စစ်မှုထမ်းကြေးမတောင်းဖို့ပြောတဲ့ အဘိုးတဦးကို စစ်အုပ်စုကဖမ်းဆီး
“ပြည်သူတွေအဆင်မပြေလို့ စစ်မှုထမ်းကြေးမကောက်ဖို့နဲ့ စစ်တပ်ခိုင်းတိုင်းမလုပ်ဖို့ အုပ်ကြီးကိုပြောတာ။ အုပ်ကြီး ကိုမွှေးက အဲ့ဒီအကြောင်းကို စစ်တပ်ကိုပြန်ပြောလို့ လာဖမ်းသွားတာ။”
“ပြည်သူတွေအဆင်မပြေလို့ စစ်မှုထမ်းကြေးမကောက်ဖို့နဲ့ စစ်တပ်ခိုင်းတိုင်းမလုပ်ဖို့ အုပ်ကြီးကိုပြောတာ။ အုပ်ကြီး ကိုမွှေးက အဲ့ဒီအကြောင်းကို စစ်တပ်ကိုပြန်ပြောလို့ လာဖမ်းသွားတာ။”
“မနေ့ကတည်းက မနက်ခင်းမှာရော လေကြောင်းတိုက်ခိုက်မှု တမနက်လုံးလုပ်တယ်။ ပြီးတော့ ဒီမနက်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာ။ အခုချိန်ထိ စက်သေနတ်တွေရော ရော့ကတ်တွေရော ဗုံးသီးတွေရော ကြဲတယ်။ လေကြောင်းပစ်ခတ်မှုက တခါလုပ်ရင် နာရီဝက်ကြာတယ်။ အိမ်တွေတော်တော်များ မီးလောင်တယ်၊ ဘုရားတွေလည်း ပျက်စီးတယ်။”
“PDF တွေလာတယ်အထင်နဲ့ ရပ်ကွက်ထဲက အိမ်တွေဝင်ရှာ၊ မွှေပြီးတော့ လမ်းတွေထဲကို သေနတ်တွေနဲ့ပစ်တာ။ တောက်လျှောက်ကို မနားတမ်းပစ်တာ။ PDF တွေ ခင်ဗျားတို့ရပ်ကွက်ထဲကို လာလား၊ မြင်လားဆိုပြီး ပြည်သူတွေကို လိုက်မေးတယ်။ ခင်များတို့မလိမ်နဲ့ လိမ်ရင်သတ်ပစ်မယ်ဆိုပြီးလည်း ပြောတယ်။”
"တီတွဒ်မြောက်ဘက် ရေနံမြေမှာ ကနဦး တဦးကိုမမိခင် နှစ်ယောက်မိထားတယ်လို့ သိရတယ်။ ကျနော်တို့သိရသလောက်ကတော့ တောင်တွင်းကြီးကနေ စစ်မှုထမ်းတပ်သားသစ် စစ်သင်တန်းပေးဖို့ ခေါ်လာတာမှာ ဆင်းပြေးတာလို့ သိရတယ်။"
"အဲဒီအလောင်းနှစ်လောင်းကို သပြေသာနဲ့ ထနောင်းဝန်းရွာအစပ်မှာတွေ့တာ။ အမျိုးသမီးကိုတော့ အဓမ္မပြုကျင့်သတ်ထားတဲ့ပုံစံ တွေ့ရတယ်။ အမျိုးသားကျတော့ ရုပ်ပျက်နေပြီ။ ခု နှစ်ယောက်က စကစစစ်ကြောင်း ရွာကိုဝင်လာကတည်းက ဖမ်းခေါ်လာသူတွေလို့တော့ သိရတယ်"
“သူတို့ ဘိန်းမဲသယ်လာတာကို ကျနော်တို့စစ်ဆေးတာမှာ မိတာပါ။ ဘိန်းမဲ ၁ ပိဿာနဲ့ 88 စိတ်ကြွဆေး ၄၀၀ ပြားမိတာပါ။ ပစ္စည်းပိုင်ရှင်ကတော့ ကိုညိုကြီးပါ။ အဖော်လိုက်ပါသူကတော့ ကိုမြင့်ပါ။”
"ခုဖြစ်တဲ့ရွာက ရေအရမ်းကြီးတဲ့အထဲမပါဘူး။ ထုံးစံအတိုင်း အွန်လိုင်းကနေချိတ်ဆက်ပြီး အလှူရှင် ကလာလှူတာ။ လာလှူတဲ့ဒံပေါက်ကနေ အစာအဆိပ်သင့်တာ။ ဘာကြောင့် အစာအဆိပ့်သင့် တာလည်း ဆိုတာက ဓာတ်ခွဲမှသိရမှာကိုး။"လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
