ရုပ်သံ

ဘီးလူးစစ်ကြောင်းကဖမ်းထားတဲ့ ရဲဘော်ကိုသွားကယ်ရင်း တိုက်ပွဲဖြစ်လို့ စကစဘက်က ၁၀ ဦးသေဆုံးဟုဆို( ရုပ်/သံ)

"ပထမတော့ ကျနော်တို့ ရဲဘော်ကို ထင်းတန်းရပ်ကွက်ထဲမှာ ပက်လက်လှန်ထားတယ်။ အင်အား ၃၀ လောက်နဲ့ ကျနော်တို့ကို ထောင်ခြောက်ဆင်တာ။ ကျနော်တို့ဘက်က အင်အားများမှန်းသိတော့ သူတို့ကကျနော်တို့ရဲဘော်ကို ကားပေါ်တင်ပြီး ပြန်ပြေးတာ။"

ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အရာတော်အမြောက်တပ်ကို အမြောက်နဲ့သွားပစ် (ရုပ်/သံ)

"ကောင်တာပြန်ပစ်ခတ်တာမရှိတဲ့အတွက် ပစ်ခတ်ပြီး ပြန်လာခဲ့တယ်။ အမတ ၃၆၉ မှာ စစ်သားဘယ်လောက်နဲ့ အထိုင်ချထားတာဆိုတာ ခန့်မှန်းရခက်တယ်။ ပျူစောထီးတွေရော အဲ့ဒီတပ်ထဲမှာနေကြတာ။ သေဆုံးမှုကိုသိရအောင် ဒရုန်းလွှတ်ပေမဲ့ Jammer မိနေတာကြောင့်လွှတ်လို့မရဘူး"

ရွာက ပစ္စည်းတွေယူပြီးပြန်လာတဲ့ စကစတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ကင်းပုန်းဝပ်စောင့်နေတာ။ ရွာထဲမှာ ဝင်မွှေပြီး ထွက်လာတော့ အပိုင်စောင့်ပစ်ကြတာ။ စစ်သားတွေနောက်ကြောင်း ပြန်ပြေးသွားတယ်။ ၃ ယောက်သေတယ်၊ ၁ ယောက်က ဒဏ်ရာရတယ်"

အင်းတော်နယ် တိုက်ပွဲ စစ်ကောင်စီဘက်က ၁၅ဦးခန့် သေဆုံးပြီး PDFဘက်ကလည်း ဒဏ်ရာရသူများရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနောက်မြောက်ဘက် ၁၂ မိုင်အကွာက ရွာသာယာရွာအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အတွက် လေကြောင်းနဲ့ ဗုံးကြဲလို့ ဒဏ်ရာရသူတွေလည်းရှိတယ်

စစ်ကောင်စီတပ်တွေက ယနေ့နံနက်အစောပိုင်းမှာ အရာတော်နယ်က ကျေးရွာတရွာကို မီးတင်ရှို့သွား

“မနေ့ကဖမ်းသွားတဲ့ရွာသားတွေကို သူတို့ကပြောတယ် ငါတို့က အထက်အမိန့်အရ နယ်လှည့်တာ ငါတို့ကိုတော်လှန်ရင်တရွာလုံးကို မီးတင်ပစ်မှာဆိုပြီး ပြောတယ်။ မနေ့ကပစ်ခတ်မှုကလည်း လက်နက်အင်အားမမျှလို့ ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်လိုက်ရတယ်။ သူတို့ကရွာတောင်ပိုင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ဘုန်းကြီးတွေရဲ့ဖုန်းတွေကိုလည်သိမ်းထားတယ်။ မနေ့က သူတို့လက်နက်ကြီးတွေနဲ့ပစ်လို့ ရွာထဲက အမျိုးသားနှစ်ဦး လန့်ပြီးဆုံးသွားတယ်။ အသက်ကြီအဖွားတဦးလည်းရွာထဲမှာကျန်နေခဲ့တယ်”

ကျောက်ရစ်ရဲစခန်းက စစ်သားတွေ RPG နဲ့ ပစ်ခံရလို့ စစ်သား ၄ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ညနေပိုင်းမှာ ဘန်ကာရှေ့မှာ ကင်းသမားတွေက ဖဲထိုင်ရိုက်နေတယ်ပေါ့။ လုပ်မယ်ဆို လုပ်လို့ရတယ်ဆိုပြီး ပြည်သူတဦးကသတင်းပေးတာ။ သွားပြီးတော့ပစ်ခတ်ခဲ့တာ။ ပထမတော့ လက်နက်ကြီး RPG နဲ့ ၁ ချက်ပစ်တယ်။ နောက်ပိုင်း ကျနော်တို့လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ကျနော်တို့ပစ်ခတ်တဲ့အချိန်မှာ ၄ ကောင်သေတယ်။ ပစ်ပြီးတာနဲ့ ပြန်ဆုတ်လာခဲ့တယ်"

မြို့ပြ UG တွေရဲ့ တည်နေရာကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ (ရုပ်/သံ)

"ဘိုမြင့်နဲ့ သူ့မိန်းမ အပြင်သွားဖို့ ပြင်နေချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ဘိုမြင့်ရဲ့ခေါင်းကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ ဘိုမြင့်က သူ့ရပ်ကွက်ကသူတွေကို ဆဲဆိုတာတွေလုပ်တယ်။ ဧည့်စာရင်းတွေလာတင်ရင်လည်း ငွေကြေးတွေ အဆမတန်ကောက်တယ်။ သူ့ကြောင့်ဖမ်းခံရတဲ့ UG တွေလည်းရှိတယ်”

