ရုပ်သံ

စစ်ရှောင်အိမ်ထောင်စု ၁၆၀ ကို ကောလင်း ပြည်သူမှပြည်သူသို့ အဖွဲ့က နေကြာဆီ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်း တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၆၀ ကို ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က နေကြာဆီတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

96 Soldiers တပ်ဖွဲ့ဝင် မဖူးပြောပြတဲ့ အညာဒေသက အမျိုးသမီးတွေ (ရုပ်/သံ)

သူတော်လှန်ရေးသမားဖြစ်လာပုံနဲ့ အညာဒေသစစ်မြေပြင်အခြေအနေ ရုပ်သံအပြည့်အစုံကို ဆက်လက်တင်ဆက်သွားပါမယ်။

People's Defence Army အမှတ်စဉ် ၄ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army က ရဲဘော်တွေရဲ့ အမှတ်စဉ် ၄ စစ်သင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ဇွန် ၃၀ ရက် မနက်က ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်ရာမှာ ပါဝင်တဲ့ ဓါးမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းက ပြောပါတယ်။

တိုက်ပွဲနားချိန် အကနဲ့ စိတ်ဓာတ်မြှင့်တင်နေတဲ့ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း (ရုပ်/သံ)

စစ်ရေးရှုပ်ထွေးနေတဲ့ အချိန်နဲ့ ရှေ့တန်းထွက်နေရတဲ့အချိန်ကလွဲရင် တပ်ခွဲအလိုက် စိတ်ဓာတ်ခွန်အားကြံ့ခိုင်စေဖို့၊ ကိုယ်ကာယခွန်အားနဲ့ စိတ်ဓါတ်ခွန်အားကြံ့ခိုင်စေဖို့ ရဲဘော်တွေနဲ့ တိုင်ပင်ပြီး အခုလို ကကွက်တွေနဲ့ လုပ်ပေးဖြစ်တယ်လို့ တပ်ရင်းတာဝန်ခံ ဗိုလ်မာဃ ကပြောပါတယ်။

ဘုတလင်မြို့က စစ်တပ်အထိုင်ချ‌နေရာသုံးခု တပြိုင်နက်တိုက်ခံရလို့ သေဆုံးသူများပြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က နေရာသုံးခုမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၇ ရက် ညနေမှာ ပူးပေါင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေ အများအပြားရှိတယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရေစကြိုမြို့ ကပ်ကျော်ဘုန်းကြီးကျောင်းထဲက စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ ၂ ဖွဲ့ခွဲပြီး အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ။ ဝင်ပြီးတိုက်ခိုက်တဲ့အချိန်မှာ ဂိတ်စောင့်နေတဲ့ ပျူစောထီးတဦး ဗိုက်ကျည်ဖောက်ထွက်သွားတယ်။ သေတော့ မသေနိုင်ဘူး။ ဗိုက်ပွင့်ပြီးတော့ ရေစကြိုမြို့ ဆေးရုံမှာ ဆေးကုနေရတယ်။"

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦး ၈ လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ - ဆင်အင်းရွာပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံနဲ့စစ်ဘေးရှောင်တွေ ဆန္ဒပြ - ကျောက်တံခါးမြို့ပေါ်ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ - အင်းတော်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံး - မြောင်နယ်မှာ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအကြောင်း အသိပညာပေးလှုပ်ရှားမှုပြုလုပ် - ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ - မြိုင်မှာ သံဃာ ၁၀၀ ကျော်က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် - ၁ နှစ်စာ စားနပ်ရိက္ခာဖူလုံစေရန် အညာမြေပြောက်ကျားတပ်ဖွဲ့က သီးနှံများစိုက်ပျိုး - စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

ပြည်သူ့စစ်ခေါင်းဆောင်အိမ်ကို လုံခြုံရေးယူတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

