သတင်း

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေရဲ့အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေး သင်တန်းဆင်းပွဲ

“ဒေသတော်တော်များများမှာ လွှတ်ထားတဲ့ရဲဘော်တွေကို ပြန်စုစည်းပြီး ပေးတဲ့သင်တန်းပါ။ စစ်ကိုင်းတိုင်းထဲက ပိုများတာပေါ့။ ဒါပေမယ့် ကျနော်တို့ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကတော့ စစ်ကိုင်းတိုင်းတခုထဲကို ကိုယ်စားပြုတာ မဟုတ်ဘူးပေါ့နော်။ NUG အစိုးရ ယန္တရားတည်ဆောက်နိုင်တဲ့ တိုင်းနဲ့ပြည်နယ်အားလုံးကို ထိုးဖောက်ပြီးတော့ လုပ်ငန်းတွေဆောင်ရွက်သွားမှာပါ။”

တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲခံရလို့ ၂ ဦးသေပြီး ၄ ဦးထိခိုက် (ရုပ်/သံ)

"ပခုက္ကူကနေ ကမ္မကို ထွက်လာတဲ့ ကားတွေကို မိုင်းဆွဲခဲ့တာ။ သာစည်ကန်ရွာအဝင်မှာ ဆွဲတာက ** ၂ ကောင်လောက်သေတယ်၊ ၄ ကောင်လောက်ဒဏ်ရာရတယ်။ ညနေမှာ မိုင်းဆွဲခဲ့တာက ထိခိုက်ဒဏ်ရာပဲရတယ်၊ အသေအပျောက်တော့မသိရဘူး။ ကန်တော်နဲ့ ကမ္မအကြားမှာဆွဲခဲ့တာ ၂ ကြိမ်မိုင်းဆွဲခဲ့တာ။ ကားအစီး ၁၂၀ ထွက်လာတာ ကား ၄ စီးကိုမိုင်းဆွဲနိုင်ခဲ့တာ။ ပေပါမိုင်း ခပ်လတ်တ်တွေနဲ့ ဆွဲခဲ့တာ၊ ရိက္ခာလည်းများတယ်၊ အင်းအားလည်းပါတယ်"

တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ တပ်ခွဲ ၂ ရဲ့ ကျဆုံးရဲဘော်ကျော်ကြီးကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

“တော်လှန်ရေးကာလအတွင်းမှာ အခုအချိန်အထိ ရပ်တည်ပေးနေတဲ့ ထောက်ပို့တပ်သား အားလုံးကို ကျေးဇူးတင်ပါတယ်၊ တော်လှန်ရေးကြီးပြီးရင် အောင်ပွဲတွေနဲ့ အတူတူ ပျော်ရွှင်စရာ အချိန်တွေကို အတူတူ ဖြတ်သန်းကြမယ် ‌အရေးတော်ပုံ အောင်ရမည်” လို့ ဗလာစာရွက်မှာ ကိုယ်တိုင်လက်မှတ်ထိုးကာ ရေးသားခဲ့တဲ့ ရဲဘော်ကျော်ကြီးဟာ မတ်လ၂၀ ရက်က ရေတာရှည်မြို့နယ်၊ ကရင်ချောင်းတံတား တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် မနေခြည်က ပြောပါတယ်။

မုံရွာ သက္ကယ်ကျင်းရွာက မီးဘေးသင့်အိမ်ထောင်စု ၄၀၀ ကို S&C အဖွဲ့က သိန်း ၈၀ ကျော် ရိက္ခာထောက်ပံ့ (ရုပ်/သံ)

အိမ်ထောင်စု ၁ စုကို ဆန် ၄ ပြည်၊ အသားတု ၁၀ သားစီဖြင့် မျှဝေပေးခဲ့ပြီး အိမ်ထောင်စုပေါင်း ၄၀၀ အတွက် ဆန်အိတ် ၇၅ အိတ်၊ အသားတုပိဿ ၃၀ ကို တန်ဘိုး ကျပ်သိန်း ၈၀ ကျော်ကုန်ကျကာ ထောက်ပံ့ပေးခဲ့တာလို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

ရှေ့တန်းမှာ ဟင်းစားရှာချက်ပြုတ်စားကြတဲ့ YDF က ရဲဘော်တွေ (ရုပ်/သံ)

မကွေးတိုင်း၊ ယောဒေသ၊ ဂန်ဂေါနယ်အတွင်းရှိ ယောကာကွယ်ရေးတပ်ဖွဲ့ YDF က ရဲဘော်တွေက ဟင်းစားရဖို့အတွက် အလှည့်ကျ ဖား၊ ငါး၊ ခရု၊ ရှဉ့် တွေကို ရှာဖွေစားသောက်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စခတ ၁၀ တပ်ရင်းအပါ ၂ နေရာကို ဒရုန်းနဲ့ဗုံးကြဲ

“ကျနော်တို့ ဗုံးသီး ၄ လုံး နဲ့ပစ်တာ၊ တလုံးက မကွဲလိုက်ဘူး။ ထိခိုက်သေဆုံးတာတွေကို ကျနော်တို့ အတွင်းလူကနေတဆင့် သိရတယ်”

ရွှေတောင်မှာကားမှောက်လို့ ၁ နှစ်အရွယ်ကလေးအပါ ၄ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

"ကားပေါ်မှာက ကလေး ၃ ယောက်နဲ့ လူကြီး ၁၇ ယောက်ပါတယ်။ ကားက လူဝိတ်နဲ့ အရှိန်ကလည်းများဆိုတော့ မောင်းလာတာယိမ်းထိုးနေတယ်လို့ မြင်တဲ့သူတွေကပြောတယ်။ နောက်တော့ သူအရှိန်နဲ့သူမနိုင်ဘဲ လမ်းဘေးထိုးကျမှောက်တာ"

