စစ်ကိုင်းမှာ အမျိုးသမီး ၂ ဦးအပါ ၅ ဦးကို စစ်တပ်ကဖမ်းဆီး
"စကစတွေက သေနတ်တွေပစ်ပြီးတော့ ရွာထဲဝင်လာတာ။ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းခေါ်သွားတာ။ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ"
"စကစတွေက သေနတ်တွေပစ်ပြီးတော့ ရွာထဲဝင်လာတာ။ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းခေါ်သွားတာ။ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ"
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အူကျေးရွာမှ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ခေတ္တခေါ်ယူထိန်းသိမ်းထားတယ်လို့ မြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာက ပြောပါတယ်။
"အုပ်ကြီးနှစ်ယောက် ပစ်သတ်ခံရတာက အချိန်သိပ်မကွာဘူး။ တနာရီဝန်းကျင်လောက်ပဲ ကွာမယ်။ နေအိမ်ထိလာပစ်တာဆိုတော့ သေသွားကြတယ်"
"အရင်ရက်ကလည်း အဲဒီစခန်းက ပတ်ကင်းကား ထွက်တယ်ပြောတယ်။ အဲ့ဒါလည်း ကားမိုင်းဆွဲခံရပြီးတော့ပစ်ကြခတ်ကြ ဖြစ်ကြတယ်တဲ့။ မနေ့ကမနက်ကတော့ လက်ဖက်ရည်ဆိုင်မှာ ပစ်ခံရတာ သေလို့ ရွာကိုမီးနဲ့ထွက်ရှို့တာ"
" ဒေါက်တာတေဇာဆန်း ဆန္ဒပြသွားတာ ဇူလိုင်တတိယအပတ်ထဲမှာ ဖြစ်မယ်။ အဲ့ဒီနေ့ ညနေပိုင်းမှာ အိမ်စီးကားအဖြူရောင်နဲ့ ရဲ ၅ ယောက်ပါတယ်။ အပွင့်နဲ့ ၁ ယောက်၊ ရိုးရိုး ရဲ ၃ ယောက်၊ ကျန်တဲ့ ၁ ယောက်တော့ မသိလိုက်ဘူး။ သူတို့ရောက်လာပြီးတော့ အိမ်တွေကိုလိုက်မေးတယ်။ ကြဲထားတဲ့ ဆန္ဒပြစာရွက်တွေကိုလည်း သူတို့ပဲ သိမ်းသွားတာ"
❝သူရဲကောင်းတို့မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက် ❞ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ဒီလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ခဲ့ပြီး ကလေးမြို့ဒေသခံ တော်လှန်ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ ကြပါတယ်။
သပိတ်စစ်ကြောင်းမှာ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာတန်းပါဘန်နာကိုကိုင်ကာ “ငါတို့အားလုံး ကိုဂျင်မီ၊ ငါတို့ အားလုံးကိုဖြိုးဇေယျာသော်၊ ငါတို့ အားလုံး ကိုအောင်သူရဇော်နဲ့ ငါတို့အားလုံး ကိုလှမျိုးအောင်” ဆိုတဲ့ ကြွေးကျော်သံတွေ ဟစ်ကြွေးပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။
