သတင်း

ပဲခူးမှာ မြစ်ရေ ဒုတိယအကြိမ်တက်လို့ ကယ်ဆယ်ရေးစခန်းတွေ ပြင်ထားရ

"ရေကပြန်တက်လာပြီဆိုတော့ လူတွေ ရွှေ့ပြောင်းဖို့လုပ်နေကြတယ်။ မြစ်ရေက ဆက်တိုးနေတယ်။ ကယ်ဆယ်ရေစခန်းတွေကတော့ ပြီးခဲ့တဲ့အခေါက်က ဖွင့်ထားတဲ့ နေရာတွေကိုပဲ အသင့်လုပ်ထားတယ်"

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူတွေရှောင်ရှားကြဖို့ ဂန့်ဂေါပကဖသတိပေး

“စစ်ကြောင်းနဲ့နီးစပ်တဲ့ကျေးရွာနေ ပြည်သူတွေရော သင်တောရွာကလည်း ကလေး-ဂန့်ဂေါလမ်းနဲ့နီးလို့ စစ်တပ်ကပစ်ခတ်ရင် လမ်းတွေပေါ်လည်း ကျနိုင်တယ်။ ဒါကြောင့်ကျေးရွာနေပြည်သူတွေလည်း ရှောင်ရှားဖို့လိုသလို ခရီးသွားယာဉ်တွေလည်း စစ်ကြောင်းသတင်းကို သတိပြုသွားလာကြဖို့လိုတယ်" လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

PDF စခန်းကို တိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၁ ဦးသေ

"သူတို့အလာကို သတင်းကြိုရလို့ ပဒေသာမိုင်း ၈ လုံးတွဲနဲ့ ဆွဲခဲ့တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ စကစဘက်က ထိခိုက်မှုတော့ များနိုင်တယ်။"

ဒီပဲယင်းမြို့အဝင်ဂိတ်ကို PDF တွေ တိုက်ခိုက်၊ စစ်ကောင်စီ ၄ ဦးသေ၊ သေနတ် ၄ လက်ရ

"ဂိတ်ကိုတိုက်ဖို့သွားတာ အဲ့ဒီမှာ ပတ်ကင်းနဲ့ တိုးပြီးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတာ။ ရရှိခဲ့တဲ့လက်နက် အမျိုးအစားတွေကိုတော့ တိုက်ခိုက်တဲ့အဖွဲ့တွေက မထုတ်ပြန်သေးလို့ မသိရဘူး"

စစ်ကောင်စီရဲ့ မီးရထားတွေ ဝက်လက်ဘူတာသို့ ရောက်ရှိ

ပေါက်ကန်ဘူတာရုံမှာ ရပ်ထားတဲ့ရထားတွေကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်တွေထဲက အင်အား ၂၀ ပါ စစ်ကြောင်းဟာ ပေါက်ကန်ဘူတာရဲ့ အရှေ့ဘက်က နေအိမ်တွေကို မီးရှို့သွားတာကြောင့် နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

ကြို့ပင်ကောက်က အရပ်ဈေးသည်တွေ  ၂ ရက်ဆက် လုယက်ခံရ

“၂ ရက်ဆက်တိုက် လုခံရတာပါ။ ရွာတွေမှာ ပြန်ရောင်းဖို့ ကြို့ပင်ကောက်မြို့ကို မနက်စောစောဆိုင်ကယ်နဲ့ ဈေးလာဝယ်တာကို လမ်းကနေဖြတ်လုတာပါ။ လုတဲ့လူတွေကတော့ အရပ်ဝတ် ဝတ်ဆင်သူတွေပါ”လို့ ကြို့ပင်ကောက်မြို့ခံ ဈေးသည်တဦးက ပြောပါတယ်။

စစ်အုပ်စု မိုင်းဆွဲခံရလို့ ၄ ဦးထိခိုက်၊ ကာကွယ်ရေးအဖွဲ့က ဒရုန်းတစီးပစ်ချခံရ (ရုပ်/သံ)

စက်တင်ဘာလ ၁၃ ရက် နေ့လယ်၁ နာရီခွဲမှာ စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို မိုင်း ၄ လုံးဆွဲခဲ့တဲ့အပြင် ဒရုန်းနဲ့ အီနာဂါ ၂ လုံးကြဲချတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကဆိုပါတယ်။

