သတင်း

ပုလဲမြို့နယ် အင်မထီးပျူစောထီးစခန်းကနေ မိသားစု ၄ စု ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကလေးငယ် ၁၁ ဦးပါဝင်

“သူတို့ပြောတာကတော့ သူတို့ အထဲမှာထမင်းကောင်းကောင်း မစားရတာကြာပြီ။ လူတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ လူ့အသုံးအဆောင်တွေပေါ့နော် ဒါတွေ အသုံးမပြုရတာ ကြာပြီ။ ဆန်မမြင်ဖူးတာ မမြင်ဖူးတာကြာပြီ။ ပဲစင်းငုံတွေပြုတ်စားရတယ်။ တနေကုန်မှ ထမင်း နှစ်နပ် တနပ်ပဲစားရတယ် ဆိုတဲ့ အနေအထားတွေပေါ့”

လက်ပံရွာမှာ စစ်ကောင်စီက အင်အားတိုးထားပြီး ဒေသခံတွေကို သွားလာခွင့်ကန့်သတ်

"အရင်က အဲ့မှာက ရဲနဲ့တပ်က အင်အား ၁၀ ဦးတောင် မပြည့်ဘူး။ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတော့ ၂၀ လောက်ရှိလာတယ်။ ပြီးတော့ ည ၆ နာရီကျော်ရင် အခြားရွာကလူတွေလည်း လက်ပံ(ရွာ)ကို လာလို့မရတော့သလို ရွာထဲကသူတွေလည်း အပြင်ထွက်မရတော့ဘူး"

နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ကို စစ်တပ်က ပစ်သတ်

“စစ်**တွေလာတဲ့အချိန် သူကကင်းကျနေတယ်။ ရွာသားတွေကိုလည်း ရွာထဲကနေ ခေါ်ထုတ်ပေးနေတာ။ သူသာ ရွာထဲကို သေနတ်တွေနဲ့ ကားတွေပြန်မယူရင် အသတ်ခံရမှာမဟုတ်ပါဘူး ”

မြိုင်မှာ ဒေသခံတွေ မစိုက်ပျိုးတဲ့လယ်မြေမှာ PDF က ရိက္ခာအတွက် စပါးစိုက်ပျိုး

"ဒေသခံလယ်သမားတွေ မစိုက်ပျိုးဘဲ လွှတ်ထားတဲ့လယ်မြေတွေကို လယ်သမားတွေကပေးလို့ တပ်ဖွဲ့ရိက္ခာအတွက် ဝင်ရောက်စိုက်ပျိုးကြတာပါ"

မြင်းခြံက ကျေးရွာအုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

"သူက အုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်ရေး ဥက္ကဌလည်းဖြစ်တော့ ရပ်ရွာထဲမှာ စကစ အားကိုးနဲ့ ပြောဆို လုပ်ကိုင်တာတွေရှိတယ်။ သတ်တာက ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရဘူး"

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်လိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“လက်နက်ကြီးပစ်တဲ့ အလုံးရေက တော်တော်များတယ်။ အရင်က လက်နက်ကြီးတွေပစ်ရင် ချောင်းဘေးတွေ လောက်ပဲကျတာ။ အခုက ရွာတွေထဲအထိ ကျတယ်။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရပါဘူး”

မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ အတူရပ်တည်ကြောင်း ကမ်ပိန်းတွေပြုလုပ်

"ဓာတ်ပုံကမ်ပိန်းကိုတော့ မနက် ၈ နာရီကနေ တနိုင်ငံလုံးမှာရှိတဲ့ဟာတွေကို စုစည်းတယ်။ တချို့ ရဲဘော်တွေဆိုရင် အင်တာနက်အခက်အခဲကြားကနေ မနေ့ညနေကတည်းက ကမ်ပိန်းမှာပါဝင်ဖို့ဆိုပြီးတော့ ကြိုတင်ပြင်ဆင်ပြီးမှ ပို့ထားပေးတာပါ"

ယင်းမာပင်မှာ ပိတ်ရက်အချိန်ပိုစာသင်နေတဲ့ ကြားကာလကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

" တနင်္ဂနွေဆိုတော့ အလယ်တန်းနဲ့ အထက်တန်းက ကလေးတွေကို အချိန်ပိုခေါ်သင်နေတာ။ အဲ့အချိန်မှာ လေယာဥ်သံကြားလို့ ချက်ချင်းကျောင်းလွှတ်လိုက်တယ်။ ဘာဖြစ်လို့ဆိုတော့ တခြားမြို့တွေမှာ ကျောင်းတွေကို တိုက်ခိုက်တာတွေရှိလို့။ အဲ့ဒါကြောင့် ကလေးတွေ အထိအခိုက်မရှိခဲ့တာ"