“အမှတ် ၃ ရပ်ကွက်ထဲကတင် သုံးယောက်ပေါ့ဗျာ၊ အာနိုးကတော့ ပေါက်ခေါင်းကနေ ပေါင်းတလည် မြို့ဘက်ကို ဆိုင်ကယ်နဲ့ ဈေးရောင်းသွားတာမှာ ဖမ်းခံလိုက်ရတာ၊ ပိုဆိုးတာက ကျောက်ကပ် တလုံး ထုတ်ထားတဲ့ ပိတ်ဆို့ကိုပါဖမ်းတာ၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နုတ်ထွက်ယောင်ပြပြီး စာရင်းပါသူတွေရော မပါသူတွေရော ဖုန်းနဲ့စီစဉ်ပြီး ဖမ်းခိုင်းနေတာ”
စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်တပ်စွဲစခန်းချထားတဲ့ ကံကြီးကုန်းကျေးရွာအနီးဝန်းကျင်ကို ချောင်းဦးပကဖ အဖွဲ့ဝင်တွေက နယ်မြေတိုးချဲ့ထိန်းချုပ်ဖို့ ဆောင်ရွက်နေချိန် စစ်ကောင်စီကင်းအဖွဲ့ နဲ့ ၅ မိနစ်ဝန်းကျင် ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေငြာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေကြေညာမှုတွေနဲ့ဆက်စပ်ပြီး ဆောင်ရွက်ရင် အရေးပေါ်ကာလမပြီး မြောက်သေးတဲ့ကာလအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) မှာပါဝင်တဲ့ ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။
ဇူလိုင်လ ၁၀ ရက်က စတင်ကာ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး နေအိမ်တွေ အတွင်း ရေဝင်ရောက်တာကနေ နေအိမ်တွေနစ်မြုပ်တဲ့အထိ မြင့်တက်လာတာပါ။
မိုးတွင်းကာလမှာ တောင်ပေါ်ဒေသကနေ မြေပြန့်ကို ရိက္ခာအတွက် စျေးဝယ်ဖို့ သွားလာရခက်ခဲတဲ့အတွက် မီးဖိုချောင်စားသုံးသီးနှံတွေကို စိုက်ပျိုးဖြစ်တာဖြစ်ပြီး စိုက်ပျိုးမြေနေရာကိုတော့ ဒေသခံမြေပိုင်ရှင်က ကူညီပေးခဲ့တယ်လို့ တပ်ရင်း ၂ ဒုတပ် ရင်းမှူး စူပါ ကပြောပါတယ်။
“စပါးစိုက်ပျိုးတဲ့ အဓိကအချက်ကတော့ အမြဲတမ်းအလှူခံနေမယ့်အစား ကိုယ်တိုင်လည်း လုပ်နိုင်စွမ်းရှိတယ်၊ ကျနော်တို့ကို ထောက်ပံ့နေတဲ့ အထောက်အပံ့တွေလျော့သွားအောင် ကိုယ့်ဝမ်းစာကိုယ်ရှာတဲ့ အဆင့်ရောက်အောင်ကြိုးစားနေတာပါ။ ပြည်သူအများစုရဲ့ လယ်ယာမြေလစ်လပ်မှုမရှိအောင်လည်း ပါတာပေါ့”
စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်မီးဘေးသင့်ခဲ့ရပြီး နေရပ်မပြန်နိုင်တဲ့ စစ်ရှောင် ၂၀၀၀ ကျော်အတွက် ဆေးကုသဖို့အတွက် အဲဒီဆေးခန်းကို ဖွင့်လှစ်ပေးခဲ့တာလို့ ခဏတာအရိပ်ဆေးရုံ- Prometheus တာဝန်ခံလည်းဖြစ် အခုဖွင့်လှစ်တဲ့ ဆေးခန်းရဲ့ တာဝန်ခံလည်းဖြစ်သူ ဒေါက်တာ PK က ပြောပါတယ်။
"ခြောက်မိုင် ရွာတန်းရှည်လမ်းခွဲမှာက ကင်းပုန်းလာတဲ့ စကစတွေနဲ့ ထိပ်တိုက်တိုးပြီး အပြန်အလှန်ပစ်ခတ်ကြတာ။ ထိုးဝါးချောင်းမှာတော့ ကား ၂ စီးကို ချောင်းမြောင်းပစ်ခတ်ခဲ့တာ" လို့ တောင်ငူခရိုင်တပ်မဟာ(၂)ကွန်မန်ဒိုတပ်ခွဲမှတာဝန်ရှိသူက ပြောပါတယ်။