သတင်းတို

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရပြီးနောက် ဒေသခံတချို့ ဆက်တိုက်ဖမ်းဆီးခံနေရ

"အဖမ်းခံနေရတာကတော့ ဆက်တိုက်ပဲ အရင် NLD ပြန်ကြားရေးလုပ်ခဲ့ဖူးသူလည်း အဖမ်းခံလိုက်ရတယ်။ နောက် မြို့ကနာမည်ကြီးစီးပွားရေးသမားတယောက်လည်း လာဖမ်းသွားတယ်။ ပြန်လွှတ်မလွှတ်တော့မသိဘူး နောက်ပြီး ပေါင်းတလည်နဲ့ ဝက်ထီးကန်မြို့တွေမှာလည်း ဖုန်းနဲ့လိုက်တိုက်စစ်ပြီး ရှာတယ်။ တချို့လည်း ရှောင်နေကြတယ်။ ကိုကျော်ဇေယျနဲ့ ဆက်စပ်မှုရှိတယ်မရှိဘူးကတော့ သေချာမပြောနိုင်ဘူး"

စစ်တွေမြို့တွင် ပထမဆုံး မွတ်ဆလင်နှင့်ရခိုင်လူယ်များ စုပေါင်းကာ ကုရ်ဗာနီနေ့ ပွဲပြုလုပ်

"ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတိုင်း၊ ဘာသာတိုင်း အကြား သဟဇာတကျနိုင်ဖို့၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်မှာ အကုန်လုံးအတူတူရှိနေစေချင်လို့ ဒီလိုလုပ်ရတာဖြစ်ပါတယ်။"

ပုလဲနဲ့ မြိုင်နယ်စပ်မှာ စစ်ကောင်စီနဲ့ PDF အဖွဲ့ ၄၀နီးပါးတို့ တိုက်ပွဲပြင်းထန်ခဲ့

" ကျနော်တို့ ဆွဲမိုင်းတွေထောင်ထားတဲ့ လမ်းပိုင်းကို သူတို့က ဆိတ်အုပ်ကို အရင်လွှတ်လိုက်တာ ဆိတ်တွေက ကြိုးတွေကို ဆွဲသွားသလိုဖြစ်ပြီး မိုင်းတွေ အကုန်ပေါက်ကွဲကုန်တာ၊ အဲ့ချိန်သူတို့ထွက်ပြေးတာကို ကျနော်တို့ လက်နက်ကြီးနဲ့ လိုက်ထုတာ"

ဘားအံထောင်က နိုင်ကျဉ်း ၅၀ကျော်နဲ့ တိုက်ပိတ်ခံရသူ ၈ဦးကို သာယာဝတီထောင်ကိုပြောင်းရွှေ့

" နိုင်ကျဉ်းတွေချည်းပဲ အကျဆောင်မှာ ချခံထားရတာ အားလုံး ၅၇ယောက်ရှိတယ်၊ တိုက်ပိတ်ခံရတဲ့ အကျဉ်းသား ၈ဦးပါတယ်၊ သူတို့ကတော့ ဘာပုဒ်မတွေဆိုတာ မသိရဘူး"

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အသိအမှတ်ပြုလက်မခံဘူးလို့ NLD ကြေညာ

စစ်ကောင်စီရဲ့ ဆောင်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်အားလုံး(ရွေးကောက်ပွဲအပါအဝင်) မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ မျှ ညီညွတ်မှုမရှိလို့ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လုံးဝအသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ပခုက္ကူမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့နေ

ဒီကနေ့ မနက် ၈နာရီဝန်းကျင်မှာ အင်အား ၁၀၀လောက်ပါတဲ့ စစ်ကြောင်းက တိုက်ပွဲလည်းမရှိဘဲ ရွာထဲကိုဝင်ရောက်လာပြီး အခုလိုမီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

