ရုပ်သံ

" Rapper မင်းလွန်ပြောတဲ့ Gen L33 " (သူတို့နဲ့ စကားပြောခြင်း)

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ်မှာ Gen L33 သီချင်းဖန်တီးသူ လူငယ် Rap Artist မင်းလွန် ရဲ့Gen L33 သီချင်း ဘယ်လိုထွက်လာခဲ့လဲ၊ ဘာကြောင့်ဒီသီချင်းကို ဖန်တီးဖြစ်ခဲ့တာလဲဆိုတာတွေနဲ့ “ဂျန်လီးဆိုတာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုကို ပြောတာမဟုတ်ပါဘူး။ ခင်ဗျားက အဲ့ဒီလိုအတွေးအခေါ်ရှိနေရင် ခင်ဗျားက ဂျန်လီးပဲ” ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

ဘန့်ဘွေးရွာက ပျူစောထီးတွေကို အင်အားသုံးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

“သူတို့ ထိခိုက်ကျဆုံးမှုတွေတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထိခိုက်ကျဆုံးရှိလို့ ကျနော်တို့ဆီ မဲပြီးတော့ စစ်ကြောင်းပုံစံဝိုက်ပြီး ပြန်ထိုးလာတာ။ ဘန့်ဘွေးပျူရွာကို ကျနော်တို့သွားရောက် တိုက်ခိုက် တာ ၁၀ ကြိမ် ၁၅ ကြိမ်လောက်ရှိပြီး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျနော်တို့ ၄ မြို့နယ်ပေါင်း ပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကခဲ့ပါတယ်”

လက်နက်မပြည့်စုံလို့ တိုက်ပွဲနားရချိန် မွမ်းမံသင်တန်းတွေ ဆက်တိုက်လုပ်နေတဲ့ ကျားသစ်နက် (ရုပ်/သံ)

ကျားသစ်နက်အဖွဲ့ဟာ လက်နက်အင်အားမပြည့်စုံလို့ တိုက်ပွဲတွေကို ဆက်တိုက်မလုပ်ဆောင်နိုင်သေးတဲ့အတွက် အခုလို တိုက်ပွဲနားတဲ့အချိန်မှာ ရဲဘော်တွေကို လိုအပ်တဲ့ မွမ်းမံသင်တန်းတွေ ပြုလုပ်ပေးနေတာလို့ ကျားသစ်နက်တပ်မတော် တပ်ခွဲမှူး နောက်တိုးက ပြောပါတယ်။

“နှာစေးနှာပိတ်ခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

နှာစေးနှာပိတ်သူတွေဟာ ဘယ်လိုဓာတ်စာတွေကို စားရမလဲ။ ပူစီနံရွက်ပြုတ်ရေဟာ နှာစေးနှာပိတ် ပျောက်ကင်းအောင် ဘယ်လိုအထောက်အကူပြုသလဲ။ နှာစေးနှာပိတ်ပျောက်စေဖို့အတွက် ပင်စိမ်းရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ နှာစေးနှာပိတ်ခြင်းကို မကုသဘဲပေါ့ဆရင် ဘယ်လိုတွေ ဖြစ်နိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

Gen L33 သီချင်းရေးစပ်သီဆိုခဲ့တဲ့ လူငယ် Rap Artist မင်းလွန်

ကလေးအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး တလအတွင်းမှာပဲ သူကိုယ်တိုင်းရေးစပ်သီဆို ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Gen L33 သီချင်း အကြောင်းနဲ့ပတ်သက်ပြီး ပြောဖြစ်ခဲ့ကြတာတွေကို ဇန်နဝါရီလ ၁၂ ရက် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ မြေလတ်အသံရဲ့ Facebook စာမျက်နှာကနေ အပြည့်အစုံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

NUG ဒုဝန်ကြီး မကွေးတိုင်း ၆ မြို့နယ်မှာ ပထမဆုံးအကြိမ် မြေပြင်တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းဟာ မကွေးတိုင်း၊ ၆ မြို့နယ်က ပအဖ၊ ပကဖ၊ PDFနဲ့ ပြည်သူတွေကို မြေပြင်မှာ တိုက်ရိုက်သွားရောက်တွေ့ဆုံပြီး တော်လှန်ရေးကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- စလင်းမြို့ လွတ်လပ်ရေးနေ့အားကစားပွဲမှာဖြစ်ခဲ့တဲ့ ရန်ပွဲ။ - လုံခြုံရေးအရ အသုံးမပြုတော့တဲ့ Special Force Column -PDF Commando Battalion (အထူးစစ်ဆင်ရေးတပ်ရင်း) Page အကြောင်း နဲ့ - CDM ကျောင်းသားတဦးရဲ့ ရင်ဖွင့်သံ စတဲ့ စာတွေကို နားဆင်ရပါမယ်။

မုံရွာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၃ ‌ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ PDF မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ဗိုလ်အပါအဝင် ၃ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ကုက္ကဲရဲစခန်းရှေ့မှာ ဂိတ်ကြေးတောင်းနေတဲ့ ရဲတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

"ချလည်းချလိုက်ရော ရွာထဲဝင်ပြေးတယ်။ အဲ့ဒီမှာကျွန်တော်တို့ ဖရဲသီးရှိတယ်လေ။ ဘယ်သူ့ အိမ်ထဲတော့ရောက်နေပြီ အဲ့လိုပြောတော့ ထပ်ချတယ်။ အဲ့မှာအစုလိုက် အပြုံလိုက်ထဲကို သွားကျတာပေါ့"

ပျူခေါင်းဆောင်ပါတဲ့ ဖဲဝိုင်းကိုတိုက်ခိုက်ခံရလို့ ဖုန်းဆက်သတင်းမေးသူကို PDF ကစနောက်( ရုပ်/သံ)

ဖဲဝိုင်းကို တိုက်ခိုက်ချိန် သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ကျော်ကိုကိုဆိုသူရဲ့ ဖုန်းကို ဆက်သွယ်သတင်းမေးလာချိန်မှာ PDF တွေက စနောက်ကာ ပြန်ဖြေခဲ့ကြတာပါ။

ဖဲဝိုင်းတိုက်ခိုက်ခံရလို့ ပျူစောထီးနဲ့ လုံခြုံရေးစစ်သားအပါ ၅ ဦးသေဆုံး (ရုပ်/သံ)

အုတ်ဖိုမြို့နယ် မြောင်ကျေးရွာက အိမ်တအိမ်မှာဖဲရိုက်နေတာကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ကိုကျော်ကိုကိုအပါ ပျူစောထီး ၄ ဦးနဲ့ စစ်သား၁ ဦးသေဆုံးခဲ့တာပါ။ တိုက်ခိုက်မှုဟာ ၁၀ မိနစ်လောက်သာကြာမြင့်ပြီး နေအိမ်အတွင်း ရှင်းလင်းရှာဖွေချိန်ကလည်း ၅ မိနစ်လောက်သာကြာမြင့်တယ်လို့ ဗိုလ်တောက်တဲ့က ပြောပါတယ်။

ခမ်းပါတ် လေကြောင်းတိုက်ခိုက်ခံရမှု  ကလေး ၄ ဦးအပါ ၁၆ လောင်းကို တွေ့ရှိထား (ရုပ်/သံ)

"ကလေး ၃ နှစ်အရွယ်များတယ်၊ ကား ၃ စီးနဲ့ သယ်ရတယ်၊ ကားနဲ့ ဒဏ်ရာရတဲ့သူတွေသယ်တာ အခေါက်မနည်းတော့ဘူး၊ ကလေးတွေ အရမ်းများတယ်"

တင်းဂတ်ရွာ စစ်တပ်ဂိတ် ဗုံးကြဲခံရ (ရုပ်/သံ)

"ဂိတ်ရှေ့တည့်တည့်ကော ဘန်ကာထဲကောကျတာ မြင်နေရတယ်၊ ပျူ** ၂ ကောင်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ချက်ခြင်းပခုက္ကူဆေးရုံကြီးကိုသွားပြီးတော့ ဆေးကုနေတယ်၊ သေလားမသေလားတော့ ကျနော်တို့လည်း မသိရသေးဘူး၊ သူတို့ဘက်လည်း လက်နက်ငယ် လက်နက်ကြီးတွေနဲ့တော့ မနားမနေပြန်ပစ်တယ်"

"မအလ ရဲ့ ၂၀၂၄ နိမိတ်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "မအလ ရဲ့ ၂၀၂၄ နိမိတ်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

စစ်ကောင်စီ ထောက်ပို့သင်္ဘော ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

"ရှိန်းမကားရဲစခန်းကို ထောက်ပို့ပစ္စည်းလာပို့တာ။ ကျနော်တို့က ရှိန်းမကားရဲစခန်းအနားရောက်ကာနီး ရွာသစ်ရွာထိပ်လောက်မှာ စပြီးတိုက်ပွဲဖြစ်တာ။ တိုက်ပွဲချိန်က ၂ နာရီကျော်လောက်ထိကြာတယ်။ အဲဒီအချိန်မှာ သူတို့သင်္ဘောဆက်မောင်းဖို့ အဆင်မပြေ‌တော့ဘူးပေါ့။ တိုက်ပွဲဖြစ်ပြီးရှေ့ကိုဆက်မသွားဘဲနဲ့ နောက်ကိုပဲပြန်မောင်းသွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10