သတင်း

မန္တလေးမှာ ရဲယူနီဖောင်းဝတ်ထားသူအပါ လူ ၄ ဦးက ရွှေဆိုင်ကို ဓားပြတိုက်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ရွှေပန်းတိမ်ဆိုင်တခုကို ဒုရဲအုပ် အဆင့်တံဆိပ်တပ်ဆင်ထားတဲ့ ရဲယူနီဖောင်းဝတ်တဦးအပါ လူလေးဦးက ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်းတချို့ယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပဲခူးနဲ့မွန်အစပ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"တပ်မ ၄၄ လက်အောက်က စကစအဖွဲ့တွေ ကျနော်တို့ရှိတဲ့ဘက်ကို စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်နေချိန် စကစအဖွဲ့တွေ ထိလို့ လဲကျသွားတာတွေမြင်ရတယ်။ သူတို့ဘက် ထိခိုက်သေဆုံးတွေရှိတော့ ပြန်ဆုတ်သွားကြတယ်"

လက်နက်ကြီးထိမှန် ကျဆုံးတဲ့ရဲဘော်ရဲ့ ဈာပနပြုလုပ် (ရုပ်/သံ)

“လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စကစဘက်က ပစ်တဲ့ လက်နက်ကြီးကောင်တာနဲ့ ထိတာပါ။ လည်ပင်းနဲ့ ပခုံးကြား ထိတာ၊ ဆေးရုံကဝေးတော့ လမ်းမှာတင် ကျဆုံးသွားတာဗျ။”

မြင်းခြံနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၆ ဦးဒဏ်ရာရ

"သူတို့စစ်ကြောင်း ပျူရွာထဲလာတယ်လို့ သတင်းပေးလာလို့ ကျနော်တို့ဘက်က ဒရုန်းနဲ့သွားတိုက်ခိုက်ခဲ့တာ။ ပျုရွာထဲက စာသင်ကျောင်းနဲ့ ရွာထိပ်ဂိတ်မှာ သူတို့တွေနားနေချိန်မှာ တနေရာ ၂ လုံးစီ ဗုံးချခဲ့တာ"

တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကား၂ စီး မိုင်းဆွဲခံရလို့ ၁၁ ဦးသေပြီး ၁၉ ဒဏ်ရာပြင်းထန် (ရုပ်/သံ)

"တပ်မ ၁၀၁ ကနေ ညနေ ၄ နာရီ ၄၅ မိနစ်က‌ထွက်လာတာ၊ ကျနော်တို့မိုင်းဆွဲတာက ညနေ ၅ နာရီကျော်မှာပါ၊ ကားပေါ်မှာ ပါတာက ၃၃ ကောင်ပါတယ်၊ ပထမ ကားမှာပဲ မိုင်းပွိုင့်အကြီးနဲ့ မိသွားတယ်"

ကားနဲ့လစာထုတ်လာတဲ့ ပျူစောထီးခေါင်းဆောင်အပါ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

Mark II ကားကိုမှန်အလုံပိတ်ပြီး မြင်းချင်းပျူစောထီးခေါင်းဆောင်ထွန်းနိုင် သူ့အမျိုးသမီးနဲ့ ပျူစောထီး ကောင်းကောင်း ၃ ယောက်တို့ ပစ်ခတ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ AK သေနတ် အစုတ် ၁ လက်‌ ရခဲ့တယ်ရွှေဘိုအားမာန် မြို့ပြပြောက်ကျား တာဝန်ခံက ပြောပါတယ်။

မြိုင်ပကဖ စခန်းငယ်တခု စီးနင်းခံရပြီး ရဲဘော်တဦးကျဆုံး

“ကျနော်တို့စခန်းငယ်ဖြစ်တဲ့ အထိုင်စခန်းကိုဝင်စီးတာ။ ကျနော်တို့ အလှည့်ကျ ကင်းသမားက အရင်ပစ်တာ။ ပစ်လိုက်တဲ့အချိန်မှာ သူတို့လည်း ၂ ယောက်ထိတယ်။ ကျနော်အဖွဲ့က ကျသွားတဲ့ ရဲဘော်အရာတော်က လက်မောင်းထိတာ။ ကျန်တဲ့ ၃ ယောက်ကိုနောက်ဆုတ်ခိုင်းပြီး သူတယောက်ထဲ ခံပစ်ပေးတာ”

ကန့်ဘလူမှာ စစ်မှုထမ်းစာရင်းကောက်ရန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၅,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်

