မုံရွာမှာ ၁၂ ဘီးကုန်တင်ကားတစီး မီးလောင်ပြာကျ (ရုပ်/သံ)
ကုန်တင်ကားပေါ်မှာ ကုန်ပစ္စည်းတွေ၊ ဆီပေပါတွေ တင်ဆောင်ပြီး "ကောင်းထက်စိုး" ကုန်စည်ပို့ဆောင်ရေး အသင်းခြံဝန်းအတွင်းမှာ တစီးတည်း ရပ်ထားချိန် ဝါယူလျှော့ ဖြစ်ကာ မီးလောင်ခဲ့တာ
ကုန်တင်ကားပေါ်မှာ ကုန်ပစ္စည်းတွေ၊ ဆီပေပါတွေ တင်ဆောင်ပြီး "ကောင်းထက်စိုး" ကုန်စည်ပို့ဆောင်ရေး အသင်းခြံဝန်းအတွင်းမှာ တစီးတည်း ရပ်ထားချိန် ဝါယူလျှော့ ဖြစ်ကာ မီးလောင်ခဲ့တာ
"လောင်းကစားဝိုင်းကို အုန်းနှဲစမ်းရွာက ကြံ့ခိုင်ရေးစည်းရုံးရေးမှူး နတ်စိန် (ခ) စိုးမြင့်နဲ့ ဉာဏ်ကျယ်ကြီးတို့ဦးဆောင်ပြီး လိုင်းကြေးပေးလုပ်နေတာ။ စစ်သားနဲ့ရဲတွေက လိုင်းကြေးယူထားတော့ အဖမ်းပြရတာ။ ဝင်လာကတည်းက သေနတ်တွေပစ်ဖောက်တော့ အကုန်ပြေးတာပေါ့။ သူတို့တကယ်ဖမ်းရင် မိပါလျက်နဲ့ မဖမ်းတာ။ PDF ကိုဖမ်းမယ်ဆို အဲ့လိုသေနတ်ဖောက်ပြီး လာဖမ်းလို့လား"
“မနက်အစောထဲက ဖြစ်နေတာ၊ လေယာဥ်ပစ်ကူကို ၁၀ နာရီလောက်ကနေစတင်တာဗျ။ လေကြောင်းမလာခင်ထိတော့ ကိုယ့်ဘက်က အခြေနေကောင်းပါတယ်။ အဲ့နောက်ပိုင်းတော့ အတိအကျပြောလို့ မရသေးဘူးဗျ။ ခုနကလေးတင် ပစ်နေဆဲပါ။"
“စခတွေက မြောက်ဘက်ကနေလာပြီး အနောက်ဘက်ကိုပတ်ဝင်တာ။ ကျနော်တို့က သူတို့စစ်ကြောင်းထိုးလာတဲ့ဘက်ကိုပဲ ကင်းကာထားတာ။ ကျနော်တို့ မထင်မှတ်တဲ့နေရာဘက်ကနေ ဝင်လာလိုက်တာ၊ ကျနော်တို့ အနောက်ကပိတ်ပြီး ခံလိုက်ရတဲ့သဘောပေါ့”
"ရောင်းတာကတော့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ရောင်းတာတွေ့ရတယ်။ တမဲကို ၃၅၀၀ တဲ့ ဆိုင်ကယ်နဲ့ ဖုန်းတွေပါတယ်"
"အဲကားက ကျောက်ကြီးဘက်ကနေ ပဲနွယ်ကုန်းဘက်ကိုအသွား အဲတံတားပေါ်ကပဲ ဖြတ်သွားတယ်။ ဘာမှမဖြစ်ဘူး။ အုတ်သယ်ပြီးအပြန် တံတားပေါ်အတက် ချဉ်းကပ်လမ်းနဲ့တံတားနဲ့ကြားမှာ မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်တာ။ ကားကဝိတ်ပါလာတဲ့အတွက် ဖြစ်တာလို့ ယူဆလို့ရတယ်။ ကားကတော့ ခေါင်းပိုင်းကို ထိသွားတာ"
"၈ စီးမြောက်ကားနဲ့ ၁၀ စီးမြောက်ကားကို ပဒေသာမိုင်းဆွဲတာ ၈ ဦးလောက် ဒဏ်ရာရတယ်။ နောက်ထပ်မြိုင်နဲ့ ကိုင်းတောမအကြားမှာလည်း ထပ်ဆွဲခဲ့တယ်။ အဲမှာလည်း ဒဏ်ရာရကြတာ သုံးလေးငါးဦးတော့ သေမှာ။ ဒဏ်ရာရတဲ့ ၈ ဦးကိုတော့ တပ်မ ၁၀၁ ထဲမှာ ကုနေတယ်"
"ကျနော်တို့ ပျူစောထီးအယောက် ၃၀ လောက် ခေါ်စစ်တာမျိုးရှိတယ်။ ၂၀ ကျော်ကို ပြန်လွှတ်ပေးတယ်။ ခံဝန်ကတိ ထိုးခိုင်းတယ်။ အေးဆေးနေရင် ဘာမှပြဿနာမရှိဘူး။ အခုကောင်တွေက ပြစ်မှုထင်ရှားလို့ပါ"
"ကျနော်တို့ ကြိုပြီးသတင်းရလို့ စောင့်တိုက်ခိုက်ခဲ့တာ၊ သူတို့အတန်းလိုက်ထွက်လာတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တိုက်ခိုက်နိုင်ခဲ့တာ၊ သူတို့ဘက်က အင်အား ၃၀ ပါတယ်။ ပစ်ခတ်ချိန် ၄၅ မိနစ်လောက်ကြာတယ်၊ စစ်သား၂ ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ရဲ ၁ ယောက် နဲ့ စစ်သား ၁ ယောက်က ဒဏ်ရာရကြတယ်"
