မြေလတ်ပေးစာ (Podcast)
- ပြည်သူတွေကိုကူညီပေးသွားမယ့် ကျောင်းသားလက်ရုံးတပ်တော်ရဲ့ထုတ်ပြန်ချက် - အခုကာလမှာ တက်ကြွနေတဲ့ အုပ်ကြီးတွေကို ပြည်သူကဘယ်လိုမြင်သလဲ။ - တောင်နဝင်းဆည်က ငါးဖမ်းလှေတွေကို ဘယ်သူတွေက ပိုက်ဆံကောက်နေသလဲ။
- ပြည်သူတွေကိုကူညီပေးသွားမယ့် ကျောင်းသားလက်ရုံးတပ်တော်ရဲ့ထုတ်ပြန်ချက် - အခုကာလမှာ တက်ကြွနေတဲ့ အုပ်ကြီးတွေကို ပြည်သူကဘယ်လိုမြင်သလဲ။ - တောင်နဝင်းဆည်က ငါးဖမ်းလှေတွေကို ဘယ်သူတွေက ပိုက်ဆံကောက်နေသလဲ။
ရဲဘော်ကုလားဟာ မင်းလှမြို့နယ် ပဲခူးရိုးမက ခါချဉ်တောင်ကို တက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်က တနေကုန်နီးပါး တိုက်ခိုက်နေချိန် ညနေ ၃ နာရီလောက်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ကပစ်တဲ့ ကျည် ဦးခေါင်းထိမှန်ကျဆုံးခဲ့တာလို့ ပြောပါတယ်။
ပျက်စီသွားတဲ့ သေနတ်တလက်ကို ပြန်လည်ပြင်ဆင်ရာမှာ ပစ္စည်ဖိုးနဲ့ပြုပြင်ခအဖြစ် ငွေကြေးသတ်မှတ်ထားတာမျိုးမရှိဘဲ သေနတ်တလက်ပြင်ဆင်စားရိတ်အဖြစ် တပ်ဖွဲ့တွေကကျည်ဆံ ၃၀ တောင့်မှ ကျည်ဆံ ၄၀ တောင့် ပြန်ထောက်ပံ့ပေးကြတယ်လို့ သိရပါတယ်။
- အရာရှိငယ်သင်တန်းကို အမျိုးသမီး ရဲဘော် ၁၀ ဦးကျော်အပါအဝင် ရဲဘော် ၁၄၀ ပြီးမြောက်အောင်မြင် - ကား၊ ဆိုင်ကယ်တွေနဲ့လာတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ ၂ ဦးသေ၊ သေနတ် ၂ လက်ရ - အုတ်ဖိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်သေဆုံးမှုရှိ - ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက် ပျူစောထီး ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရ - မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့ - တော်လှန်ဘက်ပြောင်းဖို့တရားဟောတဲ့ ဘုန်းကြီးကို မြောက်ခင်ရန်းပျူစောထီး တွေခုတ်သတ် - မြိုင်နယ်တိုက်ပွဲမှာ ပျူစောထီး ၇ ဦးသေဆုံးပြီး ၅ ဦးဖမ်းဆီးခံရ - ရွှေဘို မြို့လှရွာကို စစ်တပ်က ၂ ကြိမ်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၆၀ ကျော်မီးလောင်ပျက်စီး - ကြိုးကြာကန်ရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီမီးရှို့ - ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူ ၆ ဦး ပုလဲပအဖထံခိုလှုံလာ
မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နဲ့ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို မနေ့က စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ဒေသခံနှစ်ဦးကို သတ်ခဲ့ပြီး ကျေးရွာ၂ ရွာက နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖပြန်ကြားရေးဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီအမြန်ရေယာဉ် ၁ စီးတိုက်ခိုက်ခံရပြီး သေဆုံးသူ ၇ ဦးရှိကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားကြတယ်လို့ တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တဦးကို ဖေဖေါ်ဝါရီလ ၁၅ ရက် မနက် ၉ နာရီက ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၂ က တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီဂိတ်စခန်းကိုသိမ်းဖို့ PDF တွေ ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ရဲ့ စခန်းတာဝန်ခံ ဒေါင်းဝေ ပြောပါတယ်။
စစ်သားနဲ့ပျူအင်အား ၇၀ ကျော်နဲ့ ဖေဖော်ဝါရီ ၂ ရက်ညပိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၃၈ အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၂၈ အိမ်နဲ့ စုစုပေါင်း ၂၆၆ အိမ် မီးလောင်ဆုံရှုံးပြီး အိမ် ၃၅ လုံးသာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
ကိုယ်တွင်းခုခံအားကောင်းမွန်ပြီး သွေးတွင်းအဆီကျစေဖို့ သပြေပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ မီးယပ်သွေးလွန်ရောဂါကို သပြေပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ကုသနိုင်သလဲ။ သပြေပင်ရဲ့ အသီးအပွင့်တွေကို လွန်ကဲစွာစားသုံးမိရင် ဘာတွေဖြစ်နိုင်သလဲစတာတွေကို နားဆင်ရမှာပါ။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့ အပေါ်မှာ သူတို့အမြင်၊ စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့သူတွေနဲ့ လူငယ်တွေကို သူတို့ပေးတဲ့ အကြံပြုစကား၊ PDF ထဲဝင်ချင်သူတွေအတွက် ပြင်ဆင်ထားပုံတွေနဲ့ အကယ်၍ ရှေ့တန်းစစ်မြေပြင်မှာ ထိပ်တိုက်ဆုံတွေ့ခဲ့ရင် ဘာတွေလုပ်ကြရမလဲ ဆိုတာတွေကို ပြောဆိုထားကြပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် The Way ရုပ်ရှင်အဖွဲ့သားတွေက စစ်ရှောင်အိမ်ထောင်စုတစုကို ဆန် ၃ ပြည်၊ ဆီ ၁ ပိသာနှုန်းဖြင့် အိမ်ထောင်စု ၈၂ စုအတွက် ထောက်ပံ့မှုကို မြောင်လူငယ်ကွန်ရက် YFC ကနေတဆင့် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း Bo Tiger-ဗိုလ်ကျားကြီးစခန်းမှာ ရဲဘော်တွေကို ပဲပြုတ်နဲ့ နံပြားကျွေးခဲ့တယ်လို့သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး PDF ၁ ဦးသေဆုံးခဲ့သလို ဖမ်းမိတဲ့ စစ်သား ၁ ဦးလည်း ဆေးဝါးကုသနေစဉ် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဆီက သိရပါတယ်။