သတင်း

အောင်လံ၊ ပေါက်ခေါင်းအစပ်က ကျေးရွာတွေကို ကပစ-၁၉ က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတွေ ရှောင်တိမ်းနေရ

ဧပြီလ ၂၃ ရက် နံနက် ၇ နာရီမှာ အောင်လံမြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ် နယ်ခြားမှာနေထိုင်ကြတဲ့ အပိုင့်ကျေးရွာနဲ့ အနီးနားကို ကပစ ၁၉ ထဲကနေ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်ဆင်စွယ်ရဲ့ ဆန္ဒကိုဖော်ဆောင်ပေးတဲ့ ဆင်စွယ်စစ်ဆင်ရေး (ရုပ်/သံ)

ဧပြီလ ၂၀ ရက် ၁၁ နာရီခွဲလောက်မှာ မဟာမိတ်ထဲက ရဲဘော်ဆင်စွယ်ဟာ မြောင်ရဲစခန်းကိုတိုက်ခိုက်ဖို့ မစ်ရှင်ဖော်ဆောင်နေရင်း ကျဆုံးခဲ့တာကြောင့် သူလုပ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ ဆင်စွယ်စစ်ဆင်ရေးဆိုပြီးတော့ ဖော်ဆောင်ခဲ့တာလို့ ကျားခင်စိန်က ပြောပါတယ်။

စစ်မှုထမ်းဖို့လူသစ်လိုက်စုပေးတဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရ

ဧပြီလ ၂၂ ရက်မနက် ၁၀ နာရီခန့်မှာ အသက် ၅၇ နှစ်အရွယ် လှံတင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသိန်းကို နေအိမ်မှာရှိနေချိန် အင်အား ၂၀ ဝန်းကျင်ပါ လက်နက်ကိုင်လူတစုက ဆိုင်ကယ်တွေနဲ့လာပြီး နေအိမ်ထဲဝင်ပစ်သွားတာလို့ ဆိုပါတယ်။

အခြေခံစစ်သင်တန်းပြီးဆုံးတဲ့ ရဲဘော်တွေကို ယူနီ‌ဖောင်း မပေးနိုင်သေး (ရုပ်/သံ)

အဲဒီ အခြေခံစစ်သင်တန်းကို ဧပြီ ၇ ရက်က စတင်ပြုလုပ်တာဖြစ်ပြီး တိုက်ခိုက်ရေးပိုင်း စိတ်ဓါတ်ပိုင်းနဲ့ စစ်ရေးအပြင် အခြေခံစစ်ရေးပြတို့ကို ၁၅ ရက်ကြာအောင် MBTက သင်တန်းဆရာတွေနဲ့ သင်ကြားခဲ့တယ်လို့ ပြောပါတယ်။

ပြည်မြို့ ဇီးအုပ်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရလို့ သေဆုံး

ဦးဝင်းကြိုင်ဟာ အာဏာမသိမ်းမီက ကြံ့ခိုင်ရေးပါတီအမာခံဖြစ်ပြီး လက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးလုပ်ကာ ပြည်သူလူထုကို ဒုက္ခပေးတာ၊ စစ်မှုထမ်းဖို့အစည်းအဝေးခေါ်ယူတာနဲ့ စစ်ကောင်စီမြို့နယ်မှူး၊ စခန်းမှူး၊ နယ်ထိန်းတွေကို နေအိမ်မှာ ဧည့်ခံကျွေးမွေးတာတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နတ်မောက်မှာ တရားမဝင်ကျွန်းသစ် ၁ တန်ကျော် PDF ဖမ်းဆီးရမိ၊ NUG ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဟုဆို

“တောထဲမှာ သစ်အလုံးလိုက်ကို တခါတည်းခွဲပြီးသယ်လာတာလို့ သိရတယ်။ ဖမ်းမိတဲ့ကားနဲ့ လူတွေပြန်လွှတ်ပေးခဲ့ပြီး သစ်တွေကိုတော့ သိမ်းဆည်းထားပါတယ်“ လို့ ဂဠုန် PDF-နတ်မောက်ရဲ့ တပ်ခွဲ မှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

စစ်တောင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးအလောင်းပြန်တွေ့

စတင်ရေနစ်ပျောက်ဆုံးတဲ့အချိန်ကတည်းက ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီမနက်ပိုင်းမှ အလယ်ကျွန်းတဝိုက်မှာတွေ့ခဲ့ကာ အလောင်းကိုတော့ တောင်ငူပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

