သတင်း

စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၆ ဦးသေ ၂၀ ဦးဒဏ်ရာရ (ရုပ်/သံ)

မတ် ၂၃ ရက် မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့နယ်အကြားမှာ ဒရုန်းနဲ့ ဗုံးသီး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မတ် ၂၄ ရက်မှာတော့ တွင်းမရွာရဲ့ မြောက်ဘက်မှာ ဒရုန်းဗုံးသီး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ရေစကြိုမြို့ပေါ် စစ်အုပ်စု တပ်စခန်း ၄ ခု တိုက်ခိုက်ခံရ စစ်သား ၇ ဦးသေဆုံး ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ငြိမ်းဇာနည်စခန်း၊ ဆေးရုံ၊ ရုံးပေါင်းစုံ၊ ကပ်ကျော်ဘုန်းကြီးကျောင်းတို့ကို မတ် ၂၃ ရက် မနက် ၅ နာရီ ၅၅ မိနစ်ဝန်းကျင်ကနေစပြီး ၂ နာရီအကြာ မဟာမိတ် အဖွဲ့ ၆ ဖွဲ့က တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ Myingyan Black Tiger-MBT အဖွဲ့ဆီက သိရပါတယ်။

ရွာမီးရှို့ပြန်လာတဲ့စစ်ကြောင်းကို စနိုက်ပါနဲ့ပစ်လို့ ဗိုလ်အဆင့်ရှိသူ ၁ ဦးသေဆုံးဟုဆို

“မီးရှို့ပြီး စစ်ကြောင်းက ပြန်ထွက်လာတာကို ရွာပြင်ကနေ ကိုက် ၃၀၀ အကွာက ပစ်တာမှာ အရုပ်ကြိုးပြတ် လဲကျသေဆုံးသွားတာ”

PDF သတင်းကို ဘုန်းကြီးယောင်ဆောင်သတင်းယူနေတဲ့ တပ်ကြပ်ကြီး ၁ ဦးကို အသွင်ယူပြီးပြန်ဖမ်း

"သူက ဘုန်းကြီးဝတ်စုံဝတ်လိုက်။ လူဝတ်စုံဝတ်လိုက်နဲ့ နတ်မောက်တကြောမှာ တယောက်တည်းသွားလာပြီး သတင်းစုံစမ်းနေတာ။ ကျနော်တို့ကလည်း သတင်းရလို့ စကစ ပုံစံအသွင်ယူပြီး သူကိုတွေ့တဲ့အချိန်မေးမှ စကစ တပ်ကမှန်းသိရတာ"

မန္တလေးမြို့ ဆန္ဒပြမှုတွေမှာ အကြမ်းဖက်ဖြိုခွင်းခဲ့သူ ဒုရဲမှူးကြီးကျော်ဇင်မြင့် မိုင်းဆွဲခံရပြီး သေဆုံး

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ ဦးဆောင်ပြုလုပ်ခဲ့၍ စစ်ကောင်စီက ဝန်ထမ်းကောင်းဆုပေးကာ ရာထူးတိုးပေးခဲ့တဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးကျော်ဇင်မြင့် စစ်ကြောင်းထွက်စဥ် မိုင်းဆွဲခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်ထွေအုပ်ရုံးက အငယ်တန်းစာရေးအမျိုးသမီး အသတ်ခံရ

“စာရေးမက ရပ်ကွက်ထဲက ရာအိမ်မှူး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီဆီမှာ မဖြစ်မနေ ထမ်းဆောင်ရမယ်လို့ အကုန်လုံးကိုညွှန်ကြားပြီးခိုင်းတဲ့လူပါ။ ရပ်ကွက်ထဲမှာ ကလေးတွေကို စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်တာ။ ကျနော်တို့သူ့အိမ်ထဲကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်။ မေးမြန်းပြီးမှ သုတ်သင်ရှင်းလင်းခဲ့တာ။”

စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ဂန့်ဂေါ PDF တပ်ရင်း ၂ ရင်း ပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၈ တပ်ရင်းနဲ့ အမှတ် ၉ တပ်ရင်းတို့က မတ်လတတိယပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကြတယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၈ တပ်ရင်းဆီက သိရပါတယ်။

ဆေးလွယ်အိတ်နဲ့ အသုံးအဆောင်ပစ္စည်းများ အညာပစ်တိုင်းထောင်က ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ကို ဆေးမျိုးစုံပါလွယ်အိတ်နဲ့ မီးဘေးသင့်ပြည်သူတွေကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေး သင်တန်းဆင်းပွဲ (ရုပ်/သံ)

