ကျောက်ထုက တိုက်ပွဲမှာ စစ်သား ၁၀ ဦးသေပြီး PDF ၂ ဦးဒဏ်ရာရ
"တိုက်ပွဲဖြစ်တာ ၂ နာရီလောက်ကြာမယ်။ စစ်သား ၁၀ ဦး သေတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်။ ဝါးနှစ်ရိုက်အကွာလောက်ပဲ ဝေးတော့ အတိုင်းသား မြင်နေရတယ်။ ကျနော်တို့ဘက်က ၂ ယောက် ဒဏ်ရာရတယ်"
"တိုက်ပွဲဖြစ်တာ ၂ နာရီလောက်ကြာမယ်။ စစ်သား ၁၀ ဦး သေတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်။ ဝါးနှစ်ရိုက်အကွာလောက်ပဲ ဝေးတော့ အတိုင်းသား မြင်နေရတယ်။ ကျနော်တို့ဘက်က ၂ ယောက် ဒဏ်ရာရတယ်"
"ဘာမှတိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဒီအတိုင်း လာကြဲသွားတာ။ တိုက်လေယာဥ် ၂ စင်းက မြစ်ကြီးနားဘက်က ဆင်းလာတာ။ တစင်းကတော့ ပေါက်ကုန်းဘက်ကို ကြဲတယ်။ တစင်းက စစ်ရှောင်တွေနေတဲ့နေရာကို ကြဲသွားတာ။ ကျနော်တို့စာရင်းရထားတာထက်ကို သေဆုံးသူ၊ဒဏ်ရာရသူတွေ များနိုင်ပါသေးတယ်"
“ခုထိ ရဲဘော်တွေ ထိပ်တုံးထဲမှာ ရှိနေတုန်းပါ။ ရှေ့တန်းသွားတဲ့ ရဲဘော်တွေဆိုပေမဲ့ အခွင့်ထူးခံမရပါဘူး။ အပြစ်လုပ်ထားရင် အပြစ်ခံယူကြရပါတယ်။ အခုလို ရှေ့တန်းသွားပြီး အပြစ်ပေးခံရတာ သူတို့ ၄ ယောက်အပြင် အရင်ရဲဘော်တွေလည်း အပြစ်ပေးခံရတာမျိုးတွေ ရှိပါတယ်။ အဲထဲက ညာဘက်အစွန် ၂ ယောက်က ရဲ CDM တွေပါ”
"သူက ဆိုင်ကယ်နဲ့ကားနဲ့ တိုက်ခံရပြီးကတည်းက အာရုံကြောထိပြီး လက်တွေခြေတွေလည်း သိပ်မသန်တော့သလို စကားလည်းပီပီသသ သိပ်မပြောနိုင်တော့ဘူး။ အဲဒါကို စိတ်ဓာတ်ကျပြီး သတ်သေသွားတာလည်း ဖြစ်နိုင်တယ်။ သူက အမနဲ့နေတာ။ လင်မယားချင်းကလည်း ကွဲနေတာဆိုတော့"
“စစ်ရှောင်နေရတာကတော့ ကင်ပွန်းခြုံရွာက တရွာလုံးနီးပါးပါပဲ။ လက်ရှိစားသောက်ဖို့ကလည်း ဝိုင်းလို့ဝန်းလို့ ရပါသေးတယ်။ ရက်ရှည်အတွက်ဆိုရင်တော့ အရာရာကို စိတ်ပူရပါတယ်။ ရက်ရှည်အတွက်ဆို ပံ့ပိုးမှုအားကောင်းဖို့ လိုပါတယ်။ ညီမတို့အလှူခံတာကလည်း ထင်သလောက် မရသေးပါဘူး။ လကုန်ရက်တွေမှာလည်း ရမလားဆိုပြီးတော့ မျှော်မိပါတယ်”
"သူတို့စစ်ကြောင်းထိုးလာမယ်လို့ သတင်းရကတည်းက ကြိုတင်ပြီး ရှောင်ခဲ့ကြတာ။ စကစဘက်ကတော့ စခန်းသိမ်းတယ်လို့ ဖော်ပြနေကြတယ်။ ဒါပေမယ့် လူမရှိတဲ့နေရာကို ဝင်စီးသွားတာလို့ ပြောရမယ်။ စခန်းနေရာအထိ သူတို့ရောက်လာတယ်ဆိုတာကလည်း ဒလန်သတင်းပေးကြောင့်လည်း ပါနိုင်တယ်။ ခုတလော ဒီဘက်ခြမ်းကို စစ်အုပ်စုဘီးလူးစစ်ကြောင်းနဲ့ တခြားစစ်ကြောင်းတွေကလည်း ထိုးနေတာဆိုတော့ လမ်းကြောင်းသင့်သွားလို့ ရောက်လာတာလည်း ဖြစ်နိုင်တယ်"
"အဲဒီလမ်းပိုင်းက ဦးသိန်းစိန်လက်ထက်က ဖို့ထားပြီးလုပ်ထားတဲ့ ကုန်ထုတ်လမ်းပေါ့။ မိန်းလမ်းကို ရှောင်ကွင်းလမ်းလို့လည်း ပြောလို့ရတယ်။ ဒေသထွက်ကုန်တွေကို သယ်ဆောင်သွားလာတဲ့ လမ်းပေါ့။ နောက်ပြီး မွန်ဘက်ကနေ ပဲခူးဘက်ခြမ်းဖြတ်မယ့် မှောင်ခိုကုန်တွေနဲ့ လိုင်စင်မဲ့ယာဥ်တွေ ဖြတ်သန်းသွားကြတာ။ အဲဒီလမ်းကို ဘူဒိုဇာနဲ့တူးပြီး ဖျက်ဆီးလိုက်တာ"
စစ်ကိုင်းတိုင်းမှာ ၃ ဦး၊ မကွေးတိုင်းမှာ ၆ ဦးနဲ့ ပဲခူးတိုင်းမှာ ၇ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးအမျိုးသမီး ၇ ဦး ပါဝင်တယ်
