သတင်း

မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ (ရုပ်/သံ)

" ဆရာတော်ဟာ သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးသွားဖို့ ပဲခူးကနေ ကြွသွားတာပါ။ လေဆိပ်ကအထွက်မှာ လုံခြုံရေးစစ်သားတွေက စစ်ဆေးဖို့ရပ်ခိုင်းပါတယ်။ ဆရာတော်ကိုလာကြိုတဲ့ကားသမားက သွားခိုင်းတယ်ထင်ပြီး မောင်းထွက်ချိန်မှာ အနောက်ကနေလိုက်ပစ်တာပါ။ ကားပေါ်မှာ ဆရာတော်ရယ်၊ ကားသမားရယ်၊ လာကြိုတဲ့ဆရာတော်တပါးရယ် ၃ ယောက်ပါပါတယ်”

ရှေ့တန်းတနေရာမှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ (ရုပ်/သံ)

အခမ်းအနားမှာ "ခွန်းအားဖြည့်မိငယ်"သီချင်းကိုသီဆိုတာ၊ ကဗျာရွတ်ဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖမ်းဆီးခံ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းခဲ့ကြတာအပြင် မြန်မာပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ရမယ်လို့လည်း ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အရာတော်နဲ့ မြင်းမူမှာ ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် သပိတ်အဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြင်းမူနဲ့ အုတ်ဖိုမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြုလုပ် (ရုပ်/သံ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် DK PDF MMU တပ်ဖွဲ့နဲ့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်‌ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို တို့က သက်ဆိုင်ရာဒေသတွေမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဆေးကုသမှုခက်ခဲတဲ့ဒေသက စစ်ရှောင်တွေကို ဆေးကုသပေး

"ဆေးကုဖို့ ခေါ်တာကတော့ ခဏခဏပါ။ ဆေးဝါးပြတ်တဲ့အထိ နေရာစုံ ကုပေးနေရတယ်။ ဒီရွာကုပေးရင် တခြားရွာတွေကလည်း ခေါ်ကြတယ်။ အခုလည်း ပြည်သူတွေ ထောက်ပံ့မှုနဲ့ အမေစုမွေးနေ့မှာ ကုသပေးရတာပါ"

ပခုက္ကူနယ်က PDF စခန်းစီးနင်းခံရပြီး ရဲဘော် ၂ ဦး အပါ ၃ ဦးအသတ်ခံရ၊ သေနတ် ၄ လက် ဆုံးရှုံး

" ခုခံရင်း အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်တော့ဖြစ်တယ်။ စခန်းထဲမှာ ဖမ်းဆီးခံရတဲ့ ရဲဘော်တယောက်နဲ့ ထမင်းချက်တယောက်ကို ခေါင်းကိုပစ်သတ်သွားတာ။ ကျန်တယောက်ကတော့ ခန္ဓာကိုယ်ကိုထိသွားတာ။ သေနတ် ၄ လက်ဆုံးရှုံးတာကို **တွေတင်ထားတာတော့ ၃ လက်ပဲတင်ထားတယ် ၊ ဘာလို့လဲတော့မသိဘူး "

မန္တလေးတိုင်းက ဒေသခံတော်လှန်ရေးအဖွဲ့တွေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံနဲ့ သပိတ်ကျင်းမြို့နယ်ရှိ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ဇွန် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် တပ်ဖွဲ့အခြေစိုက်ရာ ဒေသတွေမှာ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့တွေဆီက သိရပါတယ်။

မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်ပြီး ယာဉ်မောင်းသေဆုံး

" ဆရာတော်က သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးသွားဖို့ ပဲခူးကနေ ကြွသွားတာလို့ သိရတယ်။ လေဆိပ်ကအထွက်မှာ လုံခြုံရေးစစ်သားတွေက စစ်ဆေးဖို့ရပ်ခိုင်းတယ်တဲ့။ အဲ့ဒါကို ဆရာတော်ကိုလာကြိုတဲ့ကားသမားက သွားခိုင်းတယ်ထင်ပြီး မောင်းထွက်သွားတာမှာ အနောက်ကနေလိုက်ပစ်တာ။ ကားပေါ်မှာ ဆရာတော်ရယ်၊ ကားသမားရယ်၊ လာကြိုတဲ့ဆရာတော်တပါးရယ် ၃ ယောက်ပါတာ”

စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခု တပြိုင်တည်းတိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