“ကျနော်တို့ဆီမှာ ၉၀ ရာခိုင်နှုန်းလောက်တော့ သင်တန်းတက်ရောက် အောင်မြင်ကြတယ်။ အမျိုးသမီးကတော့ ၁၀၀ ရာခိုင်နှုန်းအောင်မြင်တယ်လို့တောင် ပြောလို့ရတယ်။ အမျိုးသမီးက ဒီသင်တန်းမှာပါတဲ့ အရေအတွက်အကုန်လုံး သင်တန်းဆင်းတဲ့ထိ လုပ်ဆောင်နိုင်ခဲ့တယ်။ အမျိုးသားတွေတန်းတူပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အမျိုးသားတွေလို လျင်မြန်ဖျက်လတ်ပြီး လုံးဝလုပ်နိုင်တဲ့ အနေထားမျိုးမဟုတ်ခဲ့ပေမယ့် သူတို့စံချိန်စံနှုန်းနဲ့အညီကို ကျော်ဖြတ်နိုင်ခဲ့တယ်။”

ဝက်လက်မြို့နယ်က စစ်ရှောင်ပြည်သူ ၂၀၀ ကျော်ကို အခမဲ့ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပို့ရေးအဖွဲ့နဲ့ CDM ကျန်းမာရေး ဆရာ /ဆရာမတွေက မတ် ၂၃ ရက်မှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတဲ့ ရဲတပ်သား ၂ ဦးကို CDF-KKG က ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

"တဦးကို သိန်း ၅၀ စီနဲ့ ၂ ဦးအတွက် သိန်း ၁၀၀ ဆုပေးခဲ့ပါတယ်။ စစ်တပ်က ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာတွေလုပ်နေတော့ မကြိုက်တဲ့အတွက် အလင်းဝင်လာတာပါ"

ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲ အထွက်နှုန်းကျဆင်း

“မတ်ပဲအပင်ပေါက်ချိန်မှာ မြေအစိုဓါတ်များလို့ အပင်တွေသေတာရယ်၊ အပင်ကြီးလာတဲ့အချိန်မှာ မှိုရောဂါကျလို့ အပင်တွေဝါပြီး အသီး မသီးနိုင်တာရယ်ကြောင့်လည်း အထွက်နှုန်းကျတာ”

ဝါယာရှော့ဖြစ်ပြီး ကျားသစ်နက်တပ်မတော်ရဲ့ Rocket ထုတ်လုပ်ရေးစခန်း မီးလောင်၊ ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံး

“အခုဆုံးရှုံးရတာကလည်း ပြည်သူကနေ ပံ့ပိုးလှူထားတဲ့ ပစ္စည်းတွေပါ။ မီးလောင်သွားတာကြောင့် ကျနော်တို့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်။ ကျနော်တို့ရဲ့ပေါ့ဆမှုကြောင့် ဖြစ်သွားရတယ်”

ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်အတွင်း  စစ်ကြောင်းထိုးနေလို့ ပြည်သူ ၁၂၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေရ (ရုပ်/သံ)

ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့တွက် ကျေးရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၂၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ပြည်သူမှပြည်သူသို့အဖွဲ့ဝင် ကိုသက်ဦးကပြောပါတယ်။

စစ်တပ်ပိုင်ခန်းမ ရှော့ဒုံးနဲ့ပစ်ခံရပြီးနောက် မန္တလေးပြည်သူ့စစ်တွေကိုလက်နက်ပေး၊ မနက်အစောစစ်ဆေးမှုတွေလုပ်ပြီး လုံခြုံရေးတင်းကျပ်

" မနက်အစောကြီး ၃ နာရီကနေ မနက် ၅ နာရီအထိ ထပြီးစစ်နေတယ်။ စစ်ယူနီဖောင်းတွေရော၊ အရပ်ဝတ်တွေရော အင်အားအများကြီးပဲ။ ဆိုင်ကယ်တွေကနေ ဖယ်ခိုင်းပြီး ကျွန်မတို့ကိုရပ်ခိုင်းထားသေးတယ်။ ပြီးတော့ဆိုင်ကယ်တွေရှာ လူတွေထဲလည်း ဘာပါလဲစစ်ဆေးပြီးမှပြန်လွှတ်လိုက်တာ။ ကျွန်မဖြင့် တခုခုလုပ်မယ်လို့ ထင်သွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10