သတင်း

နေအိမ်မီးလောင်ပြီး မသန်စွမ်းလူငယ် ၁ ဦး မီးထဲပါသေဆုံး

"မီးလောင်တော့ မိဘတွေက မီးကိုအရင်ငြှိမ်းနေကြရာကနေ ကောင်လေးကို မေ့နေကြတာနေမယ်။ ကောင်လေးက ပိုလီယိုရောဂါသည်ဆိုတော့ ထလည်းမပြေးနိုင်တော့ မီးလောင်တဲ့အထဲ ပါသွားတာ"

ချောင်းဦးကရွာတွေစီးနင်းခံရမှု တော်လှန်ရေးရဲဘော် ၃ ဦး၊ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၉ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက် နေ့လယ်က လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး အပါအဝင် ၉ ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ PDF သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဆိုင်ကယ်ကိုရှောင်ရာက စျေးကားမှောက်ပြီး လူ ၁၃ ဦးဒဏ်ရာရ

"စလင်းဘက်ကနေ ဈေးဝယ်ပြီး ပြန်လာတဲ့ကားပါ။ ရွာကနေ ကားစုငှားပြီး မြို့တက်စျေးဝယ်တဲ့ကား။ ဆိုင်ကယ်က အတင်းတိုးလာတော့ ရှောင်ရာကနေ ကားမှောက်သွားတာ"

စစ်ကောင်စီရဲ့ ကျားဘီလူးစစ်ကြောင်းက ညောင်ကုန်းရွာသား ၃ ဦးကို ခေါင်းဖြတ်သတ်သွား

“ခေါင်းဖြတ်ပြီးတော့ ကုလားထိုင်ပေါ်မှာတင်ခဲ့တယ်။ ခြေတွေလက်တွေလည်း ဖြတ်တောက်ထားတာတွေ့ရတယ်။ အင်မတန်မှ ရက်စက်ကြမ်းကြုတ်စွာလုပ်ထားတဲ့ အခြေအနေပဲ။ ရုပ်ပျက်ဆင်းပျက် အနေအထား တွေ့ခဲ့ရပါတယ်။”

ကလေးတောင်ပိုင်းတိုက်ပွဲ ကာကွယ်ရေးရဲဘော် ၂ ဦးသေဆုံး စစ်တပ်က ဖုန်းလိုင်းများဖြတ်တောက်ထား

“ရဲ‌ဘော် ၂ယောက်က မနေ့ကပွဲမှာ ကျတာ။ KKG က တယောက်ကျတယ်တော့ သိထားတယ်။ နောက်တယောက်ကတော့ ရင်းကဖြစ်မလား၊ ပကဖက ဖြစ်မလား မသိသေးဘူး။"

ဂန့်ဂေါတိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် YDF က ရက်လည်ဆွမ်းသွတ်ပြုလုပ်

"စစ်တပ်နဲ့ထိပ်တိုက်တွေ့လို့ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်။ ရှေ့တန်းမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်"

မုံရွာ တောင်ဇက်ဆိပ်မှာ ဗုံးကွဲပြီး စည်ပင်ဝန်ထမ်း ၁ ဦးသေ

"အကုန်လုံးကတော့ အရပ်ဝတ်တွေနဲ့ရှိနေချိန် ဗုံးလာပစ်သွားတာ။ စည်ပင်ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ပစ်သွားတာနဲ့တူတယ်"

တိုက်ပွဲမှာ ဝမ်းဗိုက်ဒဏ်ရာရတဲ့ရဲဘော်အတွက် ဆေးကုသစရိတ်လိုအပ်နေ

လက်ရှိမှာ ဒဏ်ရာရ ရဲဘော်ရဲ့ ဆီးအိတ်နဲ့ အူတချို့ကို ဖြတ်ဆက်ထားရပြီး ဆေးဝါးဆက်လက်ကုသနိုင်ဖို့ ငွေကြေးအခက်အခဲဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ကုန်ကျစားရိတ် သက်သာတဲ့ AK 47 သေနတ်ကို မုံရွာ PDF က ထုတ်လုပ်နိုင်ခဲ့ (ရုပ်/သံ)