"ဆင်ချောင်းရွာက လူတွေက အစောပိုင်းကတည်းက ပြည်သူ့စစ်အဖွဲ့ဝင်ကြတာ။ ငလင်းရဲ့အိမ်နားပတ်ချာလည်ချတာ။ ငလင်းအိမ်ကို လုံခြုံရေးယူပေးနေတာကြားလို့ သူ့အိမ်နဲ့ လက်နက်ဂိုထောင်နားကို ကြဲချခဲ့တာ"

ပခုက္ကူပကဖ က တပ်တွင်းအထောက်အကူဖြစ်စေမယ့် မြေပဲစိုက်ပျိုးမှု စတင် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အထောက်အကူပြုဖို့နဲ့ တပ်တွင်းရိက္ခာအတွက် ရည်ရွယ်ပြီး ဇွန် ၂၆ ရက်မှာ မြေပဲ စိုက်ပျိုးမြေဧက ၁၇ ဧကကိုစတင် စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

ကျဆုံးရဲဘော်ကို စစ်ရေးအခြေနေကြောင့် ၁၄ ရက်ကြာမှ အမိန့်ပြန်ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာအခြေစိုက်တဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ - Hero ပြောက်ကျားတပ်ဖွဲ့က ကျဆုံးရဲဘော်ကို စစ်ရေးအခြေနေကြောင့် ၁၄ ရက်ကြာ ဇွန် ၂၅ ရက်ရောက်မှသာ အမိန့်ပြန်ခဲ့ရတယ်လို့ တပ်ခွဲမှူးဗိုလ်မိုးကြိုးက ပြောပါတယ်။

အနာဂတ်တွေ ပျက်သုဉ်းပေမယ့် တော်လှန်ရေးခရီးကြမ်းမှာ ဆက်လျှောက်နေဆဲ PDF ရဲဘော် ဇာမဏီ (အမျိုးသမီးကဏ္ဍ)

မိသားစုကို လိုလေသေးမရှိ ထောက်ပံ့ပေးချင်ပေမယ့် တောင်ယာအလုပ်နဲ့ ကျပန်းအလုပ်တွေသာရှိနေတဲ့အတွက် ဒီထက်ဝင်ငွေပိုကောင်းတဲ့ နိုင်ငံရပ်ခြားဆီသွားဖို့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပေမယ့် စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူမရဲ့ နိုင်ငံခြားသွားမယ့် အစီအစဉ် ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

ဓါးမဆိုင်းတပ်မတော်က စိုက်ပျိုးထားတဲ့ တပ်ရိက္ခာနှမ်းတွေ ရိတ်သိမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓါးမဆိုင်းတပ်မတော် ရဲ့ တပ်ရင်းရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းတွေကို ဇွန် ၂၇ ရက် ဒီနေ့မှာ စတင်ရိတ်သိမ်းနေပြီလို့ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

မြိုင်မှာ သံဃာ ၁၀၀ ကျော်က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ပြီ (ရုပ်/သံ)

သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ စစ်ကောင်စီအလိုမရှိ စစ်ကောင်စီကို ရဟန်းရှင် ပြည်သူမှန်သမျှတိုက်ဖျက်ကြ စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ပြီး ဘန်နာတွေနဲ့ သာသနာ့အလံတွေကို ကိုင်ဆောင်ချီတက်လှည့်လည်ခဲ့ပါတယ်။

ကြေးနီတင်ကားတွေကို လုံခြုံရေးယူပေးနေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ (ရုပ်/သံ)

ကြေးနီသယ်ဆောင်လာတဲ့ ကားတွေလာနေချိန် မနက် ၉ နာရီခွဲခန့်မှာ ချောင်းဦးမြပုလဲဂိတ်က လုံခြုံရေးလာယူပေးတဲ့ စစ်သားတွေ မိုင်းကွင်းရှေ့မှာ ရောက်ရှိနေချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Special Forces 11-PDFတပ်ဖွဲ့ တာဝန်ခံ မောင်ပီကေ ကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10