" ဒီစစ်တပ် မကောင်းမှန်းသိရဲ့သားနဲ့ ကိုယ့်သားသမီးကို သင်တန်းမတက်ခိုင်းပါဘူး။ သူတို့အတွက်လည်း အသေမခံနိုင်ဘူး။ စစ်ရှောင်ရတာ ဒုက္ခရောက်တာတော့ သိတယ်။ သူတို့လက်က လွတ်ဖို့ ရှောင်ပြေးရတာပဲ”

စစ်ရေးတင်းမာနေလို့ PRA-Magwayရဲ့ ၃ နှစ်ပြည့်အခမ်းအနား မပြုလုပ်နိုင်

"ကျနော်တို့ PRA-Magway ၃ နှစ်အတွင်းမှာ အခက်အခဲတွေ အမျိုးမျိုးရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့လိုချင်တဲ့ အဆင့်ထိတော့ မရောက်သေးဘူး ဒါပေမဲ့ အထိုက်အလျောက်တော့ ရောက်နေပြီ။ ဆက်ပြီးတော့ PRA-Magway က ရပ်တည်ချက်တွေ မှုဝါဒတွေကိုင်ဆွဲပြီးတော့ ကျနော်တို့ယုံကြည်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဆက်ပြီးတော့ ချီတက်သွားကြအုံးမယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမှာ"

ရေလာလေးရွာက ပျူစောထီးတွေ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာက ပျူစောထီးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာမှာ ပျုစောထီးကျော်ခိုင်ရဲ့ ဆီးခုံကိုဗုံးစထိမှန်ပြီး သေဆုံးသွားတယ်လို့ Young Force UG တာဝန်ခံ ကိုပိန်က ပြောပါတယ်။

PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်တိုက်တွန်း (ရုပ်/သံ)

စစ်အာဏာသိမ်းပြီးနောက် ပြုလုပ်တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာကျင်းပတဲ့ ၇၇ နဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ၂ နှစ်ဆက်တိုက် ထည့်သွင်းပြောဆိုခဲ့ပေမယ့် အခုနှစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုတာမျိုး မတွေ့ရတာပါ။

အုတ်ဖိုက စစ်ကောင်စီဂိတ်ကို PDF ဝင်တိုက်၊ နှစ်ဘက်ထိခိုက်မှုတွေရှိ

”ကင်းက ၂ ကောင်ကိုတော့ အနီးကပ်ဆော်ရတာ။ ကျနော်တို့နဲ့ အပြန်လှန်ပစ်နေရင်း စစ်**တွေက ပြည်သူ့ အိမ်တွေထဲ ဝင်ပြေးကြတာ။ ဂိတ်ကို မီးရှို့ဖို့ကျတော့ ပြည်သူ့အိမ်တွေနဲ့ နီးလို့ မီးမရှို့ခဲ့ရဘူး“

စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ရွှေဘိုမြို့မုခ်ပေါက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ ၅ ဦးဒဏ်ရာရသွားတယ်လို့ Buffalo soldiers freedom Force အဖွဲဆီက သိရပါတယ်။

96 Soldiers တပ်ဖွဲ့ကို ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်

“ဒီလို ကျည်ကာဦးထုပ်တွေ မရှိခဲ့ရင် ရဲဘော်တဦးရဲ့ ခေါင်းကို လက်နက်ကြီးစ မှန်တယ်ဆိုရင်တောင် မှန်တဲ့ အတိုင်းအစပေါ်မူတည်ပြီး အဲ့ဒီနေရာမှာပဲ အသက်ပေးကောင်း ပေးရနိုင်တယ်။ ဒီဦးထုပ်တွေသာ ရှိခဲ့မယ်ဆိုရင် ၄၀ ရာခိုင်နှုန်းလောက် ကာဗာပေးနိုင်တယ်။”

စလင်းမှာ စစ်မှုထမ်းရန်နဲ့ ပျူစောထီးသင်တန်းတက်ရန် စည်းရုံးရေးဆင်းတဲ့ အမျိုးသားတဦး အသတ်ခံရ

“စစ်မှုထမ်းဖို့အတွက် သူ့ရဲ့ အုပ်စုထဲမှာ စည်းရုံးရေးတွေ ဆင်းပေးနေတာ။ ပြီးတော့ စစ်မှုထမ်းမတိုင်ခင် ပျူစောထီးသင်တန်းတွေအတွက်လည်း သူ့ရဲ့အုပ်စုမှာ စည်းရုံးရေးတွေဆင်းပေးနေတာ။ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ ပြည်သူတွေအပေါ် ဂုတ်သွေးစုပ်တဲ့လုပ်ရပ်တွေရှိတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10