သတင်း

စစ်ကောင်စီအောက် စစ်မှုမထမ်းချင်သူတွေ PDF ထဲမှာ စစ်သင်တန်းဆင်းသစ္စာဆိုကြပြီ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်တပ်လက်အောက်မှာ စစ်မှုမထမ်းလိုဘဲ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာတဲ့ ရဲဘော်သစ် ၄၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး အခြေခံစစ်ပညာသင်တန်းကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ယာယီစခန်းတခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေ

"သူတို့ လူအင်အားနည်းနေလို့ သတင်းအရ သွားတိုက်ကြတာ။ သူတို့ဘက်ကလည်း တော်တော်လေးခံပစ်ကြတယ်။ သူတို့စခန်းသိမ်းကာနီးမှ ရွှေကျင်ဗျူဟာက လက်နက်ကြီးပစ်ကူပေးတာနဲ့ မဒေါက်ဘက်က စစ်ကူလာတာတွေကြောင့် ပြန်ဆုတ်လာရတယ်"

Zero ပြောက်ကျားတပ်ဖွဲ့ကို သေနတ်ဝယ်ဖို့ ကျပ်သိန်း ၃၅၀ လှူဒါန်း

“အမြဲလှူဒါန်း‌နေကျ ပြည်ပရောက် မြင်းခြံသားလူငယ်တဦးက M 16 လက်ထောက်တွဲ ၁ လက်ဝယ်ဖို့ သိန်း ၃၅၀ လှူဒါန်းပေးခဲ့တာပါ”

မန္တလေးမြို့က အိမ်ခြေ ၅၀၀ ကို လူတစုက ချိပ်ပိတ်ဖို့ ကြိုးပမ်း

မတ် ၂၉ ရက် ဒီနေ့မနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၁၁ လမ်းနဲ့ ၁၆ လမ်းကြားက မြေ ၄ ဧကပေါ်က နေအိမ် ၅၀၀ ကျော်ကို လူတစုက အလံအနီတွေကို နေအိမ်တွေမှာ စိုက်ထူပြီး အိမ်တွေကို ချိပ်ပိတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပုလဲက လဝကမှူးရုံးအပါ နေရာ ၃ ခု တိုက်ခိုက်ခံရ ရုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

"ထွေအုပ်ရုံးအနီးအထိ ကျနော်တို့က စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်။ သမဝါယမဝန်းထဲမှာ လဝက ယာယီရုံးထိုင်ထားတဲ့ ရုံးခန်းတွေထဲအထိ စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့နေရာတွေကို လုံးဝအပိုင်မသိမ်းနိုင်တာကလွဲလို့ တမြို့လုံးနီးပါးစီးနင်းပြီးတော့ အချိန်ကြာကြာထိန်းပြီးတိုက်ခဲ့တာ။ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို စီးနင်းနိုင်တာတော့ မရှိဘူး။ လဝကမှူးနေတဲ့ ယာယီရုံးခန်းကိုတော့စီးနင်းနိုင်ခဲ့တယ်"

ရွှေဘိုက ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

"သေနတ်နဲ့ပစ်ခတ်သွားတာလို့တော့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ပဲ ကျောင်းထဲမှာ ပျံလွန်တော်မူသွားတယ်။ သိရသလောက်က ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်သွားတာ"

မန္တလေးမှာ ရဲယူနီဖောင်းဝတ်ထားသူအပါ လူ ၄ ဦးက ရွှေဆိုင်ကို ဓားပြတိုက် (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ရွှေပန်းတိမ်ဆိုင်တခုကို ဒုရဲအုပ် အဆင့်တံဆိပ်တပ်ဆင်ထားတဲ့ ရဲယူနီဖောင်းဝတ်တဦးအပါ လူလေးဦးက ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်းတချို့ယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကြို့ပင်ကောက်က စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရ

ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်္ခရိုင်ရွာက အသက် ၄၈ နှစ်အရွယ် ကိုတင်ရှိန်ကို မတ် ၂၈ ရက် မနေ့ည ၇ နာရီလောက်က BTZM GBK PDF နဲ့ နတ်စစ်သည်အဖွဲ့တို့ပေါင်းကာ ရုံးချောင်းရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

