ့ စွဲချက်တင်

“ နတ်တလင်းတရားရုံးမှာ မနေ့က ၁၇ ရက်နေ့က အသက် ၁၅ နှစ်အရွယ် မခင်ငြိမ်းချမ်း၊ မမှူးမြတ်ကိုကို၊ မောင်ရဲရင့်ထက်၊ မောင်အာကာဖုန်းမြတ် တို့ ၄ ဦး နဲ့ ၁၇ နှစ်အရွယ် မစုနှင်းရည်အောင်၊ မသိမ့်သိမိမ့်မိုး၊ မမြတ်သူထက်တို့ စုစုပေါင်း ၇ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က/ခ) တို့နှင့် စွဲချက်တင် လိုက်ပါတယ်၊ “

သာယာဝတီမှာ CDM သူနာပြုဆရာမကြီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

" အိမ်ပြန်‌ရောက်တာ ၂ရက်လောက်ပဲ ရှိသေးတာကို ဒလံသတင်းပေးမှုကြောင့် ရဲနဲ့ စစ်သား ၁၅ယောက်ဝန်းကျင်နဲ့ လာဖမ်းသွားတာ၊ လမ်းပိတ်ဖမ်းတာ သူ့အမျိုးသားကို ဆိုင်ကယ်မောင်းခိုင်းပြီး ခေါ်သွားတာ "

ဗိဿနိုး PDF ရဲ့ လက်နက်ထုတ်လုပ်ရေး စခန်းတခု ဝင်စီးခံရပြီး PDF ၃ဦး ကျဆုံး

" ကျနော်တို့ဘက်က ၅ယောက်လောက်ပျောက်နေတာ ၃ယောက်တော့ Dead Body ပြန်သယ်မယ် ကျန်တဲ့ ၂ယောက်က ဖမ်းခံရတာလား လွတ်နေတာလား မသိရသေးဘူး၊ သူတို့ဘက်ကလည်း အထိအခိုက်တော့ ရှိမယ်၊သေချာအတည်မပြုနိုင်သေးဘူးဖြစ်နေတယ်၊ အပြန်အလှန်ပစ်ကြတာဆိုတော့ ထိတော့ထိမှာ"

ကလေးထောင်ပိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ စကားများရာကနေ ဆူပူမှုတွေဖြစ်ပေါ်ပြီး စစ်တပ်က ပစ်ခတ်လို့ အကျဉ်းသား ၇ ဦးသေဆုံး

"နိုင်ငံရေးအကျဉ်းသားကို ထောင်ပိုင်က မချေမငံပြောတာကို နိုင်ငံရေးအကျဉ်းသားက မကျေနပ်လို့ အချွန်နဲ့ ထောင်ပိုင်ရဲ့လည်ပင်းကို ထိုးလိုက်တယ်။ ပစ်ခတ်မှုတွေလည်းဖြစ်တယ်။ ပစ်ခတ်မှုဖြစ်တာက ကလေးအကျဥ်းထောင်ကို စစ်တပ်ကသွားဝိုင်းတယ်။ မြို့ထဲက ရဲတွေ‌ကော အင်အား ၃၀ နဲ့ ၄၀ လောက် ထောင်ကို အရေးပေါ်သွားကြတယ်။ ကျနော်တို့ ပထမဆုံးသိရတာက ကျဆုံးမှု (အကျဉ်းသား) ၇ ဦးလောက်လို့ သိရပါတယ်"

စစ်ဘောမတွေ မြန်မြန်သေရင်ကောင်းမှာပဲလို့ ပြောတဲ့ပေါင်းတည်သားနှစ်ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်

"သူတို့နှစ်ယောက်ရေချိုးရင်း ရေတွင်းမှာ ပြောတဲ့စကားကို ဘယ်သူကကြားပြီး အုန်းသိန်းကိုတိုင်လည်းမသိဘူး။ သူတို့နှစ်ယောက်အဖမ်းခံရပြီး နောက်နေ့မှာ ကာယကံရှင်မိသားစုနဲ့ ရပ်ကွက်ထဲက ရပ်မိရပ်ဖတွေက သွားတောင်းပန်တယ်။ ဒါပေမယ့်​ ကျေအေးမပေးဘူး ဒါမျိုးနောက်မလုပ်ရဲအောင် မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ရမယ်လို့ပြောတယ်။ ပထမတော့ ရဲက ၄၇ နဲ့ စွဲတာ ကျေအေးဖို့သွားပြောပြီး နောက်နေ့မှ ထပ်ပြီးပုဒ်မတွေက တိုးသွားတာ အုန်းသိန်းက စစ်ကောင်စီအုပ်ချုပ်ရေးမှူးဖြစ်လာပြီးတော့မှ ရပ်ကွက်ထဲမှာ အာဏာပြတာပေါ့ဗျ"

ကျည်မလုံလောက်လို့ အဖမ်းခံလိုက်ရတဲ့ နတ်တလင်း PDFက ရဲဘော် ၃ဦးမှာ ၂ဦးသေဆုံးဟုဆို

" နှစ်ယောက်ပဲ အတည်ပြုလို့ ရသေးတယ် နောက်တယောက်ကတော့ မသေချာသေးဘူး သူတို့ ဆေးကုပေးလို့ ရရဲ့သားနဲ့ ခေါ်သွားပြီး မကုပေးဘဲ သတ်ပစ်လိုက်တာပါ"

ပြည်မြို့က ကျဆုံးသွားတဲ့ လူငယ် ၂ ဦးရဲ့ အုတ်ဂူမှာ ပန်းခွေချလို့ မီးသင်္ဂြိုလ်စက်ဝန်ထမ်းကို စစ်ကောင်စီဖမ်းဆီး

မတ်လ ၁၃ရက် မနေ့က မနက်ပိုင်း ပန်းခွေချပြီးနောက်ပိုင်းမှာ အရပ်ဝတ်နဲ့ ခြံကြည်ဖို့ ဆိုပြီးလာခေါ်သွားတာဖြစ်ပြီး ဆိုင်ကယ်အယူမခံပဲ ပြန်ပို့ပေးမယ်ပြောကာ ကားပေါ်တင်ခေါ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10