သေနတ်ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေခဲ့တာဟာ ၂နှစ်ဝန်းကျင်ကြာအောင်အချိန်ယူခဲ့ရပြီး ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်က ထုတ်လုပ်နိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း ဆက်သွယ်ရေးတာဝန်ခံနဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြင်းခြံမှာ ပျူစောထီးဆိုသူတွေက သားအဖ ၂ ဦးကို သတ်ပြီး ရွှေထည်နဲ့ ငွေတွေပါသိမ်းယူ

"အသတ်ခံရတဲ့ သားဖ ၂ ယောက်က PDF နဲ့လည်း မပတ်သက်ဘူးဗျ။ စားသောက်ဆိုင်ရောင်းပြီး စီးပွားရေး လုပ်နေတာ။ အဲ့ဒါကို ပျူတွေက ဖမ်းပြီးတော့ ဓားနဲ့ထိုးပြီး သေနတ်နဲ့ပါ ပစ်သတ်သွားတာ"

ပဲခူးရိုးအစပ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံPDF ထိတွေ့တိုက်ပွဲဖြစ်လို့ ၂ ဘက်ထိခိုက်သေဆုံးမှုရှိ

“ကျနော်တို့ရဲဘော်တဦးက တိုက်ပွဲအရှိန်ကမြင့်လာတော့ သူက အားမလိုအားမရဖြစ်ပြီး လက်နက်ငယ်နဲ့ ထပစ်ရင်းကျည်ထိပြီးကျသွားတာ။ စကစဘက်ကလည်း အကျအဆုံးများလို့ အသေကောင်တွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို လိုက်ထရပ်ကားနဲ့ တောင်အောက်ကိုသယ်သွားတယ်“

ပြည်မြို့နယ် NLD တိုင်းလွှတ်တော်အမတ်ကို နှစ်ရှည်ထောင်ဒဏ်ထပ်ချ စုစုပေါင်း ၃၉ နှစ်ထိရှိလာ

"အခုအမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ အရင်အမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ ဆိုတော့ နှစ် ၄၀ နီးပါးဖြစ်သွားပြီလေ။ လက်ရှိလည်း ပြည်ထောင်မှာပဲချုပ်နှောင်ထားတယ်။ ပါးစပ်ထဲက ဥပဒေတွေပေါ့"

ဝေါနယ်မှာ စစ်တပ်ကာကင်းစခန်းတခုတိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး သေနတ် ၁ လက်ရ

"ပစ်ခတ်မှုက သိပ်မကြာလိုက်ဘူး။ အမြန်ပစ် အမြန်ပြန်ဆုတ်ရတာပေါ့။ လက်နက်နဲ့အလောင်းတွေ ရတာရှိတယ်"

ဒီပဲယင်းနဲ့ ချောင်းဦးနယ်ကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

"မနေ့ (စက်တင်ဘာ ၂၅)ကတည်းက စစ်ကြောင်းထိုးလာတဲ့ သူတို့ (စကစ)တပ်ကို PDF တွေက ကြားဖြတ်တိုက်မှာစိုးပြီးတော့ လေယာဉ်နဲ့လာပစ်တာ။ ဒေသခံတွေတော့ အကုန်ရှောင်ပြေးနေကြတယ်"

လမ်းပြင်ရထား လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၁ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကျနော့်တို့ အစောပိုင်းက မြစ်ကြီးနားလမ်းပိုင်ကို အဟန့်အတားဖြစ်အောင်လုပ်ခဲ့တာ။ အဲ့ဒါလာပြင်ဖို့လာတော့ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ ပစ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ အလုံး ၂၀၊ ၆၀ မမ ၁၀ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကတော့ သူတို့ဘက်က စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10