သတင်း

BNRAရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ ပြုလုပ်

အဲ့ဒီအခမ်းအနားကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်နဂါး တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ကို ချီးကျူးခဲ့တဲ့ သီတဂူဆရာတော်က ဆရာတော်ကြီးပျံလွန်တော်မှုရခြင်းအပေါ် သည်းခံ၊ မေ့ပျောက်ကြဖို့ မိန့်ကြား

“ ၁ သည်းခံခြင်း၊ ၂ ခွင့်လွှတ်ခြင်း၊ ၃ မေ့ပျောက်ခြင်းရယ် အဲ့ဒီတရားသုံးပါးဟာ ယူနိုက်တက်ရယ်၊ ယူနီယံရဲ့ အခြေခံဖောင်ဒေးရှင်းဖြစ်ပါတယ်။ ဘုရားတပည့်တော်တို့ရဲ့ ဗုဒ္ဓသာသာနာတော်ကြီးကို ဒီသုံးပါးအခြေခံပြီး တည်ဆောက်ရမှာဖြစ်တော့ အားလုံးသောသံဃာတော်များ၊ ခွင့်လွှတ်တော်မူကြပါ၊ မေ့ပျောက်အောင် ကြိုးစားတော်မူကြပါ၊ သည်းခံတော်မူကြပါ၊ စိတ်ဆိုးမှုတွေကို ထိန်းသိမ်းတော်မူကြပါ”

စပါးပေါင်းသတ်ဆေးသောက်လိုက်တဲ့ စစ်ရှောင်ကလေး ၁ဦး အရေးပေါ်ဆေးရုံတင်ထားရ

" (ပိုးသတ်ဆေးကို) ရေသောက်သလို သောက်ပစ်တာ။ ဘာစိတ်ညစ်စရာရှိနေလဲတော့မသိဘူး။ ကလေးတွေက စစ်ရှောင်နေရတာကြတော့ စိတ်ဒဏ်ရာရှိနေပုံရတယ်။ ကျောင်းပိတ်လို့ အိမ်ခဏပြန်ချိန်မှာ လုပ်လိုက်တာ။"

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခံရမှု စစ်တပ်အမှားမဟုတ်ဆိုတဲ့သဘော ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ကံမရွာဘက်ကနေ မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစီးနဲ့ တွေ့ဆုံခဲ့ရာမှာ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း၊ သေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့သော်လည်း ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာဖြစ်ပါတယ်။

ဆင်ဖြူရှင်တံတားအနီး စစ်ကောင်စီသင်္ဘော ၂ စီးကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်သလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အနီးဆုံးနေရာကနေ မှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

PDF ၁ ဦးအတွက် မွေးနေ့လက်ဆောင် ပစ္စတိုသေနတ် ပေးအပ် (ရုပ်/သံ)

အထူးထောက်လှမ်းရေးအရာရှိ ကိုဖြိုး(ခ)အိုင်အို (IO)ရဲ့ ၃၅ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန် ၂၀ ရက်မှာ တပ်ရင်းမှူးက သူကိုင်ဆောင်နေတဲ့ ၆၅ သိန်းတန် ပစ္စတိုသေနတ် SIG P320 အမျိုးအစားကို မွေးနေ့လက်ဆောင်အဖြစ် ချီးမြှင့်ပေးလိုက်တယ်လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်း ကပြောပါတယ်။

ပြည်မြို့မှာ ရဲသတင်းပေးလားမေးပြီး ဓားနဲ့ထိုးလို့ အမျိုးသား ၁ ဦးသေ

"ရဲသတင်းပေးလားမေးပြီးတော့ ရင်ဘတ်ကို ဓားနဲ့ သုံးလေးချက်လောက်ထိုးပြီး ပြေးသွားတာ။ အထိုးခံရသူက ပြန်လည်ခုခံတာတောင် မလုပ်နိုင်ဘူး"

ဖြူးက ရဲနဲ့စစ်ကောင်စီပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ လက်နက်အချို့သိမ်းဆည်းရမိ

"အဲဒီစခန်းက စကစနဲ့ရဲ ပူးပေါင်းစောင့်တဲ့ လမ်းကင်းစခန်းတစ်ခုပါ။ ပူးပေါင်းတပ်တွေဘက်က အချိန်ကောင်းစောင့်ပြီး ဝင်တိုက်ကြတာ။ စကစတွေဘက်က အချိန်အကြာကြီးတောင် ခုခံပြီးတိုက်ကြတာမဟုတ်ဘူး။ ဆုတ်ပြေးသွားကြတယ်။ လက်နက်အချို့ ရလိုက်တာရှိတယ်"

