ရုပ်သံ

တပ်မ ၈၈ တပ်တွေ လိုင်ဇာမှာပိတ်မိနေလို့ မကွေးမြို့က နောက်တန်းတပ်ရင်းတွေကို တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းခိုင်း (ရုပ်/သံ)

“ သူတို့ တပ်မ(၈၈)က တပ်တွေ လိုင်ဇာကနေ ဆုတ်ပေးရင်းပိတ်မိနေလို့တဲ့ တပ်မိသားစုတွေကို အကုန်ဓမ္မာရုံထဲမှာ တနေကုန်ဝတ်ရွတ်ဆုတောင်းခိုင်းနေတာ။ အသေအပျောက်တွေလည်း ရှိမယ်ထင်တယ်”

ရွှေကျင်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ

"တိုက်ပွဲဖြစ်တာတော့မရှိဘူး။ စကစဘက်က လက်နက်ကြီးပစ်တယ်။ လေကြောင်းကနေ ပစ်ခတ်တာလည်း ရှိတယ်။ လူတွေကတိုက်ပွဲမဖြစ်တော့ ပုံမှန်လည်ပတ်နေချိန် ရုတ်တရက် လာပစ်တာမျိုးဆိုတော့ ရှောင်ရှားချိန်မရကြဘူး"

မုံရွာအခြေစိုက် Local PDF ရဲဘော် ၁ ဦး မြွေကိုက်ခံရပြီး ကွယ်လွန် (ရုပ်/သံ)

“သူနဲ့အတူ ရဲဘော်တယောက်လည်း ပါသွားတယ်။ သူက မြွေဟောက်ကိုက်ခံရတာလို့ ဆရာဝန်ဆေးစစ်ချက်အရ ယူဆရပါတယ်။ အဲဒီနေရာမှာတင် သတိလစ်မေ့မြောပြီး သတိပြန်လည် မလာတော့တာ။”

တပတ်အတွင်း မြေလတ်သတင်း

- ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အညာဒေသက ရဲဘော်တွေလည်းပါဝင် - အင်အားရာချီပါတဲ့ စစ်ကောင်စီရိက္ခာပို့ကားတန်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး - မကွေးမှာ PDF ရဲဘော် ၄၂ ဦးကို တိုက်ခိုက်စွမ်းရည်မြှင့်တင်မှုသင်တန်းပေးပြီး သင်တန်းဆင်းပွဲပြုလုပ် - မုံရွာမြို့လယ်ခေါင်က စစ်တပ်ပိုင်အင်းဝဘဏ် စီးနင်းခံရပြီးချိန် စစ်တပ်ကမြို့ကိုပိတ်ဆို့ရှာဖွေ - စစ်ကိုင်းမှာ ပစ်ခတ်ခံရလို့ ရဲ ၄ ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိ - ထီးချိုင့်မြို့နယ်က ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို စစ်တပ်က ပြန်မလွှတ်သေး - ကလေးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၅ လုံးပျက်စီး - ရွှေဘိုမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးချလို့ ပြည်သူ ၇ ဦးဒဏ်ရာရ - ဝက်လက် စစ်ရှောင်ပြည်သူ ၄၀၀ ခန့် ဆေးဝါးအကူအညီ လိုအပ်နေ - ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့စာကြည့်တိုက်မှာ စာအုပ်သစ်​တွေလိုအပ်နေ

မုံရွာမှာ စစ်တပ်က ရွာကိုမီးရှို့ မီးလောင်ပြင်ထဲ အရပ်သားအလောင်း ၄ လောင်းတွေ့ရှိ၊ ရွာခံ ၅၀ နီးပါးကို ဖမ်းသွား (ရုပ်/သံ)

“သေဆုံးသူ(အမျိုးသား)က အကင်ရောင်းတဲ့သူပါ၊ အိမ်သာထဲမှာလည်း လူသေ ၂ လောင်း တွေ့တယ်။ ဒီမနက်မှ အလောင်းတွေ တွေ့ရတာပါ။ ထပ်လည်း တွေ့နိုင်သေးတယ်၊ လူပျောက်တွေ အရမ်းများတယ်၊ ဓားစာခံတွေလည်း ဖမ်းခေါ်သွားတယ်။ အာ့ကြောင့် ဘယ်သူသေလည်း၊ ဖမ်းလည်း တိတိကျကျ မသိသေးဘူး”

ရဲဘော်သစ်တွေကို လက်နက်တပ်ဆင်ပေးမယ့် ယောမြို့ပါရီကမ်ပိန်း (ရုပ်/သံ)

ယောကာကွယ်ရေးတပ်ဟာ ပြည်သူလူထု အားကိုးအားထားရတဲ့ တပ်ဖွဲ့တခုဖြစ်အောင်ကြိုးစားနေသလို ပြည်သူလူထုအနေနဲ့လည်း စိတ်အားမငယ်ကြဖို့၊ အားတင်းထားကြဖို့နဲ့ YDF ရဲဘော်သစ်တွေရဲ့ ယောမြို့ပါရီကမ်ပိန်းမှာ တတ်အားသမျှပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်းကိုလည်း YDF ဦးဆောင်သူ ကိုမြတ်သူ က ပြောပါတယ်။

