သတင်း

ကလေးမြို့မြောက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲလို့ ပြည်သူ ၃ ဦး သေဆုံး

“မြို့ထဲကနေ လက်နက်ကြီးနဲ့ပစ်ပြီး လေယာဉ်နဲ့ ကြဲတာ၊ လေကြောင်းပစ်လို့ ခုလောလောဆယ် ၃ ယောက်သေတယ်။ လက်နက်ကြီးကလည်း အဲဒီနားပတ်ချာလည် ၁၀ လုံးလောက်ကျတယ်။ မီးတွေလည်း လောင်နေတယ်။ ရွာထဲက ပြည်သူတွေကိုလည်း ပျူတွေက မထွက်ခိုင်းတော့ အကုန်လုံး ပိတ်မိနေတယ်။”

တပ်မ ၈၈ တပ်တွေ လိုင်ဇာမှာပိတ်မိနေလို့ မကွေးမြို့က နောက်တန်းတပ်ရင်းတွေကို တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းခိုင်း

“ သူတို့တပ်မ(၈၈)က တပ်တွေ လိုင်ဇာကနေ ဆုတ်ပေးရင်းပိတ်မိနေလို့တဲ့ တပ်မိသားစုတွေကို အကုန်ဓမ္မာရုံထဲမှာ တနေကုန်ဝတ်ရွတ်ဆုတောင်းခိုင်းနေတာ။ အသေအပျောက်တွေလည်း ရှိမယ်ထင်တယ်”

ရွှေကျင်မြို့နယ်တွင် လောင်းကစားဝိုင်းမှာ မိုင်းကွဲလို့ ကစားနေသူ ၁၃ ဦးဒဏ်ရာရ

"လောင်းကစားဝိုင်းဆိုတော့ လူပေါင်းစုံလာတာ။ ဘယ်သူက ဘယ်အချိန် ထားသွားတဲ့မိုင်းလည်းတော့မသိဘူး။ အန်ဂလုံဝိုင်းနားကနေ ပေါက်တာ။"

စစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲလိုက်နေတဲ့ ပျူခေါင်းဆောင် ပစ်ခတ်ခံရလို့သေဆုံး

" ဒီဘက်က ဒေသကာကွယ်ရေးအဖွဲ့တွေက အလုပ်ကိစ္စနဲ့သွားတာ။ သူကလည်း အရပ်ဝတ်နဲ့ လက်နက်မပါဘဲ တယောက်တည်းလာတာနဲ့ဆုံလို့ ပစ်ခတ်ရှင်းလင်းလိုက်တာ။ သူကိုရှင်းဖို့အဖွဲ့စုံက လိုက်နေတာ။ ခုက ဦးတဲ့အဖွဲ့က ရှင်းလိုက်တာ"

ရွှေကျင်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ

"တိုက်ပွဲဖြစ်တာတော့မရှိဘူး။ စကစဘက်က လက်နက်ကြီးပစ်တယ်။ လေကြောင်းကနေ ပစ်ခတ်တာလည်း ရှိတယ်။ လူတွေကတိုက်ပွဲမဖြစ်တော့ ပုံမှန်လည်ပတ်နေချိန် ရုတ်တရက် လာပစ်တာမျိုးဆိုတော့ ရှောင်ရှားချိန်မရကြဘူး"

ဝက်ထီးကန်မှာ စစ်တပ်ကစိုက်ခိုင်းတဲ့ စီမံကိန်းဝင် နွေစပါးကွင်း ရေမရလို့ အရင်းဆုံးမယ့်အခြေနေကို တောင်သူတွေ ရင်ဆိုင်နေရ

”အပင်တွေ ကြီးထွားရမယ့်အချိန် အပင်ပွားတွေထွက်ရမယ့် အချိန်မှာ ရေမရရင် ကြာလာရင် စပါးပင်တွေသေမယ်၊ နောက်ကျပြီးမှ ရေပြန်ရရင်လည်း အပင်သားတက်နည်းပြီး စပါးထွက်နှုန်းကို ထိခိုက်မယ်။ အခုက သမန်း(ထွန်ယက်ထားတဲ့မြေ)ကလည်း ရေမရတော့ အက်ကွဲကုန်ပြီး အခုရေရရင်တောင် စိုက်စရိတ်ရဖို့ အတော်ကြိုးစားယူရမယ်”

မုံရွာအခြေစိုက် Local PDF ရဲဘော် ၁ ဦး မြွေကိုက်ခံရပြီး ကွယ်လွန် (ရုပ်/သံ)

“သူနဲ့အတူ ရဲဘော်တယောက်လည်း ပါသွားတယ်။ သူက မြွေဟောက်ကိုက်ခံရတာလို့ ဆရာဝန်ဆေးစစ်ချက်အရ ယူဆရပါတယ်။ အဲဒီနေရာမှာတင် သတိလစ်မေ့မြောပြီး သတိပြန်လည် မလာတော့တာ။”

မတရားတဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ချီတက်ဆန္ဒပြ (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက '' ကယ်တင်ရှင်မရှာဒို့ကျေးရွာ'' သပိတ်စစ်ကြောင်းက '' မတရားတဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ '' ၊ ''စစ်အာဏာရှင်ကျရှုံးရေး '' ၊ "ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး" စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ညနေဆည်းဆာ လမ်းလျှေက်သပိတ်နှင့် ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။

မုံရွာမှာ LPDF ရဲဘော် ၁ ဦး မြွေကိုက်ခံရပြီး ကွယ်လွန်

“သူနဲ့အတူ ရဲဘော်တယောက်လည်း ပါသွားတယ်။ သူက မြွေဟောက်ကိုက်ခံရတာလို့ ဆရာဝန်ဆေးစစ်ချက်အရ ယူဆရပါတယ်။ အဲဒီနေရာမှာတင် သတိလစ်မေ့မြောပြီး သတိပြန်လည် မလာတော့တာ။”

မုံရွာမှာ စစ်တပ်က ရွာကိုမီးရှို့ မီးလောင်ပြင်ထဲ အရပ်သားအလောင်း ၄ လောင်းတွေ့ရှိ၊ ရွာခံ ၅၀ နီးပါးကို ဖမ်းသွား (ရုပ်/သံ)

“သေဆုံးသူ(အမျိုးသား)က အကင်ရောင်းတဲ့သူပါ၊ အိမ်သာထဲမှာလည်း လူသေ ၂ လောင်း တွေ့တယ်။ ဒီမနက်မှ အလောင်းတွေ တွေ့ရတာပါ။ ထပ်လည်း တွေ့နိုင်သေးတယ်၊ လူပျောက်တွေ အရမ်းများတယ်၊ ဓားစာခံတွေလည်း ဖမ်းခေါ်သွားတယ်။ အာ့ကြောင့် ဘယ်သူသေလည်း၊ ဖမ်းလည်း တိတိကျကျ မသိသေးဘူး”

ဝေါမြို့ပေါ်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးထိခိုက်ဒဏ်ရာရ

"သူတို့က ဆယ်တန်းစာမေးပွဲရှိနေတယ်ဆိုတော့ မြို့ထဲလမ်းတွေမှာ လုံခြုံရေးယူထားတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ရှိတဲ့နေရာစုံစမ်းပြီး ကြိုတင်မိုင်းထောင်ပြီး လာတဲ့အချိန်မှာ ခွဲလိုက်တာ"

ကလေးမြောက်ပိုင်းမှာ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းကျေးရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရဲဘော်သစ်တွေကို လက်နက်တပ်ဆင်ပေးမယ့် ယောမြို့ပါရီကမ်ပိန်း (ရုပ်/သံ)

ယောကာကွယ်ရေးတပ်ဟာ ပြည်သူလူထု အားကိုးအားထားရတဲ့ တပ်ဖွဲ့တခုဖြစ်အောင်ကြိုးစားနေသလို ပြည်သူလူထုအနေနဲ့လည်း စိတ်အားမငယ်ကြဖို့၊ အားတင်းထားကြဖို့နဲ့ YDF ရဲဘော်သစ်တွေရဲ့ ယောမြို့ပါရီကမ်ပိန်းမှာ တတ်အားသမျှပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်းကိုလည်း YDF ဦးဆောင်သူ ကိုမြတ်သူ က ပြောပါတယ်။

လက်ပံတန်းမှာ Non CDM ဆရာမတဦးအပါ စစ်တပ်သတင်းပေးလို့နာမည်ကြီးသူ ၅ ဦး တညတည်း အသတ်ခံရ

အသတ်ခံရသူတွေဟာ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ သရက်တောရွာက အသက် ၅၀ နှစ်အရွယ် ဦးအောင်ထွန်းဝင်း၊ အသက် ၆၁ နှစ်အရွယ် ဦးစိန်ဦးနဲ့ ဇနီးဖြစ်သူအသက် ၅၆ နှစ်အရွယ် ဒေါ်လှလှရီ၊ ရေငံရွာက Non CDM အလယ်တန်းပြဆရာမ အသက် ၄၉ နှစ်အရွယ် ဒေါ်သွယ်သွယ်ထွန်းနဲ့ အမဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်ဝ င်းမင်းသန်းတို့ဖြစ်ပြီး မနေ့ည ၈ နာရီခွဲလောက်မှာ နေအိမ်တွေအတွင်း ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို (ရုပ်/သံ)

" အချိန်ကာလအနေနဲ့ကတော့ လနဲ့ချီပြီး ယူခဲ့ရပါတယ်။ ကျနော်တို့ တောင်ငူလေဆိပ်ကိုတိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ်ပါ၊ အရင်ကတော့ မင်္ဂလာဒုံလေတပ်၊ မှော်ဘီလေတပ်၊ နေပြည်တော်ဧလာလေဆိပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်တို့ကိုတော့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10