သတင်း

လက်ပံတန်းမှာ တရက်တည်းတိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

လက်ပံတန်းမြို့အရှေ့ဘက်၊ ငှက်ပျောတုန်းရွာအနီးမှာ မနက် ၁၀ နာရီခန့်က ပဲခူးရိုးမထဲကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပထမအကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးသူ ကြံ့ခိုင်ရေးကော်မတီဝင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

အသက် ၅၉ နှစ်အရွယ် တောင်ငူမြို့နယ်ကြံခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ဦးစိန်မြင့်ကို မတ်လ ၁၇ ရက် ည ၉ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မတ္တရာမြို့နယ်၊ ရွေးရွာကို စစ်တပ်ဝင်စီးပြီး လူမှုကူညီရေးအသင်းကို မီးရှို့ကာ မိန်းကလေး ၂ ဦးကို ဖမ်ဆီးသွား

မတ္တရာမြို့နယ်၊ ရွေးရွာကို မတ် ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး လူမှုရေးကူညီမှုအသင်းကို မီးရှို့ကာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၁၃ နှစ် အရွယ် မိန်းကလေးနဲ့ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံဆီက သိရပါတယ်။

ကျွန်းလှမှာ စစ်တပ်က အမျိုးသား၂ ဦးကို သတ်ပြီး ထမင်းဆိုင်နဲ့ နေအိမ် ၁ လုံး မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ပေကြီးရွာက အမျိုးသား ၂ ဦးကို စစ်တပ်ကသတ်ဖြတ်သွားသလို ထမင်းဆိုင် ၁ ဆိုင်နဲ့ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ပေကြီးရွာပကဖဆီက သိရပါတယ်။

စစ်မှုထမ်းစာရင်းပါသူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် (ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းနေပြီး မဲပေါက်တဲ့သူတွေထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်မှုထမ်းစာရင်းပါသူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

"ခုကတော့ စစ်မှုထမ်းဖို့ လူခေါ်တာလုပ်နေပြီး။ ရွာအများစုမှာတော့ မဲနှိုက်နေတယ်။ တရွာနဲ့တရွာ လူခေါ်တာက မတူညီဘူး။ လုပ်ချင်သလိုလုပ်နေကြတာ။ အချို့ရွာက တအုပ်စု ၁၀ ဦး။ အချို့ရွာကျ လူတရာကို ၁ ဦးနှုန်း မဲနှိုက်ခိုင်းနေတာ"

ရွှေစက်တော်ဘုရားဖူး လိုက်ထရပ်ယာဥ်တိမ်းမှောက်လို့ ၄ ဦးဒဏ်ရာရ

"ကားက မောင်းလာတာအရှိန်များတယ်။ သူ့အရှေ့က ကားတွေကိုကျော်တက်တာ။ လမ်းဆုံလည်း ရောက်ရော ကားကလူးပြီးမှောက်သွားတာ။ ကျနော်တို့အရှေ့မှာပဲ မှောက်သွားတာ။ ဘုရားဖူးကားလို့ တော့သိရတယ်"

ပအဖ၊ ပကဖ၊ ပလဖနဲ့ သယံဇာတအဖွဲ့တွေ အခွန်ယူပြီးလွှတ်ပေးတဲ့ သစ်ကားတွေကို ပြည်သူတွေက ပြန်ဖမ်းပြီး ဆန္ဒပြ (ရုပ်/သံ)

မတ် ၁၇ ရက် မနေ့ ညနေက မော်လူးမြို့ထဲကဖြတ်သွားတဲ့ တန် ၃၀ ပါ သစ်ကား ၁၈ စီးကို မော်လူးမြို့ အထွက်က ကျေးရွာမှာဖမ်းပြီး တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပေမယ့် အရေးမယူဘဲ လွှတ်ပေးလိုက်တဲ့အတွက် နောက်ထပ်ဝင်လာတဲ့ သစ်ကား ၃ စီးကို မြို့လယ်ခေါင်မှာ ပြည်သူတွေကိုယ်တိုင် ဝိုင်းဖမ်းပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

တန့်ဆည်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းကြဲလို့ ကိုရင်ကြီး ၁ ပါးအပါ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တွေးတီရွာနဲ့ အင်းရွာကြားမှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့မှာ ခရီးသည်တင်ယာဥ် မိုင်းထိလို့ အမျိုးသမီး ၂ ဦးသေ၊ အမျိုးသား ၁ ဦးဒဏ်ရာရ