၆ ရက်ကြာတိုက်ခိုက်ပြီးနောက် ဖလံကိုင်းရေနံမြေရဲစခန်းကို သိမ်းပိုက်၊  ရဲ ၅ ဦးသေပြီး ၆ ဦးကို အရှင်ဖမ်းမိ (ရုပ်/သံ)

ရက်ဆက်ဆိုသလို ဒရုန်းနဲ့ ဗုံးသီးပေါင်း ရာချီကြဲချခဲ့သလို ၂၂ ရက် မနက် ၅ နာရီလောက်မှာ ရဲတွေ ခိုအောင်းနိုင်ခြေရှိနိုင်တဲ့နေရာကို ဝင်ရောက်ရှင်းတာမှာ ရဲသား ၆ ဦးနဲ့အပြန်အလှန်ပစ်ခတ်တာဖြစ်ပြီး ဒဏ်ရာအသီးသီးရရှိကာ လက်နက်ချခိုင်းနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မုံရွာ-ချောင်းဦးကြားမှာ စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

မုံရွာမြို့ကနေ ချောင်းဦးဘက်ကို စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့်လိုက်ပါလာတဲ့ စစ်ကားတစီးကို ဧပြီ ၂၂ ရက် ည ၉ နာရီခွဲလောက်မှာ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ညောင်ပင်လှရဲစခန်း ဒရုန်းနဲ့ဗုံးကြဲခံရပြီး စစ်သား ၂ ဦးနဲ့ ပျူစောထီး ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံးပစ်ချရာမှာ ညောင်ပင်လှစခန်းအတွင်း စစ်ကောင်စီအထိုင်နေရာကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

လမ်းဟောင်းမှာ ဆီသယ်တွဲကားနဲ့ စပါးအိတ်တင်ကား တိုက်မိပြီး ၃ ဦးဒဏ်ရာပြင်းထန်

"ဘယ်သူမှားပြီး ဘယ်သူမှန်လည်းတော့မသိရဘူး။ စပါးအိတ်တင်ကားက ခါးလယ်ကနေဖြတ်တိုက်ခံရပြီး လမ်းဘေးရေမြောင်းထဲရောက်နေတယ်။ ဆီဘောက်ဆာကားကတော့ လမ်းပေါ်မှာခေါင်းခန်းကြေနေသလို ရပ်ထားရတယ်"

အမည်ခံ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီ အနားပေး

ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် အရပ်သားအစိုးရရဲ့ ဒု-သမ္မတ ၂ ဖြစ်လာသူဖြစ်ကာ သူဟာ စစ်ကောင်စီတပ်မှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၁ ရဲ့ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာအခြေစိုက်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲ့ ကျဆုံးရဲဘော် ၆ ဦးအတွက် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို တပ်စခန်းတနေရာမှာ ဧပြီ ၁၆ သင်္ကြန်အတက်နေ့က ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ဗလက ပြောပါတယ်။

လေကြောင်းက တိုက်ခံရလို့ မြေလတ်ဒေသပြောက်ကျားအဖွဲ့ စခန်းသစ်ပြောင်းရွှေ့လိုက်ရ

“ရန်သူက နောက်ရက်တွေမှာလည်း စခန်းပေါ်ကနေ လေယာဉ်တွေဝဲနေတော့ စခန်းကို စွန့်လွှတ်ခဲ့ရတယ်။ ကျောင်းနေအရွယ် ကလေး ၂ ယောက်ကတော့ ခေါင်းကိုထိသွားတယ်။ ထိသွားတဲ့ ကလေး ၂ ယောက်ကိုလည်း ကျနော်တို့ကပဲ တာဝန်ယူပြီးဆေးကုပေးထားတယ်။ ခေါင်း ၇ ချက်ချုပ်လိုက်ရတဲ့ကလေးကတော့ ခေါင်းတွေကိုက်တုန်းပဲ ”

ပြည်မြို့မှာ လူငယ်အမျိုးသား ၁ ဦး အဆုံးစီရင်

"သိရသလောက်ကတော့ လူမှုရေးကိစ္စတွေရှိတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ မသိရဘူး။ အဲဒါကို စိတ်ညစ်ပြီး လုပ်သွားတာ။ အိမ်သားတွေ အပြင်ကပြန်လာမှ သိရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10