ရုပ်သံ

ထီးလင်းနယ်က စစ်ရှောင်တွေ အဝတ်အထည်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေ လိုအပ်နေ (ရုပ်/သံ)

စစ်တပ်က လက်နက်ကြီးပစ်တဲ့ဒဏ်၊ စစ်ကြောင်းတွေ မကြာခဏ ထိုးတဲ့ဒဏ်တွေကို ခံကြရတဲ့ အနောက်ဘက်ရွာ၊ သရခါရွာ၊ ထလင်းရွာ၊ အောင်းရွာ၊ ပုဏ္ဏားရွာ၊ ထန်းပင်ကုန်းရွာ၊ တောရောင်းရွာစတဲ့ ကျေးရွာ ၁၀ ရွာက စစ်ရှောင်ပြည်သူ ၇၀၀ ကျော်မှာ ၁ နှစ်ကျော်ကြာ စစ်ရှောင်လာရတဲ့အခါ စားသောက်ရေးအတွက် အခက်အခဲ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီထောက်ပံ့ပေးသူတွေက ဆိုပါတယ်။

ငယ်ဘဝ ဓါတ်ပုံဆရာအကြောင်း (သူတို့နဲ့စကားပြောခြင်း)

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ် Ye Hein (YH Photography) ရဲ့ ငယ်ဘဝ ဓါတ်ပုံဆရာအကြောင်းကို ယခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

ရွှေဘိုနဲ့ ဆားတောင်က စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၈ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်နဲ့ ဆားတောင်မြို့တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စုစုပေါင်း ၈ဦးသေဆုံးပြီး ထိခိုက်သူတွေလည်းရှိပါတယ်။

ကား၊ ဆိုင်ကယ်တွေနဲ့လာတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ ၂ ဦးသေ သေနတ် ၂ လက်ရ (ရုပ်/သံ)

"ကျနော်တို့က သတင်းကြိုရထားလို့ အနီးကပ် သွားပစ်ခဲ့တာ၊ စစ်ကောင်စီတပ်သားတဦးနဲ့ ပျူတဦးပွဲချင်းပြီး သေတယ်၊ ပစ်ခတ်နေတဲ့ အတွင်းမှာပဲ ကျနော်တို့ရဲဘော်တွေက သေနတ်သွားကောက်တယ်၊ ကျန်တဲ့ကားပေါ်က စစ်ကောင်စီတပ်သားတွေကိုလည်း ကျနော်တို့က နောက်ကနေ ခံပစ်ပေးတာ၊ သူတို့ ကြောက်လန့်ပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားကြတာ"

တပတ်အတွင်း မြေလတ်သတင်း

- ဆင်မရဲရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး အရာရှိတဦးအပါ ၁၄ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ - ထန်းတပင်ခလရ ၇၃ အပါအဝင် နေရာ ၄ ခုထက်မနည်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် - ဝေါက NLD ပါတီဝင်တွေနဲ့ ဝန်းရံသူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး - နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသမီး ၁ ဦးကို မီးရှို့သတ် - မင်းတုန်းမှာ တိုက်ပွဲတွေဖြစ် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး PDF စခန်းမီးရှို့ခံရလို့ သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး - ဘူးလက်လှဆွေရွာက ပျူစောထီးတွေဟာ YDF ရဲဘော်နှစ်ဦးကို ကြိုးတုပ်ပြီး အရှင်မီးရှို့သတ်အောင်ပွဲခံနေတဲ့ ရုပ်သံထွက်ပေါ်လာ - ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးသီးချလို့ ၇ ဦးဒဏ်ရာရဟုဆို - ဒီပဲယင်းမှာ စစ်တပ်ရန်ကြောက်လို့ တောင်သူတွေ စပါးကိုရသမျှစျေးနဲ့ ရောင်းချနေရ

သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အညာက စစ်ရှောင်တွေ (ရုပ်/သံ)

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်း၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရရှိနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။

" အသည်းနဲ့ဆီးလမ်းကြောင်းကောင်းမွန်စေတဲ့ 'ခရာပင်' " (Podcast)

ကျောက်ကပ်ရောဂါအတွက် ခရာပင်ကိုဘယ်လိုအသုံးပြုကုသမလဲ။ နာတာရှည်ရောဂါတွေအတွက် ခရာပင်ရဲ့ ဆေးဖက်ဝင်ပုံ။ ခရာပင်ရဲ့ဘယ်အစိတ်အပိုင်းက ချွဲ၊ သလိပ်တွေကြေစေသလဲ။ မီးယပ်ဖြူဆင်းရောဂါအတွက် ခရာမြစ်ကိုဘယ်လိုအသုံးပြုကုသနိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

