ရုပ်သံ

နေအိမ်တွေ မီးရှို့နေတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့နေတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်း ၈ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

“ဆင်ငိုမြက်ပင် ဆေးဖက်ဝင်” (Podcast)

အမျိုးသမီးသားအိမ်လျှောရောဂါအတွက် ဆင်ငိုမြက်ဟာ ဘယ်လိုအသုံးဝင်ပါသလဲ။ သွေးတိုး၊ ဆီးချိုရောဂါအတွက် ဆင်ငိုမြက်ကိုဘယ်လိုအသုံးပြုပြီးကုသနိုင်သလဲ။ ဆီးပူညောင်းကျနဲ့ ဂနိုရောဂါတွေအတွက် ဆင်ငိုမြက်ကိုဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကုနားဆင်ရမှာပါ။

ဖျက်အားပြင်းပေပါမိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူများ (ရုပ်/သံ)

စစ်ကြောင်းဟာ နှမ်းဆီကန်ရွာ ပြည်သူပိုင်နေအိမ်တွေက ရိက္ခာတွေယူပြီးထွက်လာတဲ့အချိန် ရွာလယ်မှာ ပေပါမိုင်း ၁ လုံးနဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာအပြင်းအထန်ရတယ်လို့ ဆိုပါတယ်။

မြေလတ်ပေးစာ (Podcast)

ဆီကိုတန်းစီဝယ်ယူနေရတဲ့ မြို့တွေဟာဘယ်မြို့တွေလဲ။ ရပ်ထဲရွာထဲမှာ လော်စပီကာသံဟာ ဘယ်လောက်ထိဒုက္ခပေးနေသလဲ။ အောင်လံမြို့လေးရဲ့ ညပိုင်းအခြေအနေဟာဘယ်လိုလဲ

ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု တပ်စွဲတဲ့နေရာ ၄ ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုများ (ရုပ်/သံ)

"တိုက်ပွဲကြာချိန်က ၁ နာရီကျော်ကြာတယ်၊ ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစုကလည်း လက်နက်ကြီး ပစ်ကူပေးတယ်၊ ကျနော်တို့ဘက်က သိမ်းတော့မသိမ်းနိုင်ဘူး၊ ရန်သူ့ဘက်က သာလွန်အင်အားနဲ့ နှစ်ဖက်ညှပ်ပြီးတိုက်တော့ နောက်ပြန်ဆုတ်လာခဲ့တာ"

နေပြည်တော်နဲ့ ၇ မိုင်အကွာလမ်းပိုင်းထိ PDF က ပြည်သူနဲ့တွေ့ဆုံကာ စစ်တပ်ထုတ်ကုန်များစစ်ဆေး( ရုပ်/သံ)

DF တွေ စစ်ဆေးမှုပြုလုပ်ခဲ့တဲ့နေရာနဲ့ ၅ မိုင်ခန့်အကွာ နေရာ ၃ ခုထက်မနည်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေနဲ့ အထိုင်တပ်ရင်းတွေတည်ရှိတာဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး တပ်ရင်းတွေအနီးအထိ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ ကျည်ပြတ်တောက်အောင် ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့သွားပစ် (ရုပ်/သံ)

"အခုလိုသွားပြီးပစ်ရတာက သူတို့က ကျည်အင်အားပေါတာကြောင့် ကျည်ကုန်အောင် သွားပစ်ကြတာ၊ ကျည်လမ်းကြော ပြတ်တောက်မှုတွေဖြစ်အောင် ရည်ရွယ်ပြီးတော့လုပ်တာ၊ သူတို့ကျည်တွေအားနည်းတဲ့ အချိန်ကြရင် စခန်းသိမ်းနိုင်အောင်အထိ ကြိုးစားမှာပါ၊ ကျနော်တို့က လက်နက်ကြီးတာဝေးပစ်တွေနဲ့ သူတို့စခန်းတည်နေရာကို ထုတယ်၊ ဂန်းငယ်နဲ့လည်း ပစ်တယ်၊ ၂ နာရီကျော်အကြာ ပစ်ခတ်ခဲ့တယ်၊ အဲ့ဒီစခန်းမှာက အင်အားက ၆၀ လောက်ပဲရှိတာ"

ကုလားရှင်ကျေးရွာ စစ်ဆေးရေးဂိတ် ၆၀ မမ နဲ့ ပစ်ခံရလို့ ပျက်စီး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာ စစ်‌ဆေးရေးဂိတ်မှာ အထိုင်ချနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်တပ် နတ်မောက် PDF အဖွဲက ပြောပါတယ်။

ရဲစခန်းထဲ လင်းတပြုတ်ကျလို့ ပွဲပေးကာ မောင်းတီးပြီးပြန်လွှတ်ပေးခဲ့ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရဲစခန်းထဲကို လင်းတ(လဒ)တကောင်ကျရောက်ခဲ့လို့ အုန်းပွဲငှက်ပျောပွဲတွေနဲ့ မောင်းတီးကာ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