ပဲခူးအနောက်မှာ နှမ်းလှိုင်ချိန် ဈေးချဝယ်နေသော်လည်း နှမ်းဆီဈေး မြင့်တက်နေ

“ဈေးကောင်းမရလိုက်ဘူး၊ တတင်းကို ၁ သောင်းလောက်နာသွားတယ်၊ ပစ္စည်းလှိုင်လှိုင်ပေါ်ကာမှ ဈေးကျသွားတာ၊ ကိုယ်တိုင်နှမ်းစိုက်ပြီး နှမ်းရော ဆီ ၁ ပိဿာကို တသောင်းကျော် ပြန်ဝယ် စားနေရတယ်။ ကိုယ်ပြန်ပြီးဝယ်စားရမယ့် နှမ်းဆီဈေးကတော့ ခေါင်ခိုက်နေတယ်” လို့ ပေါက်ခေါင်းမြို့နယ်က နှမ်းစိုက်ပျိုးသူတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် ထိလို့ သားအဖ ၂ ဦးသေဆုံး

"အုတ်ဖြတ်တံတားဘက်ကနေ နေ့လယ်ပိုင်း လက်နက်ကြီးပစ်သံတွေ လေးငါးချက်လောက် ကြားရတယ်။ ခဏနေတော့ လေးအိမ်စုရွာထဲကို တလုံးကျတယ်လို့ သိရတယ်။ အိမ်ရှေ့မှာရှိနေတဲ့ သားအဖ ၂ ယောက် လက်နက်ကြီးမှန်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

အမှုစစ်ရာမှာ မလွဲမှားစေဖို့ ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တွေကို အမှုစစ်သင်တန်း ပြုလုပ်ပေး

ပြည်သူတွေရဲ့လုံခြုံရေးအတွက် အမှုကိစ္စတွေဖြစ်လာတဲ့အခါ တရားဥပဒနဲ့အညီ လုပ်ကိုင်နိုင်ဖို့နဲ့ မလွဲမှားဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ရဲမှူးကိုယ်တိုင် မြေပြင်လာရောက်ပြီး သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

စုပေါင်းရုံးမှာတပ်စွဲထားတဲ့ စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"သေဆုံး ဒဏ်ရာရတာကိုတော့ ခိုင်မာတဲ့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာ။ ဒဏ်ရာရတဲ့ ၃ ကောင်ကတော့ ရေစကြိုဆေးရုံကြီးမှာ ဆေးကုသနေရတယ်" လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မြောင်မှာ ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း လက်နက်မျှဝေ

"BHGF တပ်ဖွဲ့မှာ မောင်းပြန်တွေမရှိပါဘူး။ သူတို့စခန်း ဝင်စီးခံရတဲ့အချိန်တုန်းက လက်နက်ခဲယမ်းတွေ ဆုံးရှုံးသွားတယ်။ အဲ့ဒါကြောင့် သူတို့အဖွဲ့က အကူအညီတောင်းလာလို့ မျှဝေပေးဖြစ်တာပါ"

မင်းလှရှိ စစ်ကောင်စီတပ်စခန်းကို PDF တွေသိမ်းပိုက်

"အဲဒီမှာက သစ်တောကရယ် ရဲနဲ့ စစ်သားတွေ အထိုင်ချနေပြီးတော့ သစ်ခိုးထုတ်တာတွေကို ခွင့်ပြုပေးနေတာ။ အခွန်တွေကောက်ပြီး တောထဲတွေ့တဲ့ အရပ်သားတွေဆီက ပိုက်ဆံ‌တောင်းတာတွေ၊ ဖုန်းသိမ်းတာတွေ လုပ်နေတာကြောင့်သွားတိုက်ခိုက်တာပါ"လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ရဲဘော်တဦးက ပြောပါတယ်။

စစ်တပ်က စာသင်ကျောင်းကိုစီးနင်းလို့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ ကျောင်းပိတ်ပြီးတိမ်းရှောင်နေရ

“စာသင်ကျောင်းကို ဝင်စီးဖို့လာတဲ့အခါ ကျောင်းသားတယောက်က မြင်လိုက်လို့ အကုန်ထွက်ပြေးလိုက်နိုင်တယ်၊ ခြေလျင်စစ်ကြောင်းဆိုရင် အသာလေးရှောင်တိမ်းလို့ရတာပေါ့၊ ခုကျ ကားနဲ့ ရောက်လာတော့ ကပ်ကာ လွဲကာ ရှောင်တိမ်းလိုက်ရတယ်၊ ခုလောလောဆယ်တော့ စာမသင်ဘဲ ရပ်ထားရတာပေါ့။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10