ရေဆက်တိုက်တက်နေတဲ့ တောင်ငူမှာ ဒေသခံတချို့ပိတ်မိပြီး အရေးပေါ်အကူညီလိုအပ်နေ
“မနေ့က (စက်တင်ဘာ ၁၂) ညနေ ၄ နာရီနောက်ပိုင်းလောက်ကနေ တညလုံးနီးပါးပဲ ရေတက်လာတာ။ သွားလာလို့ မရတော့အောင် ဖြစ်သွားပြီ။ ဒိုးအင်းရွာထဲမှာလည်း လာကယ်မဲ့သူကမရှိ။ ကျနော် ညကတည်းက လိုက်ပြီးတော့ (ဖုန်း)ပတ်ဆက်နေတာ မနက်အထိပဲ။ ဘုန်းတော်ကြီးကျောင်းရဲ့ ဆင်းဆင်းချင်းမှာ လှေကား ၉ ထစ်ရှိတယ် အခု ၄ ထစ်ပဲပေါ်တော့တာ။ ”