တောမီးကနေရွာကိုကူးလို့ ရွာလုံးကျွတ်နီးပါးမီးလောင်၊ လေဖြတ်နေတဲ့အမျိုးသမီးကြီး ၁ ဦး မီးထဲပါသွား

"တောမီးလောင်တဲ့အချိန် လေကလည်းတိုက်နေတာဆိုတော့ မီးလောင်တာကို အားပေးသလိုဖြစ်ပြီး ရွာထဲကို မီးပွားတွေကျရာကနေ လောင်ကုန်တာ။ မီးစလောင်တဲ့ဘက်ကအိမ်တွေဆို ဘာမှယူမခင်ဘူး(မယူလိုက်ရဘူး)။ လူတွေပဲ အလွတ်ရုန်းပြေးကြရတာ"

ပြည်မြို့နယ် ကမ္ဘီလာရွာက အမျိုးသား ၃ ဦးအဖမ်းခံရ၊ ၂ ဦးငွေပေးလွတ်ပြီး ၁ ဦးကို စစ်တပ်ထဲထည့်

"ပထမရက်မှာ အဖမ်းခံရတဲ့ နှစ်ယောက်ထဲက လူကြီးကို ပြန်လွှတ်လိုက်တယ်။ နောက်ထပ် လူငယ်တယောက်ကို ထပ်ဖမ်းသွားတယ်။ ပထမဖမ်းထားတဲ့ လူငယ်ကိုတော့ သုံးရက်အကြာမှာ သုံးဆယ့်ငါးသိန်းနဲ့ ပြန်လွှတ်ပေးတယ်။ သုံးယောက်ထဲက နောက်ဆုံးအဖမ်းခံရတဲ့ လူငယ်ကိုတော့ ထောင်ကျခံမလား စစ်တပ်ထဲကိုဝင်မလား မေးတယ်။ တပ်ထဲကိုဝင်မယ်ဆို စစ်မတိုက်ရတဲ့ လက်နက်ထုတ်တဲ့နေရာကိုပို့မယ်ဆိုပြီး တပ်ထဲကိုဝင်မယ်ဆိုတော့ ထည့်လိုက်တယ်"

မိုးသက်လေပြင်းတိုက်ပြီး ဓါတ်တိုင် ၈ တိုင်ကျိုးလို့ စလင်းနဲ့ဆင်ဖြူကျွန်းမှာ လျှပ်စစ်မီးပြတ်တောက်

“ဓါတ်အားတိုင်တွေက မြေပြင်ပေါ်ကို ကျိုးကျသွားတာပါ။ တိုင်တွေ အစားထိုး ပြင်ဆင်နေပါပြီ“

ကောလင်းမြို့အနီး တိုက်ပွဲဖြစ်၊ နှစ်ဘက်အသေအဆုံးရှိဟုဆို (ရုပ်/သံ)

တိုက်ပွဲဟာ တနေ့လုံးနီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အသေအဆုံးများကာ ညပိုင်းမှာ မှောင်ရိပ်ခိုပြီး ကောလင်းမြို့ထဲကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ခွဲမှူးတဦးနဲ့ ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၄၀၀ ကျော်မီးရှို့ခံခဲ့ရတဲ့ သက္ကယ်ကျင်းရွာက ဒေသခံတွေ အကူညီလိုအပ်နေ

"အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရသူတွေများတယ်။ စားစရာ ဝတ်စရာကို အဆင်မပြေကြဘူး။ အကူအညီတောင်းလာတဲ့အတွက် တတ်နိုင်သမျှထောက်ပံ့ပေးခဲ့တာပါ"

ကောလင်းမြို့အနီး တိုက်ပွဲဖြစ်၊ နှစ်ဘက်အသေအဆုံးရှိဟုဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာမကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်အသေအဆုံးများခဲ့သလို ကောလင်းခရိုင်တပ်ရင်း ၂ က ရဲဘော် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ရေဦးမြို့နယ်ပကဖ က ဖမ်းဆီးသွားတဲ့ သံသည်ရပ်ကျေး ပအဖ၊ ပလဖနဲ့ CDM အပါ ၆ ဦးကို ဒီနေ့အထိ ပြန်မလွှတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးထားတဲ့ ရေဦးမြို့နယ်၊ သံသည်ကျေးရွာ ရပ်ကျေးပအဖ၊ ပလဖနဲ့ CDM ၁ ဦးအပါအဝင် ၆ ဦးဟာ ဒီကနေ့ ၆ ရက်မြောက်ကြာတဲ့အထိ လွတ်မြောက်လာတာမရှိသေးသလို မိသားစုနဲ့လည်းတွေ့ခွင့် မရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။

သေနတ်အတုဆောင်ထားတဲ့ ရွှေဘိုကအုပ်ချုပ်ရေးမှူး အသတ်ခံရ

"သူ့ကိုလိုက်နေတာကြာပြီ။ ခါတိုင်းဆို သူက အပြင်မှာနေရင် တနေရာ ၅ မိနစ်၊ ၁၀ မိနစ်ထက် ပိုမနေဘူး။ ဒီနေ့မှာမှ လက်ဖက်ရည်ဆိုင်မှာ သူအဖော်တွေနဲ့ ဂိမ်းဆော့နေတာကိုမြင်လို့ ၁၀ ချက်လောက် နှစ်ယောက်ဝိုင်းပစ်ခဲ့တာ။ နေရာမှာပဲ သေတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10