“ပထမတကြိမ် စစ်ကူ မလာခင်ထဲက ဆိုးအောက်(Sold Out)တွေအော်နေကြပြီ။ တကယ်တမ်းက မဖြစ်သင့်ဘူး။ မြေပြင်တိုက်နေတဲ့ ရဲဘော်တွေကျ အများကြီးအခက်ခဲဖြစ်တယ်။ ရှေ့ကတိုက်နေတဲ့ရဲဘော်တွေက အသက်နဲ့ ရင်းပြီး တိုက်နေတဲ့အနေထားမှာ လိုင်းပေါ်က လွယ်လွယ်လေးအော်လို့ရတယ်။ ကျဆုံးသွားမှ ဝမ်းနည်းပြတာက အဖြေမဟုတ်ဘူး။ စစ်ရေးဖြစ်တဲ့အတွက် လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရမယ်။ ဒါမျိုးကျ တိုင်းရင်းသား လက်နက်ကိုင်တွေကို အတုယူသင့်တယ်။ သူတို့က နောက်ဆုံးရပြီဆိုမှ ရတဲ့အကြောင်းတင်တာ။ ကျနော်တို့ ဘက်ကကျ မရခင်ကတည်းက ရပြီအော်နေကြတာက ရန်သူကို ပိုပြီးဖိအားပေးသလိုဖြစ်သွားတယ်။ ကိုယ့်ဘက်ကို ပိုပြီးစစ်ရေးပစ်မှတ်ပေးသလို ဖြစ်စေတယ်။ သူတို့ဘက်ကို ငါတို့လည်းအသေခံတိုက်တယ်။ အပေါ်ကလည်း ရသလောက်ကူပေးဆိုတဲ့ ခံပြင်းစိတ်တက်သွားစေတဲ့ အနေထားတွေဖြစ်သွားတယ်။ ပျော်ရွှင်မှုရရမယ့်အစား ဝမ်းနည်းမှု ပြန်ရလိုက်တဲ့ အနေထားရှိတယ်။”