သတင်း

မင်းလှက ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

“အိမ်ကို စာလာကပ်တာက ရဲနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးပါ၊ မင်းလှက ရဲအရာရှိပါတယ်။ ရဲက ၃ ယောက်ပေါ့၊ ဦးတင်ဦးကို ဖမ်းတဲ့ပုဒ်မတွေတော့ မသိရဘူး”

ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်ကား ၁ စီးမိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

"၁၀ မိုင်ဂိတ်ဘက်က စကစတွေ ကားနဲ့လာချိန် မိုင်း ၄ လုံးဆွဲလိုက်တာ။ ကားကတော့ ထိုးရပ်သွားတယ်။ ကားကသုံးမရတော့လို့ မိုင်းဆွဲခံရတဲ့နေရာမှာပဲ ထားရစ်ခဲ့တာ။ သေဆုံးဒဏ်ရာရကိုတော့ ခွေးဘီလူးကားနဲ့လာသယ်သွားတယ်"

လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခံရပြီး အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးကာ ၉ ဦးဒဏ်ရာရ

"တိုက်ပွဲလည်း မရှိဘူး။ ရဲစခန်းနဲ့လည်းဝေးတယ်။ ပြည်စိုးအောင်ရပ်ကွက်က လက်ပန်လှ တောင်ဘက် အဝင်မှာရှိတာ။ သပ်သပ်ယုတ်မာပြီး ပြည်သူတွေ ထိခိုက်အောင်လုပ်တာ"

စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါကြောင့် အစာမစားနိုင်တာနဲ့ ပုံမှန်လှုပ်ရှားနိုင်မှုမရှိလို့ ဆေးခွင့်နဲ့ကုသနေရ

စစ်ကောင်စီလက်ထက် အမည်ခံသမ္မတအဖြစ် ထားရှိထားတဲ့ ဦးမြင့်ဆွေ မှာ အာရုံကြောအားနည်းရောဂါကြောင့် အစားမစားနိုင်တာ၊ နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှု မလုပ်နိုင်တာတွေကြောင့် နေအိမ်မှာ ဆေးခွင့်နဲ့ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှု ကလေးမှာ ပြုလုပ်

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ကာ ဇူလိုင်လ ၁၉ ရက်မနက်ဖြန်မှာ ကျရောက်မယ့် ၇၇ နှစ်မြောက် အာဇာနည်နေ့အတွက် အကြိုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ချောင်းဦးဒေသခံ ၁၅ ဦးထဲက ၁ ဦးသာပြန်လွတ်လာ

"အဖမ်းခံရသူတွေက စျေးဆိုင်ရောင်းသူတွေ။ သူတို့ကို PDFနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖမ်းသွားတာလို့ သိရတယ်"

သေနတ်ပစ်သင်တန်းသားတွေနဲ့ ရှေ့တန်းရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ကျည် ၅၀၀၀ ကမ်ပိန်း (ရုပ်/သံ)

အဲဒီကမ်ပိန်းကို ဇွန် ၅ ရက်ကနေ ဇူလိုင် ၅ ရက်အထိ ၁ လကြာပြုလုပ်ခဲ့တာဖြစ်ပြီး လျာထားချက်မပြည့်မီလို့ ဇူလိုင် ၁၉ ရက်အထိ ထပ်မံပြုလုပ်ခဲ့ရာမှာ ကမ်ပိန်းလျာထားချက်ပြည့်မီခဲ့တာဖြစ်ပြီး အခုလို ထောက်ပံ့နိုင်ခဲ့တာလို့ Kawa People Defense Force-KAWA PDF က တာဝန်ခံက ပြောပါတယ်။

လက်ပစ်ဗုံးဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“အုပ်ကြီးက သူနေတဲ့ချောင်းနားရွာကနေ မင်းလှမြို့ကိုသွားတာကို စောင့်ပြီးသေနတ်နဲ့ပစ်ခဲ့တာ။ ဆိုင်ကယ်က စပါး‌တောထဲထိုးကျသွားပြီး ပွဲချင်းပြီးသေတာ“

မင်းတုန်းနယ်ဘက်ကိုပြန်လာတဲ့ စစ်ကားတစီးတိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိသလို ဒုဗိုလ်မှူးကြီးအပါ ၁၅ ဦး ဒဏ်ရာရ

“သူတို့ပဲ (ဆေးရုံ)တရုံလုံးကို အော်ဒါစွဲကုတာ၊ ကုပြီးတော့ မနိုင်တဲ့အဆုံး မနက်စောစော သရက်ကို ပြေးတယ်။ သရက်မှာ မနိုင်တဲ့ဟာတွေကို မကွေးကို ထပ်ပို့တယ်”

မကွေးမှာ အုပ်ချုပ်ရေးမှူးတဦး ဆိုင်ကယ်စီးနေရင်း ပစ်သတ်ခံရ

"အလုပ်ကနေပြန်လာတဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့တော့သိရတယ်။ ကျည်ထိဒဏ်ရာကတော့ သုံး၊ လေးချက်လောက်ထိထားတာရှိတယ်။ သူသေနေတာကိုလမ်းသွားလမ်းလာတွေကတွေ့တာ"

စဉ့်ကူးမြို့နယ်က ထုံးကြီးရဲစခန်းကို PDF တွေထပ်သိမ်း၊ ၂ ရက်အတွင်း စခန်း ၂ ခုသိမ်းထားခြင်းဖြစ်

"ဖမ်းမိတဲ့သူတွေရှိသလို၊ သံခွန်နဲ့ထွက်ပြေးသွားကြသူတွေလည်းရှိတယ်။ ဖမ်းမိတဲ့အထဲက အများစုက ပျူတွေပါ။ ထုံးကြီးအနီးက ရွာသာယာပျူရွာရှိတော့ အဲဒီကို ထွက်ပြေးသွားတယ်"

ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး သေနတ်နဲ့ခဲယမ်းအချို့ရရှိခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်အုပ်စုကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင် ၄ ဦး သေဆုံးပြီး စစ်လက်နက်ပစ္စည်းမျိုးစုံကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေဘို)ရဲ့ ပြန်ကြားရေးနဲ့ဘဏ္ဏာရေးတာဝန်ခံ ရဲဘော်ဗလကြီးက ပြောပါတယ်။

အမတ ၃၆၈ က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေပြီး နေအိမ်ပျက်စီးမှုရှိ

"ကျောက်ထု(တပ်) ပတ်လည်ကို ရမ်းသမ်းပစ်ခတ်နေတာပါ။ ညပိုင်းဆို ပစ်တော့တာပဲ။ ရွာထဲက အိမ်ပေါ်ကျပြီးတော့ ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်"

မြစ်ခြေက ပျူစောထီးစခန်းတိုက်ခိုက်မှု ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါ ၁၀ ဦး အရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ရှိ ပျူစောထီးစခန်းအထိုင်ချထားတဲ့ကျေးရွာကို ဇူလိုင် ၁၇ရက် မနက် ၅ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၀ ဦးအရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ ဆီက သိရပါတယ်။

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦးစလုံး သေဆုံးလျက်ပြန်တွေ့

"အဲနေ့က (ဇူလိုင် ၁၆) တရက်တည်းပဲ အလောင်းတွေကို အကုန်ပြန်တွေ့ရတယ်။ အလောင်းတွေကတော့ဆေးရုံကိုပို့တယ်။ အဲ့ကနေတဆင့် မိသားစုဝင်တွေဆီ ပြန်ရောက်ပြီး နာရေးကိစ္စတွေ ဆောင်ရွက်နေကြတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10