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို (ရုပ်/သံ)

" အချိန်ကာလအနေနဲ့ကတော့ လနဲ့ချီပြီး ယူခဲ့ရပါတယ်။ ကျနော်တို့ တောင်ငူလေဆိပ်ကိုတိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ်ပါ၊ အရင်ကတော့ မင်္ဂလာဒုံလေတပ်၊ မှော်ဘီလေတပ်၊ နေပြည်တော်ဧလာလေဆိပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်တို့ကိုတော့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်"

မြင်းမူနယ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ် (ရုပ်/သံ)

ဘုန်းကြီးကျောင်းဝန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က Drone ဗုံးသီး ၁၀ လုံး ၊ ၄၀ မမ လက်နက်ကြီး ၇ လုံး အပါအဝင် လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းက ၃ ကြိမ်တိုက်ခိုက်လို့ စေတီနဲ့ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီး (ရုပ်/သံ)

ဂျက်ဖိုက်တာနဲ့ မနက် ၁၂ နာရီ ၂၀ မိနစ်ခန့်မှာ ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ယာခင်းအနီး တောင်သူတွေမြေပဲနှုတ်တဲ့နေရာ၊ ရွာမြောက်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်တချို့နဲ့ စေတီတွေ ကျည်စထိမှန်ပျက်စီးခဲ့ပြီး နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ Bo Tiger တပ်ဖွဲ့ ဒုတာဝန်ခံ ဗိုလ်ထက်အောင်က ဆိုပါတယ်။

ထီးလင်းမှာ ရိက္ခာထွက်ရှာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၄ ဦးသေ (ရုပ်/သံ)

ထီးလင်းမြို့နယ်၊ ရေမျက်နီရွာရဲစခန်းကနေ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲ ၁၀ ဦးခန့်ပါတဲ့ စစ်ကြောင်းကို မတ် ၁၃ ရက် ညနေ ၅ နာရီ‌ကျော်လောက်က ရေမျက်နီရွာထဲကနေ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ယင်းမာပင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၄ ဦးသေ၊ ၂၁ ဦးခန့်ဒဏ်ရာရ (ရုပ်/သံ)

နမခ ကနေ တပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်ပါတဲ့ ကား ၄ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ် ၁၃ ရက် ညနေ ၄ နာရီခန့်မှာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ချိန် ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာထဲကို ကျည်ကျရောက်ပြီး ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဗိုလ် Ar Larwaka က ပြောပါတယ်။

Zero ပြောက်ကျားတပ်မဟာရဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို KIA၊ KNU သင်တန်းဆင်းတွေက သင်တန်းပို့ချ (ရုပ်/သံ)

Zero ပြောက်ကျားတပ်မဟာထဲကို ရောက်လာကြတဲ့ တပ်သားသစ် ၁၅ ဦးကို KIA၊ KNU သင်တန်းဆင်းတွေက ဦးစီးပြီး ပထမအသုတ်အနေနဲ့ အခြေခံစစ်ပညာသင်တန်းကို ပို့ချပေးနေကာ သေနတ်ကိုင်အဆင့်အထိ လေ့ကျင့်နေပြီလို့ သိရပါတယ်။

“အိုမင်းခြင်းကိုအံတုနိုင်တဲ့ မရမ်း” (Podcast)

ကင်ဆာနဲ့ကင်ဆာဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ မရမ်းစေ့ကို ဘယ်လိုသောက်သုံးရမလဲ။ အိုမင်းခြင်းကို ဆန့်ကျင်နိုင်ဖို့ မရမ်းပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုရမလဲ။ အစာလမ်းကြောင်းကောင်းမွန်စေဖို့ မရမ်းသီးကို ဘယ်လိုစားသင့်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

ရေစကြိုမှာ စစ်တပ်ဂိတ်စခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

ကျောက်လှေခါးဂိတ်စခန်းမှာ စစ်တပ်အင်အား ၃၀ ကျော်ရှိပြီး လမ်းသွားလမ်းလာပြည်သူတွေကို ငွေတောင်းတာ၊ အမျိုးသမီးတွေကို မဖွယ်မရာပြောဆိုတာ၊ အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နေ့လယ် ၁ နာရီခန့်မှာတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တာလို့ Southern YSO PDF တာဝန်ခံဗိုလ်အောင်မောင်း ကပြောပါတယ်။

စစ်ကောင်စီအောက် စစ်မှုမထမ်းလိုသူ ၅၆ ဦး ကျောက်ဆည်ခရိုင် တပ်ရင်း ၂ မှာစစ်သင်တန်းတက် (ရုပ်/သံ)

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ရန်ကုန်နဲ့မန္တလေးတိုင်းတွေက လူငယ်တွေဟာ PDF အနေနဲ့တိုက်ပွဲဝင်လိုကြောင်း ဆက်သွယ်လာလို့ ခေါ်ယူခဲ့ရတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ စခန်းမှူး ကိုရင်ငြိမ်း က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10