သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို သပိတ်လှုပ်ရှားမှု ကလေးမြို့မှာ ပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

စဉ့်ကူးနယ်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် ဒေသခံတချို့ နေရပ်မပြန်နိုင်သေး (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးနောက် ထပ်မံဝင်ရောက်ဖို့ကြိုးစား နေတာကြောင့် ဒေသခံတွေဟာ ၃ ရက်ကြာတဲ့အထိ ရွာထဲပြန်မဝင်ရသေးဘဲ တိမ်းရှောင်နေရတယ်လို့ စဉ့်ကူးမြို့နယ်ပကဖထံက နေသိရပါတယ်။

စဉ့်ကူးနယ်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် ဒေသခံတချို့ နေရပ်မပြန်နိုင်သေး

"တရော်ပင်ကို သူတို့(စစ်တပ်) နယ်မြေစိုးမိုးမှုယူချင်တာ။ ယူလို့မရသေးလို့ နောက်ပြန်ဆုတ်လိုက်၊ ပြန်တိုးလိုက်နဲ့ အပြည့်အဝတော့ နယ်မြေမငြိမ်သေးဘူး "

စစ်ယာဉ်တန်းကိုဒရုန်းဗုံးချခဲ့တဲ့နေရာတဝိုက် နယ်မြေရှင်းလင်းရေးလုပ်၊ စစ်သား ၂ လောင်းနဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေရရှိ

“ ကန်တော်နဲ့ ၁ မိုင်ခွဲလောက်ဝေးတဲ့ ကံရပ်ကြီးဘုန်းကြီးကျောင်းရဲ့ခေါင်းရင်းမှာ သေဆုံးတဲ့ စစ်သား အလောင်း ၂ လောင်းကို မြှုပ်ထားခဲ့တာတွေ့ရတယ်။ ဒရုန်းဗုံးချတာမှာ ဗုံးစထိပြီးသေတဲ့ကောင်တွေကို ဝင်မြှုပ်သွားတာလို့သိရတယ် ”

သရက်ကွရွာက ပျူစောထီးတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

သရက်ကွရွာအတွင်းမှာ ပျူစောထီးအင်အား ၆၀ ခန့်ရှိပြီး ဒီနေ့ မနက် ၁၀ နာရီလောက်ကနေ နေ့လယ် ၁၂ နာရီကျော်အထိ ဒရုန်းနဲ့ ဗုံးကြချခဲ့တာလို့ Ghost Of Enemies - GOE Revolution Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အမြန်လမ်းမှာ လူ ၃၀ နီးပါးတင်လာတဲ့ မီနီထရပ်ကား တိမ်းမှောက်လို့ ၁၆ ဦး ဒဏ်ရာရ

"အရှိန်များပြီး စလစ်ဖြစ်မှောက်တာလို့တော့ သိရတယ်။ ကံကောင်းတာက တယောက်မှ မသေသွားဘူး။ ယာဥ်မောင်းတယောက်ပဲ စိုးရိမ်ရတယ်"

စစ်တပ်နဲ့ပေါင်းသွားတဲ့ PDF ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့နယ်မြေတွေကို ၄ ရက်ကြာတိုက်ခိုက် နှစ်ဖက်အကျအဆုံးရှိ (ရုပ်/သံ)

စစ်တပ်နဲ့ပေါင်းသွားတဲ့ YOMA GBK PDF တပ်ဖွဲ့ဝင်ဟောင်း စလိုင်း(ခ)လိုင်းယွန်းဦးဆောင်တဲ့ အင်အား ၉၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမတောင်ခြေမှာ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။

စစ်အုပ်စုက လုံခြုံရေးပေးနေတဲ့လောင်းကစားဝိုင်းကို PDF က ဝင်ဖမ်းပြီးပစ်ခတ်မှုဖြစ်

"ပြည်သူတွေ သတင်းပေးလို့ ဝင်ဖမ်းတာ။ စကစအဖွဲ့တွေကလည်း ကစားနေသူတွေကြားထဲ ရောနေတာဆိုတော့ ပစ်ခတ်ဝင်လို့အဆင်မပြေတာကြောင့် သေနတ်မိုးပေါ်ထောင်ဖောက်လိုက်တာ။ အဲ့အချိန် အကုန်ထွက်ပြေးကြတာ။ စကစနဲ့ပြည်သူစစ်အဖွဲ့တွေရောပဲ။ သူတို့ပြေးလို့ ခပ်လှမ်းလှမ်း ရောက်မှ ကျနော်တို့ဘက်ကို ပြန်လှည့်ပစ်တာ။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ပြန်ပစ်ရတာ"

မိုင်းဆွဲဖို့စောင့်နေတဲ့ PDF တွေ အဝိုင်းခံရပြီး စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်

“စစ်တပ်က လာဝိုင်းတာ၊ ရဲဘော်တွေက စစ်တပ်တက်လာတာကိုမြင်ပြီးတော့ အပြန်အလှန် ပစ်ခတ်ကြတယ်။ စစ်တပ်ဘက်က လက်နက်ကြီးသမားကို အရင်မှန်တာ၊ ဒုတိယတဦးက လက်ကိုမှန်တော့ ပြတ်သွားတယ်။ နောက်တဦးက စိုင်ကောင်းစခန်းရောက်တော့ ထပ်သေတယ်”