စခန်းသိမ်းခါနီးပြန်ဆုတ်ခဲ့ရတဲ့ ၃ရက်တာ ပဒူရွာတိုက်ပွဲ (ရုပ်/သံ)

မေလ ၁၉ ရက်မှာ ကံကြီးကုန်းရွာက ထွက်လာတဲ့ အင်အား ၇၀ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ ကံကြီးကုန်းရွာနဲ့ ပဒူရွာကြားမှာ စတင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် ၂၁ ရက်မှာ အင်းစောင်းရွာဘက်နေ တက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပြီး မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့တယ်

ပျူရွာက ကလေး ၂ ဦးအပါအဝင် ၇ ဦးကို ပေါက် PDFက ရှင်ပြုနားသပြုလုပ်ပေး (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက Young Revolution Front (YRF) တပ်ဖွဲ့ဟာ မေလ ၂၀ ရက်မှာ ပျူစောထီးရွာက ကလေး ၂ဦးအပါအဝင် မိဘမဲ့ကလေးနဲ့နွမ်းပါးတဲ့ကလေး ၇ ဦးကို ရှင်ပြုနားသပြုလုပ်ပေးခဲ့တယ်

ဆားတောင်မြို့မရဲစခန်း စီးနင်းခံရလို့ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ည ၆ နာရီ စတိုက်ပြီး တိုက်ခိုက်ချိန်က ၂ နာရီခွဲလောက်ကြာခဲ့ပါတယ်။ စခန်းထဲဝင်ကပ်ဖို့ စဲစဲမှာ ဂျက်ဖိုက်တာလာလို့ ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ဘက် ထိခိုက်မှုမရှိဘူး"

PDF ၁၀ ဖွဲ့ကျော် ပေါင်းတိုက်တဲ့ ပဒူရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး (ရုပ်/သံ)

“စစ်တပ်ဘက်က ၂ ရက်ပေါင်း ၃၀ ဝန်းကျင်သေတယ်ဗျ။ မိုင်းဆွဲတာ ၅ ယောက်လောက်သေတယ်။ ကျနော်တို့ဘက်က မိုင်းအရင်ဆွဲပြီးမှ တိုက်ပွဲစတာ။ ကျနော်တို့ဘက်က လူအင်အားသာပေမယ့် ရန်သူဘက်က ပစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရတာ"

မိုခါက ယတြာမကြောက်ဘူး

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "မိုခါက ယတြာမကြောက်ဘူး "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

မုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ ယင်းမာပင် တပ်ရင်း စခန်း၂ ခု မပြင်ဆင်နိုင်သေး (ရုပ်/သံ)

တပ်ဖွဲ့က ကြိုတင်ပြင်ဆင်ထားပေမယ့် အဲဒီနေ့ည ၁၀ ခွဲလောက်မှာ လေပြင်းတိုက်ကာ ရေကြီးလာတာ‌ကြောင့် ရဲဘော်တွေ ဘေးလွတ်ရာညတွင်းချင်း ရွှေ့ပြောင်းနိုင်ခဲ့ကြပေမယ့် စခန်းအတွင်းက လက်နက်ကြီးနဲ့ ခဲယမ်းတွေအပါအဝင် တပ်ဖွဲ့သင်ထောက်ကူပစ္စည်းတွေ အကုန်နီးပါးက ရေထဲပါသွားခဲ့တယ်

တပ်မ ၁၀၁ ပခုက္ကူကို ရှော့တိုက်ဒုံး ၅လုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

"တပ်မဌာနချုပ်ဝန်းက တော်တော်ကျယ်တယ်။ ပစ်တာကလည်း လက်လုပ်တွေနဲ့ဆိုတော့ ၃ လုံးပဲ ကျပေါက်ကွဲတာရှိတယ်။ ကျရောက်ပေါက်ကွဲမှုအခြေနေကို ဖရဲသီးအချို့ပြန်ပြောပြချက်အရ သိရတယ်။ စကစ တပ်ရဲ့ ထုံးစံအရ လူသေဆုံးရင် သတင်းဖုံးလို့ အခြေနေအသေးစိတ်ကိုတော့ မသိရဘူး"

ဘုရားဝန်းထဲ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၈ ဦး သေဆုံး (ရုပ်/သံ)

"ကျနော်တို့ဝင်တိုက်မယ်လို့ ဒီကောင်တွေက မထင်ဘူး။ ကျနော်တို့ ဒရုန်းနဲ့ဝဲကြည့်တဲ့အချိန်မှာ ဘန်ကာတွေထဲကို ဝင်ပြေးသွားတာ။ ကျနော်တို့ ဘန်ကာတွေအထဲကို လက်ပစ်ဗုံး ၄ လုံးပစ်ထည့်တယ်။ ဘုရားပေါ်မှာ တပ်စွဲထားတဲ့ကောင်တွေက ခံပစ်တာ။ ကျန်တဲ့သူတွေက မပစ်ဘူး။ ည ၇ နာရီ ၂၀ မိနစ်ကျော်မှ တိုက်ပွဲကပြီးတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10