ခလရ ၂၅၁ အရာရှိတဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ မြိုင်မြို့နယ်က တိုက်ပွဲ (ရုပ်/သံ)

တွင်းမကျေးရွာက ထွက်လာတဲ့ ခလရ ၂၅၁ ရဲ့ စစ်ကား ၃ စီးနဲ့ အင်အား ၁၂၀ ပါစစ်ကြောင်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်ကတည်းက မြိုင်မြို့နယ် သာစည်ကျေးရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ကိုစိုးဝင်းဆွေပြောပြတဲ့ စစ်ကိုင်းနိုင်ငံရေးနဲ့ စစ်ကိုင်းဖယ်ဒရယ်အရေး (ရုပ်သံအင်တာဗျူး)

"ကျနော်တို့နားလည်တဲ့ စုပေါင်းခေါင်းဆောင်မှု သဘောတရားသည် အိမ်ကြီးကို ကြိုဆောက်ထားပြီးမှ မင်းတို့လည်း နေလို့ရပါတယ်ကွာ၊ တခန်းစီပေးပါမယ်ဆိုတဲ့ ပုံစံက စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။ ဒီလိုလုပ်တာက စစ်တပ်က အမျိုးသားညီလာခံ ခေါ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကြိုဆွဲထားသလိုပဲပေါ့ဗျာ။ သူ့စိတ်ကြိုက် ၂၀၀၈ အခြေခံဥပဒေဆွဲထားပြီးတော့မှ ဒါဒီမိုကရေစီပဲ၊ မင်းတို့ဒီမိုကရေစီလိုချင်ရင် ဒီအထဲကို ဝင်လုပ်ကြလေဆိုတဲ့ပုံစံကြီးပေါ့။ ဒီလိုမျိုး ကိုယ်ကအထိုင်ချပြီးမှ ဝင်လာကြဆိုတာ စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။"

"ပထွေး ၂ ယောက်ကြား ဗျာများနေတဲ့ ကြင်စိုး" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "ပထွေး ၂ ယောက်ကြား ဗျာများနေတဲ့ကြင်စိုး"ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

မြို့သိမ်းတိုက်ပွဲတွေအတွက် အပြင်းအထန်လေ့ကျင့်နေတဲ့ Zero ပြောက်ကျား (ရုပ်/သံ)

မြန်မာနိုင်ငံနေရာတော်တော်များများမှာ စစ်ပွဲတွေ ပြင်းထန်နေချိန် မြေလတ်ဒေသထဲကိုလည်း ကူးစက်လာနေပြီဖြစ်လို့ ကာကွယ်ရေးရဲဘော်တွေဘက်က တိုက်ပွဲခေါ်သံ အဆင်သင့်ဖြစ်နေသလို စစ်ကောင်စီနဲ့ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာလည်း တိုက်ရည်ခိုက်ရည်ကောင်းမွန်လာအောင် အခုလို ကြိုတင်လေ့ကျင့်နေတာပါလို့ ဆိုပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားကလေးကို PDF ကယ်ထုတ် - စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမည် - စစ်အုပ်စုရဲ့ ဦးအောင်ဇေယျရွာတပ်စခန်းကို PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက် - ဖြူးနယ် ညောင်ပင်သာရဲစခန်းကို မဟာမိတ်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက် - တော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့ မော်လူးမြို့ရဲ့အခြေအနေ - လေယာဥ်ဗုံးကြဲခံရလို့ ပုလဲမြို့နယ် NUG တရားရေးတာဝန်ခံလင်မယားနဲ့ ၁နှစ်သားအပါ ၅ဦးသေဆုံး - ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ ၂ မိုင်နီးပါးတန်းစီစောင့်ဆိုင်းရ - ကျွန်းလှနယ်မှာ တနေကုန်လေကြောင်းနဲ့ ပစ်ခဲ့လို့ ဒေသခံ ၈ ထောင်ကျော်ထွက်ပြေးနေရ - ပခုက္ကူမှာ စစ်ကား ၃ စီးနဲ့ လုံခြုံရေးအဖွဲ့ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး - ဆားလင်းကြီးတွင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ပပျောက်စေရေး ပညာပေးဟောပြော - အုတ်ဖိုPDF စိုးမိုးနယ်မြေထဲက ရွာတွေကို ကွင်းဆင်းအသိပညာပေး

ပျူစောထီးတွေပါတဲ့ တပ်မ ၃၃ စစ်ကြောင်း ဆားတောင်မှာတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ဆားတောင်မြို့နယ်၊ ဆားတောင်မရဲစခန်းကနေ ထွက်လာတဲ့ ဆားတောင်ရွာပျူစောထီးအပါအဝင် တပ်မ ၃၃ စစ်သား အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ဆားတောင်မြို့နယ် ကူကြီးကုန်းရွာ စားသောက်ဆိုင်တွေအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10