"ခရီးသည်တင်ကားက ထောင်ထားတဲ့မိုင်းကို နင်းမိတာလား။ မိုင်းဆွဲခံရတာလားဆိုတာတော့ မသိရဘူး။ သူတို့ကားလည်းအရောက် မိုင်းလည်းကွဲတာဆိုတော့။ ကားယာဥ်မောင်းတော့ ထိခိုက်တာမရှိဘူး။"

ပအဖ၊ ပကဖ၊ ပလဖနဲ့ သယံဇာတအဖွဲ့တွေ အခွန်ယူပြီးလွှတ်ပေးတဲ့ သစ်ကားတွေကို ပြည်သူတွေက ပြန်ဖမ်းပြီး ဆန္ဒပြ

“ဒေသခံ လက်လုပ်လက်စားတွေကိုကျ လုံးဝလုပ်ခွင့်မပေးဘူး။ ၄၊ ၅ချောင်း သယ်တာကအစ ဖမ်းတယ်။ သုံးဘီးလေးနဲ့ တိုက်လာရင်တောင် ဖမ်းတယ်။ မဖမ်းပါနဲ့ ပစ္စည်းသိမ်းပါဆိုလည်း မရဘူး။ ရုံးကိုခေါ်ပြီး ကားတွေပါ ဒဏ်ကြေးရိုက်တယ်။ ခုလိုတရုတ်ဆိုဒ် ကားတွေ ဝင်လာတာကျ မဖမ်းကြဘူး။ ပြည်သူတွေက မခံနိုင်တော့လို့ ဖြစ်ကြတာ။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို အကုန်လုံး လုပ်စားနေကြတာ။”

ငါန်းဇွန်ပကဖရဲဘော်တွေရဲ့စိတ်ဓာတ်မြှင့်တင်ရေးကိုယ်ပိုင်သံစဥ်သီချင်းသစ် (ရုပ်/သံ)

"သီချင်းရေးစပ် သီဆိုပေးထားသူရဲ့အမည်ကိုတော့လုံခြုံရေးအရ မပြောတာပါ။ သီချင်းရေးတာ ၇ ရက်လောက်ကြာပါတယ်။ ရဲဘော်တွေအတွက် ခွန်အားဖြစ်တာပေါ့ "

ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်မှုထမ်းရန် လူငယ်တွေကိုဆင့်ခေါ်မှုတွေ စတင်

“By Name တပ်ပြီး ခေါ်တာဆိုတော့ သွားတဲ့ လူငယ်တွေလည်း သွားကြတယ် ကြားတယ်။ ကျနော်သိတဲ့ လူငယ်တွေကတော့ ရှောင်တိမ်းနေကြတယ်။ အားလုံးက ကြောက်လန့်နေကြတာလေ။ စစ်ကောင်စီမှာ စစ်မှု မထမ်းလိုကြဘူး”

ကလေးမြောက်ပိုင်းတိုက်ပွဲမှာ ကာကွယ်ရေး ရဲဘော် ၂ ဦး သေဆုံး

“ရဲဘော်က ၂ ယောက် ကျတာ၊ တယောက်က စနိုက်ပါထိတာ၊ သူ့သူငယ်ချင်းထိတဲ့ဟာ သွားဆွဲရင်းနဲ့ Mi 35 ပစ်လို့ဝပ်နေတာမှာ အပေါ်ပိုင်းမှာ စခ တွေရှိနေတော့ အဲ့ဒါမှာ ပစ်ခံရတာ၊ နောက်တယောက် ကကျ လက်နက်ကြီးထိတာ၊ ကျတဲ့နေရာတော့ မတူဘူး Mission ကတော့ တခုတည်းပါ။”

PDF ဆီ အလင်းဝင်လာတဲ့ ခလရ ၂၅၆ ကတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

အလင်းဝင်လာသူဟာ အသက် ၂၂ နှစ်အရွယ် တပ်သားသီဟ ဖြစ်ပြီး မတ် ၁၇ ရက်မှာ MA 1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၀၀ တောင့်ကျော်ယူပြီး အလင်းဝင်လာတာကြောင့် ကျပ်သိန်း ၅၀ ဆုချခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10