ပုလဲမှာ စစ်သားနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ

"အသွားအပြန် မိုင်း ၃ ကြိမ်ဆွဲတိုက်တယ်။ သူတပြန်ကိုယ်တပြန်ပစ်ကြတယ်။ ပျူတကောင်သေတယ်။ သေနတ်ရယ် လှည်းနွားတွေလည်း သိမ်းဆည်းရခဲ့တယ်" လို့ ပုလဲပကဖ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

မြိုင်မြို့နယ် ဝါးကြီးတောရွာက အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွား

စက်မှု (၂) ကနေ ၃ မိုင်အကွာ မြို့စိုးရွာနဲ့ ဝါးကြီးတောရွာကြားက တောတိုက်မှာနေထိုင်ပြီး တောင်ယာလုပ်ကိုင်နေတဲ့ မိသားစုဟာ ဒီနေ့မနက် ၄ နာရီလောက်က အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အမျိုးသားဖြစ်သူ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

သံဆိပ်စခန်းက စစ်ကောင်စီတပ်သား ၂ ဦး KNLA ထံ လက်နက်နဲ့အတူ  အလင်းဝင်

"သူတို့အလင်းဝင်လာတာဟုတ်တယ်။ လက်ရှိသူတို့ကို လုံခြုံတဲ့နေရာမှာ ထားတယ်လို့လည်း သိရတယ်။ ကျန်တာက KNUအပိုင်းဖြစ်လို့ ပြောလို့မရဘူး " လို့ KNLA တပ်မဟာ ၃ နယ်မြေရှိ ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဝေါမှာ စစ်ကောင်စီတပ်က ညတိုင်းလက်နက်ကြီး ပစ်နေလို့ ဒေသခံတွေ စိုးရိမ်နေရ

"လက်ပံရွာက စကစ တပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရပြီးကတည်းက လက်နက်ကြီးတွေ အထိုင်ချပြီး ပစ်နေတာ ညတိုင်းဘဲ။ အဲ့လိုတွေဖြစ်တော့ စကစ ပစ်တဲ့ လက်နက်ကြီးထိမလား၊ KNU ဘက်က လာပစ်လို့ တိုက်ပွဲဖြစ်ကြရင် ထိမလား စိုးရိမ်နေရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်သင်္ဘော ၇ စီး ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံး (ရုပ်/သံ)

စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁ နာရီကျော်မှာ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ဟုမ္မလင်းမြို့နယ်ဘက်ကို လက်နက်၊ ရိက္ခာတွေပို့ဖို့ ထွက်ခွာလာချိန် ကနီမြို့ နယ်ထဲအရောက်မှာ တကြိမ်၊ ၁၂ ရက် မနက် ၆ နာရီကျော်မှာ တကြိမ် စုစုပေါင်း ၂ ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်သင်္ဘောတွေ ဗန်းမော်ကို ထပ်မံဆန်တက်၊ တိုက်ခိုက်ခံရလို့ မြတောင်ဆိပ်ကမ်းမှာ ပြင်ဆင်နေ

"အရင်တခေါက် သူတို့ကို တိုက်ခိုက်တဲ့နေရာတွေမှာ အခုထပ်ပြီး တိုက်ခိုက်ရင် စစ်တပ်ကအောက်ကို ဆင်းပြီး ပစ်ဖို့ လုပ်ထားတယ်လို့ သတင်းရထားတယ်" လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကပြောပါတယ်။

ပေါက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ လူ ၁ ဦးပေါင်ကျိုးပြီး နွား ၁ ကောင်သေဆုံး

" ရွာအပြင်မှာ တလုံးနဲ့ ရွာထဲကို တလုံးကျတယ်။ ယောက်ျားတဦးက ပေါင်းကျိုးပြီးတော့ နွားတကောင် သေတယ်။ တခြားပျက်စီးတာလည်းရှိတယ်"

ရွှေဘိုမှာ PDFနဲ့ နီးစပ်တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

"ဖမ်းခံရတဲ့ လူငယ်တွေက PDF တွေတော့ မဟုတ်ဘူး။ PDF တချို့နဲ့ သူငယ်ချင်းဖြစ်တာ၊ အသိမိတ်ဆွေ ဖြစ်တာတော့ရှိတယ်။ ဖမ်းခံထားရတဲ့အထဲက မင်းဝေဦးကို ကျနော်တို့အဖွဲ့ကလို့ စွပ်စွဲထားတာက မဟုတ်ပါဘူး။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10