“အဲ့မှာရှိနေတဲ့သူ တော်တော်များများကလည်း စိတ်တွေက ပုံမှန်မဟုတ်တဲ့ ပုံစံမျိုးတွေ ဖြစ်တာပေါ့။ နေ့နေ့ညည လက်နက်ကြီးသံတွေ ကြားရတယ်၊ ဈေးတွေ သူတို့အိမ်တွေ မီးလောင်တာတွေ ကိုယ်တိုင် ကိုယ်ကျ မြင်နေရတယ်။ အဲ့နေရာက ကုန်းဆိုတော့ ဘယ်သူမဆိုမြင်ရတယ်။ မြို့က အောက်ချိုင့်မှာ။”လို့ လွတ်မြော က်လာသူတဦးက မြေလတ်အသံကို ပြောပါတယ်။
“ကျနော်တို့တွေက အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့တာ။ ရှေ့ကကျွံလာတဲ့ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး အဲ့ဒီထဲက ၁ ဦးကတော့ နေရာမှာတင်သေဆုံးသွားတယ်။ သေဆုံးတဲ့လူက ပျူစောထီးဖြစ်နိုင်ပါတယ်။ ကျန်တဲ့ကောင်တွေကလည်း ဒဏ်ရာရပြီးပြန်ဆုတ်သွားတယ်။”
လက်ရှိမှာ ဒေသခံတွေဟာ စားသောက်ဖို့ရိက္ခာ၊ သောက်ရေသန့်တွေ အရေးပေါ်လိုနေသလို ရေသန့်ဆေးတွေ အပါအဝင် ဆေးဝါး၊ သီးနှံမျိုးစေ့၊ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်၊ အဝတ်အထည်၊ အိမ်သာခွက်တွေနဲ့ တိရစ္ဆာန်အစာတွေလည်း လိုအပ်နေပါတယ်။
“ဦးမင်းရာက သစ်မှောင်ခိုလုပ်တာ၊ သစ်မှောင်ခိုလုပ်တော့ စကစ ဗိုလ်ကြီးတွေ ရဲတွေနဲ့ နဂိုထဲကသိမှာပေါ့၊ အဲ့တာက တကြောင်း၊ နယ်မြေခံတပ်ရင်းတခုက စစ်ကြောင်းလာမယ်ဆိုတုန်းက သူ့ ရွာနားမှာ မိုင်းတွေ သွားကာတာ၊ အဲ့မိုင်းတွေကို ဦးမင်းရာက သူ့လူတယောက်ကို ဖျက်ခိုင်းတာ၊ အဲ့တာတွေတကြောင်းကြောင့် ဒလန်လို့ ယူဆတယ် ထင်တယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတဦးက ပြောပါတယ်။
"နေ့ရောညပါ လူဖမ်းပွဲလုပ်နေကြတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူဆို ဖမ်းတယ်။ အဲ့ဒီနယ်မှာ မတရားဖမ်းဆီးတာတွေရှိနေလို့ ရှင်းခဲ့တာပါ။ စခန်းမှူးရော ကိုသက်ပါ သေတယ်"
တပ်ရင်းအတွက် လိုအပ်တဲ့ရိက္ခာတွေကို ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေနဲ့ ဝယ်ကြတယ်လို့ ဆိုပါတယ်။ ရိက္ခာတွေ ဝယ်တဲ့အခါမှာလည်း ပြည်သူတချို့ကပဲ စျေးမှာသွားဝယ်ပေးပြီး ရဲဘော်တွေ လာသယ်ဖို့ လမ်းအဆင်ပြေတဲ့နေရာအထိ ပို့ဆောင်ပေးကြတယ်လို့ ဒုတပ်ရင်းမှူးစူပါ ကပြောပါတယ်။
"ကျမတို့ရောက်ခဲ့တဲ့ ဆူးပန်းရွာဆို ရွာထဲဝင်လိုက်တာနဲ့ သက်ကြီးဘိုးဘွားတွေက သူတို့အိမ် အခြေနေတွေကိုပြတယ်။ ဘာဆိုဘာတခုမှမကျန်တာ။ အချို့ဆိုအိမ်ရောဝိုင်း(ခြံ)ရော ပျောက်သွားတာ။ အဲ့လိုလူတွေလည်းအများကြီးပဲ။ ရွာတခုလုံးမှာ အကောင်းတိုင်းကျန်တာတခုမှမရှိဘူး။”
“(ချင်းတွင်းမြစ်ထဲမှာ) တံငါစက်လှေတွေလာတာကို PDF လာတာထင်ပြီးပစ်တာ၊ အိမ်ထဲမှာရှိတဲ့ မိခင်ဖြစ်သူနဲ့ သမီးဒဏ်ရာရတယ်၊ အိမ်ခေါင်မိုးလည်းပွင့်သွားတယ်၊ မိခင်ကတော့ မျက်လုံးမျက်ဆံ ဒဏ်ရာရပြီး ကလေးကတော့ ဒဏ်ရာရပေမဲ့ စိုးရိမ်ရတဲ့အနေအထား မရှိပါဘူး။”