ကန်နီရွာကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက် ပျူစောထီးနဲ့ စစ်သား ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာမှာ စစ်သားနဲ့ ပျူစောထီး အင်အား၁၀၀ ဝန်းကျင်နေတဲ့နေရာကို ကာကွယ်ရေးအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ဒရုန်းနဲ့မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ MPL တိုက်နယ် ၄ ပကဖ အဖွဲ့ဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- NUG အတွက် CDM ဝန်ထမ်းတဦးက ပေးပို့လိုက်တဲ့စာ - ပင်တိုင်ဆီမီးထွန်းရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဘယ်သူကချုပ်ကိုင်ထားသလဲ - စံရွေးရွာ၊ ကျေးရွာမီးလင်းရေးကော်မတီက မီတာခတွေကိုဘယ်လိုကောက်ခံနေသလဲ စတဲ့စာတွေကို နားဆင်ရမှာပါ။

ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးသီးချလို့ ၇ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ ဘန်ကာဆောက်နေတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက Fixed Wings ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၁ ဦးကို မီးရှို့သတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦး ကိုလည်း မီးရှို့သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာ နမခ က ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူများ (ရုပ်/သံ)

"အရင်နေ့ကတည်းက လိုက်တာ၊ ၃ ရက်နေ့မှာ ကျနော်တို့နဲ့ တွေ့တာ၊ သူတို့ဘက်ကအရင် ၂ ယောက်ထိတယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ၃ ယောက်ထပ်ထိတယ်၊ ၃ နာရီကျော်လောက်ထိ တိုက်ပွဲကြာသွားတယ်၊ ကျနော်တို့မျက်မြင်က ၅ ကောင်သေတယ်၊ ပျူလည်းပါတယ်၊ စစ်**လည်းပါတယ်၊ အရာရှိလည်းပါတယ်လို့ သိရတယ်၊ သေတာက ၃ ကောင်က စစ်**၊ ၂ ကောင်က ပျူတွေပါ၊ ဒဏ်ရာရတာက ၂၀ လောက်ရှိတယ်"

ဆင်မရဲရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး အရာရှိတဦးအပါ ၁၄ ဦးသေဆုံး၊ ၃ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

"ပျူစောထီး ၁၄ ကောင်နဲ့ တပ်မ ၁၀၁ က အရာရှိ ၁ ဦးသေတယ်။ ဖမ်းဆီးရမိတာက ၃ ယောက်ရှိတယ်။"

တပတ်အတွင်း မြေလတ်သတင်း

- စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်များ - တောင်ငူနယ်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး - စက်သုံးဆီတင်စစ်ကား ၂ စီး မိုင်းဆွဲခံရလို့ ဒုအရာခံဗိုလ်အပါ ၃ ဦးသေပြီး လက်နက်တွေရ - ကြို့ပင်ကောက်မြို့ပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ - စစ်ကိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဇာတိ ကာဘိုးရွာပျူစောထီးစခန်းတိုက်ပွဲ စစ်အုပ်စုသေဆုံးမှုများပြီး သေနတ် ၈ လက်ရ - ကန့်ဘလူမြို့ပေါ် ကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အားရာကျော်ရောက်ရှိ တိုက်ပွဲပြင်းလာနိုင် - ဆိပ်ဖြူဘာမထီတပ်စခန်း မီးရှို့ခံရပြီး ရဲဘော် ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်သွား - အများသုံးလယ်မြေကို လုပ်ခွင့်မပေးတဲ့ ပကဖနဲ့ ပအဖကို တောင်သူ ၃၀၀ ကျော်က ဆန္ဒပြ - ကျွန်းလှဘက်ကို စစ်တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်၊ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရ - ရေတာရှည်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံး

ကိုင်းတောမရဲစခန်းကို PDF တွေ ၃ ရက်ဆက် တိုက်ခိုက်၊ ရဲ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"မီတာ ၁၀၀ ဝန်းကျင်ကနေ လက်နက်ငယ်အပြင် 79 တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ပစ်ခတ်ခဲ့တာ ရဲ** ၁ ကောင်သေတယ်၊ ၃ ကောင်ထိခိုက်ဒဏ်ရာရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10