PDF တွေတိုက်ခိုက်တာခံရလို့ စစ်​သား ၁၂ ဦးသေပြီး အလောင်းမသယ်နိုင်ဘဲ စခန်းချနေရ

"မနေ့က အဲ့နေရာမှာတင် အင်အား ၄၀ မှာ တိုက်ပွဲကြားမှာတင် သေချာပေါက်လဲကျပြီးတေ့ာ သေသွားတာ ၁၂ ယောက် ၊ ၇ယောက်လောက်ကတေ့ာ တော်တော်ဒဏ်ရာ ရသွားတယ် တဝက်လောက်တေ့ာ အင်အားထိခိုက်သွားတယ်၊ မနေ့ညကထိကို အလောင်းတွေကို လာမသယ်နိုင်ဘူး အဲ့နေရာမှာတင် စခန်းချနေတယ်ပေါ့ဗျာအခုလက်ရှိလဲ အဲ့နေရာမှာပဲ ဖြေးဖြေးခြင်း ရွေ့နေတယ် ၆လောင်းလောက်ကို ကျတော်တို့လှမ်းမြင်နေရသေးတယ်"

ကနီမှာ PDF တွေဦးဆောင်ပြီး စုံညီပွဲတော်နဲ့ အာစရိယပူဇော်ပွဲပြုလုပ်

" ကျနော်တို့ဆီမှာ ၁ နှစ်ကျောင်းပြီးလို့လုပ်တာပါ၊ကျောင်းသားဦးရေက ရွာကသေးသေးဆိုတော့အရမ်းကြီးတော့သိပ်မများဘူး၊ပညာရေးအပိုင်းကတော့ ပုံမှန်သင်သလိုပါပဲ၊ကျနော်တို့အနေနဲ့မြို့နယ်ကလုပ်ခိုင်းတာကြောင့်လုပ်ကြတာပါ၊ကနီမှာနှစ်ပတ်လည်လုပ်တာပါ၊ကျနော်တို့ကမြို့နယ်ကစီမံချက်အတိုင်းပဲလုပ်တာ"

ကျောင်းပိတ်ဖို့စာတင်လို့ ပြည်မြို့ က ၇ တန်းကျောင်းသား ၇ ဦးကို ကျောင်းအုပ်ကြီးက ဖမ်းခိုင်း

"သိတာတော့ ကလေးတွေက ရုံးခန်းထဲက စားပွဲခုံကိုဆိုလား စာခေါက်လေးသွားတင်တာ။ အဲဒီမှာ သူတို့ကိုခြိမ်းခြောက်ပါတယ်ဆိုပြီး ကြောက်လန့်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တော့ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က စစ်ကားတွေနဲ့ ကလေးတွေ အိမ်တွေကို လာခေါ်ဖမ်းသွားတာ။ စာရေးထားတဲ့စာရွက်က စာလုံးပေါင်းတောင်မမှန်ပါဘူး အဲဒါကိုကလေးတွေကို စစ်ကားတွေနဲ့လာဖမ်းကြတာ"

၁ လနီးပါး စစ်ကြောရေးမှာ ဖမ်းဆီးထားသူ ၂ ဦးကို စစ်ကောင်စီ ၅၀၅(က)ဖြင့် တရားစွဲ

"စစ်သားဖက်က ဘယ်သူစွဲတာလဲဆိုတာကိုတော့ မသိရသေးဘူး။ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့ကို ရုံးချိန်းလိုက်ပါတယ်။ ဒီလို ထောင်ဒဏ်အများကြီး ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တဲ့အပေါ်မှာတော့ ဝမ်းနည်းရတာကလွဲရင် ဘာမှမပြောတတ်တော့ပါဘူး။ အပြစ်မရှိတဲ့သူတွေကို ဒီလိုလုပ်တာဟာ လုံးဝမတရားပါဘူး"

လက်ပံတန်း ဖြူစင်လူငယ်ပရဟိတအသင်းဥက္ကဌကို စစ်ကောင်စီ ထောင်ဒဏ် ၁၀ နှစ်ချ

"လက်ပံတန်းမှာဗုံးကွဲတာတွေနဲ့ပတ်သက်ပြီး PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာ။ ကျနော်တို့သိသလောက်ကတော့ ဒီဗုံးကွဲတာတွေနဲ့ သူနဲ့ဘာမှမပတ်သက်ဘူး။ ဒလန်က ဖမ်းခိုင်းတာနဲ့ဖမ်းသွားတာ။ မနေ့ကထောင်တရာရုံးမှာဘဲ အကြမ်းဖက်ပုဒ်မနဲ့ ဆယ်နှစ်ချလိုက်တယ်ဆိုတာသိရတယ်"