"မနေ့က အလောင်းတွေ့တာကတော့ ဦးကျော်သူရဲ့ သားဖနှစ်ယောက်ကိုပါ။ ညီအစ်ကိုနှစ်ယောက်ရဲ့ အလောင်းတွေကိုတော့ ရှာဖွေနေဆဲပါ။ သားဖနှစ်ယောက်ရဲ့အလောင်းကိုတော့ ညောင်ပင်ဝန်းတံတားအောက်မှာ တွေ့ခဲ့တာ။ ၂ယောက်ကတော့ လွတ်တာ အတည်ပြုလို့ရပါတယ်"
"မနေ့က ဖြစ်တာက ၂ ဦးပါ။ တယောက်က နေအိမ်မှာ ပစ်သတ်ခံရတယ်။ တယောက်က လမ်းပေါ်မှာ ပစ်သတ်ခံရတယ်။ နေအိမ်ပစ်သတ်ခံရတဲ့ ရာအိမ်မှူးက စစ်ထွက်။ သူကိုယ်တိုင် သေနတ်ဝယ်ကိုင်ထားတာ ရှိတယ်။ သေနတ်သမားတွေက သူ့ကိုပစ်သတ်ပြီး သေနတ်နဲ့ကျည်တွေပါ ယူသွားတာ။ နှစ်ယောက်စလုံးက သေသွားတယ်"
"သောက်ရေတောင် မနဲချွေတာ သောက်နေရတယ်။ ဆိတ်မွေးတာက ဒီနယ်မှာ အများဆုံးပဲ။ဆိတ်တွေသောက်ဖို့ ရေကို ခက်ခဲနေတာပါ။ ခုလိုရေခက်ခဲတာက ၆ နှစ်ကျော်ပြီ။ မိုးရွာတာနည်းတော့ ရေရဖို့အတော်ကို ခက်ခဲပါတယ်"
"မြဝတီရပ်ကွက်ရုံး စစ်ဆေးရေးဂိတ်က ကျောက္ကာလမ်းပေါ်မှာရှိတယ်။ ပြီးတော့ မိုင်တဲရုံးမှာလဲ စကစတွေက ရှိနေတော့ မစ်ရှင်လုပ်ဖို့က သေချာသတင်းစုံစမ်းပြီးမှ သူတို့လုံခြုံရေးအား နည်းတဲ့အချိန်ကိုယူပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ဘက်က ပစ်တဲ့အချိန်မှာ မျက်စိရှေ့မှာတင်လဲကျသွားတဲ့သူတွေရှိတယ်။ ကျနော်တို့ပစ်တဲ့အချိန်မှာ သူတို့ဘက်က ပြန်ပစ်ချိန်တောင်မရလိုက်ဘူး"
“စီးနင်းတဲ့အချိန်မှာ ရဲဘော်တွေနဲ့အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်၊ ထိတွေ့တဲ့အချိန်မှာ ကျနော်တို့ရဲဘော် ၄ ဦးနဲ့ မဟာမိတ်ရဲဘော်တဦး ကျဆုံးခဲ့တယ်၊ မောင်းပြန်သေနတ်တွေလည်း ဆုံးရှုံးခဲ့တယ်” လို့ အတည်ပြုဖြေဆိုထားပါတယ်။
“မုံရွာကနေ ငွေဇင်ယော်စက်လှေ ၂ စီးကို ချောဆွဲပြီး ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းရွာကို လက်နက်ခဲယမ်းတွေပို့ပြီး ဒဏ်ရာရ စစ်သားတွေ ပြန်သယ်လာတာမှာ လျှပ်စစ်တာဝါတိုင်နဲ့ လက်ပတောင်းရွာအကြားမှာ ရေမြှုပ်မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"
- တောင်ငူလေတပ်ကို ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်လို့ ရဟတ်ယာဥ် ၁ စီးထိခိုက်ပြီး ၃ ဦးသေဆုံးဟုဆို - မကွေးတိုင်းမှာ သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ ကျင်းပ - ဆံပင်ညှပ်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး နယ်ထိန်းခေါင်းဆောင် ၁ ဦး သေဆုံး - မုံရွာမှာ ၁ ရက်တည်း အမျိုးသမီး ၃ ဦးအဖမ်းခံရ - ကနီမြို့ပေါ်က ချိတ်ပိတ်ခံရတဲ့အိမ်တွေနဲ့ ဝန်ထမ်းအိမ်ယာတွေမှာ ပျူစောထီးတွေကို နေခွင့်ပေး - နိုင်ငံရေးဟောပြောပွဲနဲ့ ၃၇ ရွာမြောက် မိုးခါးရေဇာတ်ကား ပြသ - ဘုတလင်မှာ အမျိုးသား ၆ ဦးကို စစ်တပ်က ကြိုးတုတ်ပြီးဖမ်းခေါ်သွား - တရက်တည်း စစ်တပ်အထိုင်ချထားတဲ့နေရာ ၃ ခု တိုက်ခိုက်ခံရလို့ ၁၀ ဦးနီးပါးဒဏ်ရာရ - စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ - ဘုတလင်နယ်က စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်တွေလှူဒါန်း