နေအိမ်ကိုပြန်ဝင်တဲ့ တပ်ပြေး ၁ ဦးကိုစစ်ကောင်စီအဖွဲ့က ပစ်သတ်ပြီး ဇနီးဖြစ်သူကိုဖမ်းဆီး

"သူကတပ်ပြေးအမှုအပြင် စကစ ၃ ယောက်ကို ဓားနဲ့ခုတ်မှုနဲ့ စကစဘက်က သူ့ကိုပစ်မိန့်ပေးထားတာ။ သူက ရှောင်ပြေးနေတာကြာပြီ။ သူအိမ်ပြန်ရောက်နေတာကို တစ်ယောက်ယောက်က သတင်းပေးလိုက်လို့ နေမယ်။ စကစအဖွဲ့က ရောက်လာပြီး ဝိုင်းပစ်သတ်သွားတာ"

ပေါက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ ခလရ ၂၅၈ က စစ်သားတွေပါ။ ရွှေဘုံသာကျေးရွာမှာ တထောက်နားတယ်။ ရွှေဘုံသာကျေးရွာက ပျူစောထီးတွေနဲ့အတူ ပေါက်မြောက်ပိုင်းကို ထွက်လာကြတာ၊ ပေါက်မြို့နယ်မြောက်ပိုင်း တောထဲမှာဖြစ်တာ။ တဖက်နဲ့တဖက် မီတာ ၅၀ လောက်ပဲဝေးတယ်။ ပစ်ခတ်တိုက်ခိုက်ချိန်က ၁ နာရီခွဲလောက် ကြာတယ်။ ၂ ဦးကတော့ သေဆုံးတာ မျက်မြင်ကိုယ်တွေ့မြင်ခဲ့တယ်။ ဒဏ်ရာရတာက ၃ ဦးလောက်ရှိတယ်။ ရဲဘော် ၂ ဦးကတော့ ဖိုတီးစမှန်တာ၊ မစိုးရိမ်ရပါဘူး။"

မင်းတုန်းနယ်က အများပြည်သူသုံးတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေထောင်

“တောင်ယာသွားတဲ့လမ်းတွေ၊ သစ်ထုတ်တဲ့လမ်းတွေ၊ နွားပို့တဲ့လမ်းတွေမှာ ထောင်ထားတာ။ စစ်ရေးပစ်မှတ် နေရာတွေလည်း မဟုတ်ဘူး။ အများပြည်သူ သွားတဲ့လမ်းတွေ၊ လမ်းဆုံတွေဆို ပိုထောင်တယ်။ မလွတ်အောင်ပေါ့၊ ဒီကောင်တွေက ပျိုးကြဲသလိုပဲ မိုင်းကွင်းတကွင်းကို ၂၅ လုံးလောက် ထောင်ထားတာ။ အဲ့မိုင်းတွေနင်းမိလို့ အသက်ဆုံးရှုံးခဲ့တာတွေ ရှိတယ်။”

စစ်မှုထမ်းဥပဒေကိုရှောင်ပြီး PDF တွေဆီရောက်လာတဲ့ လူငယ်‌ ၄ ဦးထွက်ပြေး၊ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်ဆိုပြီး အခမ်းအနားနဲ့ကြိုဆို (ရုပ်/သံ)

“ PDF တော့ မဟုတ်ဘူးပေါ့။ သင်တန်းတက်နေရင်းကနေ မပြီးမြောက်သေးဘဲ ထွက်ပြေးသွားတဲ့ ကလေးတွေပေါ့ ”

လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်းဆောင် ပြောဆိုပြန်

စစ်ခေါင်းဆောင်က ၄င်းတို့အနေဖြင့် လာမယ့်အောက်တိုဘာလအတွင်းမှာ လူဦးရေနဲ့သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့တာပါ။

နတ်တလင်းမြို့အုပ်ချုပ်ရေးအဖွဲ့က KTV ညလုံးပေါက်သီဆိုကြလို့ မြို့ခံတွေအခက်တွေ့

“မူးရူးပြီး သံသေးသံကြောင်နဲ့ သီချင်းဆိုနေတာကြတာ။ အနီးဝန်းကျင်က လူတွေ ဘယ်လိုမှ မခံနိုင်ဘူး။ အသက်အရွယ်ပိုင်း ကြီးသူတွေရော ကျောင်းသားလေးတွေရောရှိနေတာ အားလုံး ဒုက္ခ‌ရောက်ကြတယ်။ တိုင်မယ်လုပ်တော့လည်း ညဉ့်နက်သန်းခေါင်လာသူတွေက KTV ပိုင်ရှင်နဲ့ ပိုင်ရာဆိုင်ရာ(စစ်အုပ်စုဝင်)တွေဖြစ်နေတော့။ ပြည်သူတွေ ဘယ်သူ့ အားကိုးရမလဲ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10