တိုက်ခိုက်ရေးမှ မဟုတ်ဘူး၊ ကျရာတာဝန် ထမ်းမယ် ဆိုတဲ့ ယောသူ ရဲမေ မီ (အမျိုးသမီးကဏ္ဍ)
တော်လှန်ရေးအတွက် တပ်ဖွဲ့ထဲမှာ ကျရာတာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ရဲမေမီဟာ လက်နက်ကိုင်တိုက်ပွဲအတွက်ကိုလည်း အဆင်သင့် ဖြစ်နေသူပါ။ လက်ရှိမှာ အဖွဲ့က လက်နက်မပြည့်စုံသေးတာကြောင့် သေနတ်မကိုင်နိုင်သေးဘဲ အဖွဲ့မှာ ဘဏ္ဍာရေးတာဝန်ကို ထမ်းဆောင်နေပါတယ်။ တပ်ဖွဲ့ထဲမှာ နေရေး၊ စာရေးကအစ အခက်အခဲတွေကို မမှုတော့ဘဲ တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူးလို့လည်း ယတိပြတ် ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။