မန္တလေးမှာ ရဲယူနီဖောင်းဝတ်ထားသူအပါ လူ ၄ ဦးက ရွှေဆိုင်ကို ဓားပြတိုက်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ရွှေပန်းတိမ်ဆိုင်တခုကို ဒုရဲအုပ် အဆင့်တံဆိပ်တပ်ဆင်ထားတဲ့ ရဲယူနီဖောင်းဝတ်တဦးအပါ လူလေးဦးက ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်းတချို့ယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပဲခူးနဲ့မွန်အစပ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"တပ်မ ၄၄ လက်အောက်က စကစအဖွဲ့တွေ ကျနော်တို့ရှိတဲ့ဘက်ကို စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်နေချိန် စကစအဖွဲ့တွေ ထိလို့ လဲကျသွားတာတွေမြင်ရတယ်။ သူတို့ဘက် ထိခိုက်သေဆုံးတွေရှိတော့ ပြန်ဆုတ်သွားကြတယ်"

လက်နက်ကြီးထိမှန် ကျဆုံးတဲ့ရဲဘော်ရဲ့ ဈာပနပြုလုပ် (ရုပ်/သံ)

“လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စကစဘက်က ပစ်တဲ့ လက်နက်ကြီးကောင်တာနဲ့ ထိတာပါ။ လည်ပင်းနဲ့ ပခုံးကြား ထိတာ၊ ဆေးရုံကဝေးတော့ လမ်းမှာတင် ကျဆုံးသွားတာဗျ။”

မြင်းခြံနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၆ ဦးဒဏ်ရာရ

"သူတို့စစ်ကြောင်း ပျူရွာထဲလာတယ်လို့ သတင်းပေးလာလို့ ကျနော်တို့ဘက်က ဒရုန်းနဲ့သွားတိုက်ခိုက်ခဲ့တာ။ ပျုရွာထဲက စာသင်ကျောင်းနဲ့ ရွာထိပ်ဂိတ်မှာ သူတို့တွေနားနေချိန်မှာ တနေရာ ၂ လုံးစီ ဗုံးချခဲ့တာ"

တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကား၂ စီး မိုင်းဆွဲခံရလို့ ၁၁ ဦးသေပြီး ၁၉ ဒဏ်ရာပြင်းထန် (ရုပ်/သံ)

"တပ်မ ၁၀၁ ကနေ ညနေ ၄ နာရီ ၄၅ မိနစ်က‌ထွက်လာတာ၊ ကျနော်တို့မိုင်းဆွဲတာက ညနေ ၅ နာရီကျော်မှာပါ၊ ကားပေါ်မှာ ပါတာက ၃၃ ကောင်ပါတယ်၊ ပထမ ကားမှာပဲ မိုင်းပွိုင့်အကြီးနဲ့ မိသွားတယ်"

ကားနဲ့လစာထုတ်လာတဲ့ ပျူစောထီးခေါင်းဆောင်အပါ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

Mark II ကားကိုမှန်အလုံပိတ်ပြီး မြင်းချင်းပျူစောထီးခေါင်းဆောင်ထွန်းနိုင် သူ့အမျိုးသမီးနဲ့ ပျူစောထီး ကောင်းကောင်း ၃ ယောက်တို့ ပစ်ခတ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ AK သေနတ် အစုတ် ၁ လက်‌ ရခဲ့တယ်ရွှေဘိုအားမာန် မြို့ပြပြောက်ကျား တာဝန်ခံက ပြောပါတယ်။

မြိုင်ပကဖ စခန်းငယ်တခု စီးနင်းခံရပြီး ရဲဘော်တဦးကျဆုံး

“ကျနော်တို့စခန်းငယ်ဖြစ်တဲ့ အထိုင်စခန်းကိုဝင်စီးတာ။ ကျနော်တို့ အလှည့်ကျ ကင်းသမားက အရင်ပစ်တာ။ ပစ်လိုက်တဲ့အချိန်မှာ သူတို့လည်း ၂ ယောက်ထိတယ်။ ကျနော်အဖွဲ့က ကျသွားတဲ့ ရဲဘော်အရာတော်က လက်မောင်းထိတာ။ ကျန်တဲ့ ၃ ယောက်ကိုနောက်ဆုတ်ခိုင်းပြီး သူတယောက်ထဲ ခံပစ်ပေးတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10