"ဆားလင်းကြီးမြို့ပေါ်မှာ တပ်ထောက်ခံပွဲလုပ်ပြီးပြန်လာတဲ့ အင်အား ၁၅၀ ပါတဲ့ ဘီးလူးစစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီးမှာ မနက် ၇ နာရီမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာ ခွေး ၁ ကောင်ချက်ခြင်းလဲသေသွားတာ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်က ရမ်းသမ်းပစ်တယ်။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ ပြောက်ကျားစနစ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ကြာခဲ့တယ်။ အဲ့ဒီစစ်ကြောင်းက ထန်းတောကြီးထဲမှာ ရှိနေသေးလို့ ကျနော်တို့က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာမှာ လက်ပတောင်းရွာထဲကို ဝင်သွားတယ်"
"သူက လဝက ၃ ရစ် လက်ထောက်ကြီးကြပ်ရေးမှူးပေါ့။ သူက ချင်းလူမျိုး၊ သူအပါ သူငယ်ချင်း ၃ ယောက်လာတာမှာ သူတယောက်ပဲရေကူးတတ်တော့ ကျန်တဲ့၂ ယောက်ကရေမကူးပဲ ကုန်းပေါ်မှာကျန်ခဲ့တာ။ သူပဲ ရေချိုးဆင်းရင်းရေနစ်တာ"
“ခုက တပ်ဖြောက်ပြီးငြိမ်နေကြတယ်၊ မနက်ကထိတွေ့မှုဖြစ်ပီးကတည်းက ဘယ်ဘက်ကမှ ပြန်မလှုပ်ရှားသေးဘူး၊ ညတော့မပြောတတ်ဘူး၊ စစ်ကြောင်းတွေကြောင့် ပြည်သူတချို့ကတော့ တောထဲရှောင်တယ်၊ တချို့ မြို့ပေါ်လည်းရှောင်ကြတယ်၊ မရှောင်တဲ့သူလည်းအနည်းအကျဉ်းရှိတယ်"
"ပြည်သူပိုင်နေအိမ်တွေ မီးရှို့ခံရတော့ ရွာထဲမနေရဲကြတော့ တောထဲ၊ လယ်ယာကွင်းတွေဘက်မှာ ထွက်ပြီး နေစရာဖြစ်သလိုဆောက်နေကြတဲ့ တဲငယ်လေးတွေပါ။ ကလေးတွေက အိပ်ရာကနိုးလို့ အပေါ့စွန့်နေတဲ့အချိန်မှာ စကစတွေက တဲနားကနေဖြတ်သွားတယ်။ ကလေးတွေက စကစတွေကိုမြင်လို့ ပြေးတဲ့အခါမှာ ပစ်ပြီးဖမ်းတာ။ အဲဒီကလေး ၂ ယောက်ထဲက တယောက်ကိုသတ်ပြီး နောက်တယောက်ကို ခေါ်သွားတာ"
"ကျနော်တို့ဘက်က မိုင်းကို သေချာစနစ်တကျ ပြင်ထားတာ။ အဲဒါကို ဘယ်ဒေသခံက သူတို့လယ်ကွက်ကို မီးရှို့လဲမသိဘူး။ ထောင်ထားတဲ့မိုင်းနားထိ မီးကရောက်လာပြီး မိုင်းအပြင်ပိုင်းအချို့ပါ မီးလောင်ခဲ့တာ။ ကျနော်တို့ဘက်က အချိန်မှီသိလိုက်လို့ အမြန်ပြန်ဖြုတ်ခဲ့ရတာ။ မဟုတ်ရင် လမ်းသွားလမ်းလာဒေသခံတွေ ဘယ်လောက်တောင် သေမလဲ မသိဘူး"
"ကျနော်တို့အဖွဲ့က နယ်မြေခံမဟုတ်တော့ မဟာမိတ်အဖွဲ့တွေရဲ့ ဖိတ်ခေါ်တဲ့အတွက် သူတို့နဲ့အတူ ပူးပေါင်းပြီး မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ ဒီမစ်ရှင်ကိုတော့ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရတယ်။ ဒရုန်းတွေ သယ်ယူဖို့ ခက်ခဲတာပေါ့။ ဒရုန်းဗုံးကတော့ ၆ လုံး ချခဲ့တယ်။ ထိခိုက်သေဆုံးကတော့ မျက်မြင်အခြေနေကြည့်ပေးတဲ့သူတွေက သတင်းပြန်ပေးလို့ သိရတာပါ။ သူတို့တပ်က စစ်ကြောင်းထိုးပြီး ယာယီဝင်နားတဲ့အဖွဲ့လို့တော့ သိရတယ်"