ဆိပ်ဖြူမှာတိုက်ပွဲဖြစ်ပြီး PDF ရဲဘော်တဦးကျဆုံး

"ပစ်ခတ်မှုဖြစ်စဉ်မှာ ကျနော်တို့ဘက်က လက်နက်အင်အား ကျည်အင်အားမလုံလောက်မှုကြောင့် ဆုတ်ပေးခဲ့ရတယ်။ ကျ‌ဆုံးရဲဘော်ရဲ့ Body မကောက်နိုင်ခဲ့ဘူး"

စစ်သင်္ဘော ၂ စီး ချင်းတွင်းမြစ်အတွင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"စစ်သင်္ဘောက ဧရာဝတီမြစ်ဘက်ကနေ ချင်းတွင်းမြစ်‌ကြောင်းဘက်ကိုဆန်လာတာ၊ ၁၉ ရက်နေ့က စဆန်လာတာ၊၂၀ ရက်နေ့မှာ ပခုက္ကူ ဆင်ဖြူရှင်တံတာမှာညအိပ်တယ်၊ ၂၁ ရက်မှာ ချင်းတွင်းမြစ်ကြောင်းအောက်ဘက်ကို ဆန်လာပြီး ဆားလင်းကြီးမြို့နယ်အနီးအနားတဝိုက်မှာ ရောက်ရှိလာတော့ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပြီးပစ်တာ"

စစ်ရှောင်စာသင်ကျောင်းက ကလေးတွေကို ဗလာစာအုပ်ထောက်ပံ့ပြီး အာဟာရကျွေးမွေး

"ကလေးငယ်တွေက အဆင်မပြေတာများပါတယ်။စာရေးကိရိယာဆိုလည်း ပြည့်စုံအောင်မရှိကြပါဘူး။ မိဘတွေက ကြုံရာကျပန်းအလုပ် လုပ်ကြသူတွေပါ။ထောက်ပံ့ကျွေးမွေးတဲ့အတွက် ဝမ်းသာရပါတယ်"

ရဲဘော် ၅ ဦး ကျဆုံးခြင်း ၁ နှစ်ပြည့် ကုသိုလ်ကောင်းမှုလုပ်ပြီး အလေးပြု (ရုပ်/သံ)

ဇွန် ၂၀ ရက် မနက် ၈ နာရီခွဲခန့်မှာ တပ်ဖွဲ့စခန်းကနေ ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူကိုသွားရောက်အလေးပြုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တရားနာပြုလုပ်တယ်လို့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces တပ်ခွဲမှူးက ပြောပါတယ်။

ရေမြက်နီရွာက စစ်ရှောင်တွေကို ပြည်ပကနေ ကျပ်သိန်း ၅၀ ထောက်ပံ့

"ထောက်ပံ့ငွေကို ခွဲဝေပေးထားပါတယ်။ စစ်တပ်က ရွာထဲမှာကတပ်စွဲထားတော့ ပြန်လို့ မရသေးတာပါ။ တောထဲမှာ တဲထိုးနေကြတယ်။ အလုပ်လည်း မရှိကြပါဘူး။ ကျန်းမာရေး၊ ပညာရေးပိုင်းရော လိုအပ်ချက်တွေရှိနေကြတယ်"

ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို PDF တွေပြုပြင်ပေး (ရုပ်/သံ)

"မိုးရောလေပါ ၄ ရက်လောက်ကျခဲ့တယ်။ ချိုင့်ခွက်တွေ မြေသားပဲ့ကျတာတွေ မြောင်းတွေ ဖြစ်ကုန်တယ်။ သစ်ပင်တွေလည်း ကျိုးကျတယ်။ ပြည်သူတွေအတွက် ကူညီပေးတာပါ။ ပြည်သူတွေဆီက ငွေကောက်တာမျိုး မရှိပါဘူး"

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့အန္တိမဈာပနကို တပည့်သံဃာအများအပြား လာရောက်ဖူးမျှော်နေပြီး စစ်တပ်ကလုံခြုံရေးတိုးမြှင့်ထား (ရုပ်/သံ)

"ဆရာတော်ရဲ့ ဈာပနကို အစည်ကားဆုံးဖြစ်အောင်ပြုလုပ်ဖို့ စီစဥ်နေကြတယ်။ မန္တလေးက ကရဝိတ်ဖောင်တော်တွေလည်း ငှားထားတာရှိတယ်။ ဆရာတော်က ရွှေကျင်ဂိုဏ်းကဆိုတော့ ပွဲလမ်းသဘင်တွေတော့ မပါလောက်ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10