လုံခြုံရေးကိုတာဝန်မယူဘဲ နာဂဒေသကို စေလွှတ်ရန်ပြင်ဆင်မှု စစ်ဆရာဝန်တွေ ကြောက်လန့်နေ

"လုံလ် ဖြစ်စဥ်မှာ စခန်းအသိမ်းပိုက်မခံရခင်၂ ရက်က "နမခ"ကို လုံခြုံရေးတောင်းတယ်။ မပေးနိုင်ဘူး။ "နမခ" က မပေးနိုင်လို့ လုံလ်စခန်းကျသွားတယ်လို့လဲ သိရပါတယ်။ တပ်မတော် ဆရာဝန် ၂ ဦး သေဆုံးမှုမှာလဲ လုံလောက်တဲ့ လုံခြုံရေးမပေးနိုင်ပါဘဲ၊ အခုနှစ်မှာလည်း နာဂဒေသ ကိုသွားဖို့ ၊ တပ်မတော်ကဆရာဝန်တွေကို စာရင်းကောက်ခံလျက်ရှိပါတယ်"

ဂန့်ဂေါမှာ စစ်တပ်ကမီးရှို့လို့ အိမ်ခြေ ၆၈၀ မီးထဲပါပြီး ရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရ

"ကျနော်တို့စစ်တမ်းကောက်ထားတာကတော့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်က အရမ်းဖိတာများပါတယ်။ မီးရှို့တာ ၁၆ ရွာရှိပါပြီ၊ အိမ်ခြေပေါင်းက ၆၈၀ ရှိပါပြီ၊ စစ်ဘေးရှောင်နေရတဲ့လူဦးရေက ၂ သောင်းကျော်ရှိပါပြီ၊ ခက်ခက်ခဲခဲ တောတောင်တွေထဲမှာရှောင်နေရတာများပါတယ်။ ကျနော်တို့ ဒီဘက်မှာဆိုရင် စစ်တပ်ကမီးရှို့တာကြောင့် ပြန်စရာအိမ်လည်းမရှိတော့လို့ တောထဲမှာပဲ မိုးကာတဲထိုးပြီး အခြေချနေရတဲ့မိသားစုတွေလည်းတော်တော်လေးများနေပါတယ်"

မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်သတ်ခံရ ပွဲချင်းပြီးသေဆုံး

"ညရှစ်နာရီကျော်လောက်က သေနတ်သံတချက်ကြားလိုက်တယ်။ ဘယ်သူဘယ်အဖွဲ့က ပစ်တာလဲဆိုတာတော့ မသိဘူး။ သူ့အိမ်ထဲအထိကားနဲ့ဝင်လာပြီး ‌ပစ်သွားပုံအရဆိုရင် ဓာတ်သိ‌တွေထဲကလို့ပဲထင်ရတယ်။ ငွေရေးကြေးရေးစီးပွားရေးကြောင့်လား၊ ရန်ငြိုးရန်စကြောင့်လားဆိုတာတော့ မပြောတတ်ဘူး"

တပ်တွင်းအရှုပ်တော်ပုံကိစ္စတွေနဲ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း လာရောက်စစ်ဆေး၊ တိုင်းမှူးလာတယ်လို့သတင်းလွှင့်

"မနေ့ညနေပိုင်း ပြည်ကအပြန် ဝင်လာတာ။ ခလရ (၁) ထဲ ညအိပ်တယ်လို့တောင်သိရတယ်။ ခုရက်ပိုင်း တပ်မ ၆၆ က လိုင်းပေါ်မှာသတင်းတွေ တအားပြန့်နေတာကြောင့် လာစစ်တာဖြစ်နိုင်တယ်။ ပြီးတော့ ၆၆ က ကရင်နီမှာကျတာရော၊ CDM ရော တအားများနေတာ၊ လုံးပါးပါးနေပြီ။ နောက်ပြီး တပ်ရင်းမှူးကတော်ကိစ္စလည်း ပါမယ်ထင်တယ်။ အခုအဲ့ဒီတပ်ထဲကို ဘယ်သူမှပေးမဝင်ဘူး''

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10