စစ်တပ်နဲ့ပေါင်းသွားတဲ့ PDF ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့နယ်မြေတွေကို ၄ ရက်ကြာတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ (ရုပ်/သံ)
စစ်တပ်နဲ့ပေါင်းသွားတဲ့ YOMA GBK PDF တပ်ဖွဲ့ဝင်ဟောင်း စလိုင်း(ခ)လိုင်းယွန်းဦးဆောင်တဲ့ အင်အား ၉၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမတောင်ခြေမှာ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။