ရုပ်သံ

မီးပြတ်လို့ ဆဲတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ် (ရုပ်/သံ)

လျှပ်စစ်မီးပြတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်တွေကို ဝေဖန်လို့ အဆိုတော် ဗျူဟာကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

မြိုင်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ပျူစောထီးရွာ ၂ ရွာ PDF တွေက ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

"တွင်းမပျူရွာကို ၉ လုံးစလုံး ချနိုင်ခဲ့တယ်။ ဖရဲသီးမရှိတော့ ထိခိုက်သေဆုံးမှု မသိရဘူး။ သရက်မှာတော့ စကစတွေနေတဲ့အိမ်တွေ ပျက်စီးသွားတယ်လို့သတင်းရပေမယ့် ထိခိုက်သေဆုံးတာမသိရဘူး။ ရဲစခန်းမှာလည်း အဆောင်တွေပျက်စီးတာရှိတယ်။ ထိခိုက်မှု မသိရသေးဘူး"

ရွှေညာမြေ (ရုပ်/သံ)

၆၀ မမ၊ တတောင့်ထိုး 5.56 သေနတ်၊ RC plane စတာတွေကို ထုတ်လုပ်ထားပြီး တလကို ၂ ကြိမ်လောက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲရင်ဆိုင်နေရပြီး အနည်းဆုံး တိုက်ပွဲပေါင်း ၄၀ လောက် တိုက်ခဲ့ပြီးဖြစ်တယ်လို့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ပကဖ ၁ ဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ဖော်ကောင်လုပ်နေလို့ တော်လှန်ရေးအဖွဲ့တွေအမြန် ပြောင်းရွှေ့ဖို့လို (ရုပ်/သံ)

"ပြောင်းရွှေ့တဲ့အခါမှာ စခန်းတွေကိုမဖျက်ဆီးဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းလာတဲ့အခါ မှာလည်း အသင့်အနေအထားဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်"

တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးခဲ့ပြီး သေနတ် ၂ လက်ပါရခဲ့တဲ့ ကပစ ၂၃ စစ်စခန်းကုန်းတိုက်ပွဲ (ရုပ်/သံ)

“လုံခြုံရေးမိုင်းတွေလည်း အထပ်ထပ်ကာထားတယ်။ အဲ့ဒါကို ကျနော်တို့က တက်ပြီးမှ သိမ်းတာပါဗျ။ သူတို့ဘက်က သေတဲ့သူတွေက ဒီတိုင်းပဲ အလောင်းတွေရတယ်။ မသေတဲ့ တချို့ တပ်သားတွေကတော့ လက်နက်တွေ ယူပြီးမှ ထွက်ပြေးသွားတယ်။ ကျနော်တို့က ပြင်းပြင်းထန်ထန် ကျားထိုးပြီးမှ ပစ်အားကောင်း ကောင်းနဲ့ ဝင်လိုက်တာဆိုတော့ ထွက်ပြေးသွားတဲ့အခြေနေမျိုးပါ။”

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင် (ရုပ်/သံ)

"စစ်ဆေးရေဂိတ်မှာ အခါတိုင်းက အင်အားကတော့ ၆ ယောက်ရှိတာ၊ ဒီနေ့ ၃ ယောက်ရှိတယ်၊ ၂ ကောင်ကတော့ ထွက်ပြေးသွားတယ်၊ ၁ ကောင်ကသေပြီး သေနတ်ကျန်ခဲ့တယ်"

အာဏာသိမ်းပြီး ၂ နှစ်ခွဲအကြာမှာ စက်လှေပေါင်း ၆၀ ကျော်ပါဝင်နိုင်ခဲ့တဲ့ ရေပေါ်သပိတ် (ရုပ်/သံ)

" အခု ရေသပိတ်လုပ်တဲ့နေရာတွေဟာ အရင်က ဆိုင်ကယ်တွေကားတွေနဲ့ လှည့်လည်သပိတ်ပြုလုပ်ခဲ့တဲ့နေရာတွေပါ။ အခြေနေတွေ ဘယ်ပုံစံပြောင်းသွားပါစေ ကျနော်တို့တတွေရဲ့အာဏာရှင်ကို မလိုလားတဲ့စိတ်ဓာတ်တွေ ပြောင်းလဲမသွားဘူးဆိုတာ သိစေချင်တဲ့အတွက် အခုလိုရေပေါ်သပိတ်ပြုလုပ်ရတာပါ"

စစ်တပ်အထိုင်ချထားတဲ့ ရှိမ်းမကားရဲစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ မပစ်ခင် မနက်စောစောက စခန်းထဲက ၁၇ ယောက်လောက်ထွက်ပြီး လက်နက်ကြီးနဲ့ ရွာသားတွေဘက်ကို ပစ်တာ။ မိန်းမသားတဦး လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒါနဲ့ ကျနော်တို့လည်း အဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲချတယ်။"

ကာကွယ်ရေးအဖွဲ့တွေဟာ စစ်တပ်နဲ့မခြားဘူးဆိုတဲ့အမြင်မျိုး ဖြစ်မသွားစေချင်ဘူး (ရုပ်/သံ)

