ကလေးမြို့ ပျဉ်းခုံလေးရွာ ၂ ရက်ဆက်မီးရှို့ခံနေရ (ရုပ်/သံ)
“မြို့ထဲကစစ်**နဲ့ ပျူစောထီးတွေက မီးဝင်ရှို့နေတာ။ ကား၄ စီးနဲ့ သွားပြီး နန်စလူဘက်ကနေ ပျဉ်းခုံလေးကို ပတ်ဝင်တာ၊ စစ်ကြောင်းထိုးတာပေါ့။”
“မြို့ထဲကစစ်**နဲ့ ပျူစောထီးတွေက မီးဝင်ရှို့နေတာ။ ကား၄ စီးနဲ့ သွားပြီး နန်စလူဘက်ကနေ ပျဉ်းခုံလေးကို ပတ်ဝင်တာ၊ စစ်ကြောင်းထိုးတာပေါ့။”
ကရင်နီပြည်နယ်အတွင်း အရေးနိမ့်နေတဲ့ တပ်မ ၆၆ ရဲ့ ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းဟာ အရံအင်အားကို ပို့ဆောင်ခံလိုက်ရပြီး ၎င်းရဲ့နေရာမှာ တပ်မမှူးအသစ်အဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း ကို ခန့်အပ်ကာ စစ်ဆင်ရေးတွေကိုကွပ်ကဲဖို့ နေပြည်တော်က စစ်ခေါင်းဆောင်တွေက ရွေးချယ် စေလွှတ်လိုက်တာပါ။
ရဲမေ စနေမဟာ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေကောင်းတဲ့ နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်ဖို့ စိတ်ကူးရှိနေပေမယ့် စစ်မှုထမ်းဥပဒေ ထွက်လာပြီးတဲ့နောက်မှာတော့ ဒီဥပဒေဟာ အမျိုးသမီးတွေကို အတင်းအဓမ္မ စေခိုင်းတာဖြစ်လို့ အမျိုးသမီးတွေဘက်က မခံမရပ်နိုင်ဖြစ်ကာ အဲဒီကတည်းက ဝင်ငွေရတဲ့ အလုပ်ထက် စစ်ကောင်စီကို ပြန်တိုက်ဖို့ကို ဆုံးဖြတ်လိုက်ကာ PDF ထဲကို ဝင်ဖို့ ရွာကနေ တယောက်တည်း ထွက်လာခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီနဲ့ ပျူစောထီးတွေ ရိက္ခာယူပြီး ပြန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း - MSPDF / MSDF တပ်ဖွဲ့ဆီက သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ရဲဘော်တွေကို ရွာပေါင်း ၂၂ ရွာက ပြည်သူတွေ လှူဒါန်းငွေနဲ့ ယူနီဖောင်းဝယ်ပြီး ပေးအပ်ပွဲပြုလုပ်ခဲ့တယ်လို့ MVRF တပ်ရင်းဆီက သိရပါတယ်။
ဒီတပတ်မှာတော့ စစ်မှုမထမ်းမနေရစာရင်းကောက်ခံရတဲ့ မြို့ရွာအချို့က ပေးပို့လာတဲ့စာတွေကို တင်ဆက်ထားပါတယ်။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းနေပြီး မဲပေါက်တဲ့သူတွေထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သံကူကွန်ကရစ် အမျိုးအစား ပင်မတံတားအရှည် ပေ ၆၀၊ ချဉ်းကပ်လမ်း ပေ ၆၀ နဲ့ စုစုပေါင်း တံတားအရှည် ၁၂၀ ပေရှိပြီး ရံပုံငွေကိုတော့ မြိုင်နယ်နဲ့ ဆားလင်းကြီးနယ်က ဒေသခံရွာတွေက ထည့်ဝင်လှူဒါန်းသလို တပ်ရင်းရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ တည်ဆောက်ခဲ့တာလို့ ရဲဘော် ပေက ပြောပါတယ်။
မတ် ၁၇ ရက် မနေ့ ညနေက မော်လူးမြို့ထဲကဖြတ်သွားတဲ့ တန် ၃၀ ပါ သစ်ကား ၁၈ စီးကို မော်လူးမြို့ အထွက်က ကျေးရွာမှာဖမ်းပြီး တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပေမယ့် အရေးမယူဘဲ လွှတ်ပေးလိုက်တဲ့အတွက် နောက်ထပ်ဝင်လာတဲ့ သစ်ကား ၃ စီးကို မြို့လယ်ခေါင်မှာ ပြည်သူတွေကိုယ်တိုင် ဝိုင်းဖမ်းပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
"သီချင်းရေးစပ် သီဆိုပေးထားသူရဲ့အမည်ကိုတော့လုံခြုံရေးအရ မပြောတာပါ။ သီချင်းရေးတာ ၇ ရက်လောက်ကြာပါတယ်။ ရဲဘော်တွေအတွက် ခွန်အားဖြစ်တာပေါ့ "
" ဒီကောင်တွေဘက်က လာပြီဆိုတာ ဖရဲသီးသတင်းပေးအရ ကျနော်တို့လည်းသိခဲ့တာ။ အဲ့ဒါကြောင့်ကျနော်တို့ဘက်ကလည်း နေရာကိုအရင်ဦးအောင်သွားစောင့်ကြိုတိုက်ခိုက်ခဲ့တာ။ နနွင်းတော်ဘို့ရွာနဲ့ ကန်ရွာအကြားထဲမှာ တိုက်ပွဲဖြစ်တာပါ"
ယောဒေသ၊ ဆောမြို့နယ်၊ ရှေ့တန်းစခန်းတနေရာမှာ မတ်၁၅ရက်က ဆော PDF ရဲဘော်တွေ တိုက်ပွဲမရှိတဲ့အချိန် အပျင်းပြေ သီချင်းဆိုနေကြတာဖြစ်ပါတယ်။
“ သူတို့ တပ်မ(၈၈)က တပ်တွေ လိုင်ဇာကနေ ဆုတ်ပေးရင်းပိတ်မိနေလို့တဲ့ တပ်မိသားစုတွေကို အကုန်ဓမ္မာရုံထဲမှာ တနေကုန်ဝတ်ရွတ်ဆုတောင်းခိုင်းနေတာ။ အသေအပျောက်တွေလည်း ရှိမယ်ထင်တယ်”
"တိုက်ပွဲဖြစ်တာတော့မရှိဘူး။ စကစဘက်က လက်နက်ကြီးပစ်တယ်။ လေကြောင်းကနေ ပစ်ခတ်တာလည်း ရှိတယ်။ လူတွေကတိုက်ပွဲမဖြစ်တော့ ပုံမှန်လည်ပတ်နေချိန် ရုတ်တရက် လာပစ်တာမျိုးဆိုတော့ ရှောင်ရှားချိန်မရကြဘူး"
“သူနဲ့အတူ ရဲဘော်တယောက်လည်း ပါသွားတယ်။ သူက မြွေဟောက်ကိုက်ခံရတာလို့ ဆရာဝန်ဆေးစစ်ချက်အရ ယူဆရပါတယ်။ အဲဒီနေရာမှာတင် သတိလစ်မေ့မြောပြီး သတိပြန်လည် မလာတော့တာ။”