"တာပြတ်ဂိတ်ကိုက အပြီးသိမ်းနိုင်ဖို့ အစီအစဥ်ဆွဲသွားတာ။ ဟိုရောက်တော့ RPG ရော၊ ၄၀ (ဗုံး)သီးတွေရော error တက်တာ၊ ကျည်မလုံလောက်တာကြောင့် မသိမ်းလိုက်နိုင်ဘူး။ ၃ နေရာစလုံးမှာတော့ တိုက်ပွဲက အချိန်တော်တော်ကြာဖြစ်ခဲ့တယ်"

အညာဒေသက PDF တပ်ဖွဲ့တွေမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပွဲပြုလုပ်

အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ ပခုက္ကူခရိုင် Shwe Nyar Myae PDF၊ Khut Dawn Company Saw PDF၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း ၃ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ကို ဆုတောင်းရင်း ပန်းသပိတ်ပြုလုပ်ခဲ့ကြတာပါ။

ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ

ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဥ်းသူ ၃၀ ကျော်နဲ့ ဒိုက်ဦးထောင်မှာရှိတဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း ၅၀ ကျော်ကို ဦးစီးအရာရှိ ကျော်ဇေယျ၊ မျိုးသီဟအောင် (၁ ပွင့်)၊ မင်းဇော်သိန်း (၁ ပွင့်)၊ အဆောင်မှူး ကိုလေးမြင့်တို့က ဦးဆောင်ကာ အမျိုးသားဝန်ထမ်း ၂၀ ခန့်က သေနတ်ပစ်ဖောက်ပြီး လေးခွနဲ့ ပစ်တာ၊ ရာဘာတုတ်၊ သစ်သားတုတ်၊ ကျစ်ကြိုး စတာတွေနဲ့ ရိုက်နှက်ခဲ့တာအပြင် ကျဥ်စက်နဲ့ တို့တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ ပန်းပန်တဲ့အမျိုးသမီး တဒါဇင်လောက်ကို စစ်တပ်က ဖမ်းဆီး

"အရပ်ဝတ်တွေ ချထားတာ။ အဲဒီလူတွေက သတင်းပေးပုံပဲ။ ဆိုင်ထဲအထိ ဝင်ဖမ်းတာ"

ပြည်မြို့နယ်မှာပြုလုပ်တဲ့ သံမဏိနှင်းဆီ ပန်းသပိတ်

" ပြည်မြို့နယ်ကပြည်သူတွေပါဝင်သလိုပဲ တော်လှန်ရေးပြီးဆုံးအထိ မြန်မာတနိုင်ငံလုံးနဲ့အတူ အညာသူအညာသားဒေသသူတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာ ပြောချင်တယ်"

ဝက်လက်မြို့ပေါ်ကို ပန်းပန်ပြီး ဈေးလာဝယ်တဲ့ အမျိုးသမီး ၄ ဦးကို စစ်တပ်က ဖမ်းဆီး

" ဖမ်းဆီးခံရတဲ့ သူတွေက ဘယ်သူဘယ်ဝါလဲဆိုတာတော့ ကျနော်တို့လည်း လိုက်ထောက်(စုံစမ်း)နေတုန်းပဲ။ မြို့ပေါ်မှာ သူတို့(စစ်ကောင်‌စီ)တွေ အင်အားတွေဖြန့်ထားတယ်။ လိုက်ပတ်နေတယ်၊ ကပ်လို့တောင်မရသေးဘူး"

ခရီးသည်တင်ကားခေတ္တရပ်နားချိန် အပေါ့ဆင်းသွားတဲ့အမျိုးသမီး ကားတိုက်ခံရပြီးသေဆုံး

"သူက လူများလို့နေမယ်။ ကားအနီးမှာအပေါ့မသွားဘဲ လမ်းတဖက်ကြောကိုကူးပြီး သွားတယ်။ အပေါ့သွားပြီး ပြန်လာချိန် လမ်းအကူးမှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်သွားတဲ့ကားက ဝင်တိုက်တာ။ ကားတွေကအရှိန်မြန်၊ မှောင်ကလည်းမှောင်နေတော့ တိုက်မှန်းတောင်မသိကြဘူးထင်တယ်။ ပြီးတော့ တစီးပြီး တစီးတက်ကြိတ်သွားတာ ခန္ဓာကိုယ်ကကြေမွနေတာပဲ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10