လက်ရှိ စစ်ပွဲတွေအားကောင်းနေတဲ့ အညာဒေသမှာ စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေတာဖြစ်သလို လက်နက်ကိုင်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေထဲမှာလည်း ဥပဒေမဲ့ကျူးလွန်နေတာတွေ ဖြစ်လာနေတဲ့အတွက် ဒါတွေကို တားဆီးဖို့ လိုအပ်နေတာ‌ကြောင့် PDF တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကျင့်ဝတ်တွေ လိုက်နာအောင် အမျိုးသမီးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် မအေးမြင့်အောင်အောင်က သင်ကြားပေးနေတာပါ။

ခင်ဦးမှာ စစ်တပ်က စီးနင်းပစ်ခတ်လို့ ၃ နှစ်အရွယ်ကလေးငယ်အပါ ၂ ဦးသေဆုံးတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ(Podcast)

ဆိပ်ဖြူက ရွာချင်းဆက်လမ်းကို စစ်ကောင်စီဖျက်ဆီးပြီး ပြုပြင်ရင် အနီးကျေးရွာကိုမီးရှို့မယ် ခြိမ်းခြောက်တဲ့သတင်း၊ ကမ်းနီရေနံမြေက ရေနံစိမ်းတွေကို စစ်တပ်အရာရှိတဦးအပါအဝင် လူတစုက ခိုးထုတ်နေတဲ့သတင်း၊ ကလေး ဒကစမှူး ပြောင်းလဲပြီးနောက် စစ်ကောင်စီတပ်က ဓာတ်ငွေ့ထွက်တဲ့ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လာတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

မင်းအောင်လှိုင် ဘာကိုးကွယ်သလဲ (ရုပ်သံဆောင်းပါး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်အုပ်ချုပ်ရေးသက်တမ်းကို ၄ ကြိမ်မြောက် သက်တမ်းတိုးပြီး နောက်တနေ့မှာပဲ ဦးဆောင်အလှူ့ဒါယကာဘွဲ့ခံယူကာ နေပြည်တော်မှာ မာရဝိဇယဆင်းတုတော်အနေကဇာတင်ပွဲကို မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး တခမ်းတနား ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ မာရဝိဇယတည်ရာ နေပြည်တော်ကနေ အထက်ကို ကားနဲ့ ၃ နာရီကျော်သာသွားရတဲ့ စစ်ကိုင်းတိုင်း အညာဒေသရဲ့ လက်ရှိအနေအထားကို လေ့လာကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကို တကယ်ပဲ ကြည်ညိုကိုးကွယ်ရဲ့လားလို့ သံသယပွားစရာရှိလာပါတယ်။

မုံရွာက ဆပ်ကြေးကောက်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေပြီး သေနတ်ပါသိမ်းနိုင်ခဲ့ (ရုပ်/သံ)

"စစ်** ၅ ကောင်ရှိတဲ့အချိန်မှာ ကျနော်တို့က ကားနဲ့သူတို့ရဲ့ အနီးကပ်ကိုရပ်ပြီးတော့ ပစ်ခတ်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုကတော့ နေရာမှာပဲ ** ၄ ကောင်သေသွားပါတယ်၊ ၁ ကောင်ကတော့ လွတ်သွားတယ်၊ လွတ်သွားပြီး လမ်းဘေးကကျောက်ပုံဘက်မှာ ကာဗာယူပြီးပြန်ပစ်တာကြောင့် Gun ၁ လက်ပဲ ကောက်နိုင်ခဲ့တယ်"လို့ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

ထောက်ပို့ရထားနဲ့ စစ်ကောင်စီတပ်စွဲတဲ့နေရာ တိုက်ခိုက်ခံရလို့ ဗိုလ်မှူးတဦးအပါ ၈ ဦးသေဆုံး (ရုပ်/သံ)

“ထောက်ပို့ရထားက စားနပ်ရိက္ခာရော လက်နက်တချို့ရော ပါတယ်လို့သိရတယ်၊ အလယ် ၃ တွဲ ပျက်ကျတယ်၊ ဒရုန်းနဲ့တိုက်ခိုက်တာမှာ စစ်ကြောင်းမှူး ဗိုလ်မှူးနဲ့ သူ့ဘတ်စမန်းတကောင် သေလို့ လူနာတင်ကားနဲ့ ဆွဲထုတ်သွားတယ်၊ ၃ ပွင့်ဗိုလ်ထပ်ကြီးတယ်၊ ညနေ ယာယီစခန်းကို ဝင်ပစ်ပြီး ပြန်ဆုတ်တာ ၆ ကောင်ကျတယ်။" လို့ ဒေါင်းဖြူစစ်ကြောင်းအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

"အာဏာရှင်တို့ ပရိုမိုးရှင်းများ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ "မြင်မိ ကြားမိသမျှ အစီအစဉ်" ဒီတပါတ်မှာတော့ "အာဏာရှင်တို့ ပရိုမိုးရှင်းများ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကြားမှာ KNU-KNLAအပါ မဟာမိတ်အဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ် (ရုပ်/သံ)

"နယ်မြေစိုးမိုးရေး စစ်ဆေးရေးတွေကို ကျနော်တို့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကြားပေါ့၊ ဝေါနဲ့ သိမ်ဇရပ်မှာ လုပ်တာ၊ ပြည်သူတွေလည်း လိုက်နာကြပါတယ်။ ကျနော်တို့ စစ်ဆေးရေးကို မနက်ကနေ နေ့ခင်း ၃ နာရီလောက်အထိ လုပ်ခဲ့တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10