သတင်း

ကြံ့ခိုင်ရေးပါတီ အကြီးပိုင်း ၂ ဦးစီးလာတဲ့ကားက လူငယ် ၂ ဦးသေဆုံးအောင် တိုက်မှုအရေးယူတာ မရှိသေး

"အဲ့ညက မိုးကလည်း ရွာနေတယ်။ ယာဥ်တိုက်မှုဖြစ်ပြီးတော့ ကြံ့ခိုင်ရေးကလူတွေက နယ်ထိန်းကို ဖုန်းဆက်ပြီး ထွက်သွားတယ်။ ကလေးတွေက လမ်းပေါ်မှာ သေပြီးကျန်ခဲ့တာ။ ဖြစ်ဖြစ်ချင်း ​သေတဲ့ကလေးတွေက ဘယ်ကမှန်းလည်း မသိခဲ့ရလို့ ရဲဘက်ကပဲ ဝေါဆေးရုံကို ယူသွားတယ်"

ကလေးမှာ ပန်းပန်တဲ့ အမျိုးသမီးတွေ ဖမ်းဆီးခံရ

“ပန်းပန်သူ အကုန်ဖမ်းသွားတာ၊ အဖမ်းခံရတာများတယ်၊ ကလေး မြို့မဈေးထဲမှာတင် ဈေးသည်နဲ့ ဈေးဝယ် ပန်းပန်သူ ၃၀ လောက်ကို ကား ၂ စီးနဲ့တင်ပြီး ရဲစခန်းဖမ်းခေါ်သွားတယ်။ ပုံမှန်လည်းဒီလို ပန်နေကြတယ်ဗျာ၊ ဈေးသည်ဆိုတော့ သနပ်ခါးလေး ပန်းလေးနဲ့သပ်သပ်ရပ်ရပ် ရောင်းကြတာ"

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အတွက် သပိတ်ကျင်း ပကဖ ရဲဘော်တွေ ပန်းသပိတ်ပြုလုပ်

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေစုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဂုဏ်ပြုလေးစားသောအားဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွမ်းစိတ်နဲ့ အောင်နမိတ်ရည်ရွယ်ကာ ပန်းသပိတ်ပြုလုပ်ခဲ့တာ"

မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းက ပန်းသပိတ်ပြုလုပ်

"ကျနော်တို့အနေနဲ့ ဒီလှုပ်ရှားမှုကနေ အကြမ်းဖက်စစ်ကောင်စီဆီက ဘာမှ တောင်းဆိုစရာမရှိပါဘူး၊ ​ပြောချင်တာက ဆန္ဒပြတာတော့မဟုတ်ဘူးပေါ့ဗျာ၊ သူတိုဘက်က စပြီးလက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့လို့ ကျနော်တို့လူငယ်တွေ လက်နက်ကိုင်ပြီး ပြန်ခုခံခဲရတာ အားလုံးအသိပါပဲ"

မင်းလှက လူငယ်တွေကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်ပါတပ်ဆင်ပေး မယ်လို့ စည်းရုံးနေ

"အခုလို လုပ်တာကို လူငယ်တွေအနေနဲ့ နားလည်သူများတယ်ပေ့ါ။၊ ဒါ အသေခံခိုင်းတာ စစ်ကောင်စီက သူတို့အကျိုးစီးပွားနဲ့ မတရားလုယူထားတဲ့ နေရာကိုကာကွယ်နိုင်ဖို့အတွက် ဆိုတာကိုပေါ့"

စစ်ကိုင်းက ပျူစောထီးရွာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

"ဗုံးသီး ၂ လုံးက ကင်းတဲတည့်တည့်ပေါ်ကျပြီး ကွဲသွားတော့၊ အရင်ဆို ပြန်ပြီးပစ်တာမျိုးရှိတယ်။ ခုတခါ ပျူတွေပြန်ပစ်ချိန်မရဘူး။ အဲဒီကင်းမှာက အမြဲတမ်း ပျူ ၂ ယောက်နဲ့ စစ်သား ၂ ယောက် အမြဲလိုရှိတာ။ ထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်။ ဘယ်နှစ်ဦးဆိုတာတော့အတိအကျမသိရဘူး" လို့ နယ်စည်းမခြားအဖွဲ့မှ ကိုတာနောက ပြောပါတယ်။

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းက ရဲတပ်ကြပ်တဦး ရှင်းလင်းခံရ

ရဲတပ်ကြပ် ရန်နိုင်အောင်ဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေတောင်းယူတာ၊ စစ်ကောင်စီ စစ်ကြောင်းနဲ့ အတူ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရာမှာလည်း လိုက်ပါတာတွေ ရှိတာကြောင့် ရှင်းလင်းခဲ့တာဖြစ်သလို အလောင်းကိုတော့ ညပိုင်းရောက်မှ ရဲစခန်းထဲကို သယ်သွားကြတယ်လို့ သူက ဆက်ပြောပါတယ်။

နဂါးနီပကဖအဖွဲ့က ပြည်သူနဲ့အတူ အရာတော်ကျေးလတ်လမ်းပိုင်းကို ပြုပြင်ပေး

"လမ်းက ချိုင့်ခွက်တွေ မြောင်းတွေလိုဖြစ်နေတော့ သွားလာရတာခက်ခဲနေတယ်။ ယာဥ်အန္တရာယ် ဖြစ်မှာစိုးတာနဲ့ ကျေးလက်နေပြည်သူတွေ အဆင်ပြေဖို့ ကူညီလုပ်ကိုင်ရတာပါ"လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဂါးနီတပ်ခွဲမှ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ရန်ကုန် - ပြည်လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီဖျက်သိမ်း

"သာယာဝတီ မီးနင်းချောင်းဂိတ်ဆိုရင် မနေ့ကတည်းက စစ်ဆေးတာမရှိဘူး။ 'အစစ်ဆေးခံပါ'ဆိုတဲ့ ဆိုင်းဘုတ်တွေလည်းမရှိတော့ဘူး။ လမ်းတွေမှာတားထားတဲ့ ဘယ်ရီဂိတ်တွေပါဖယ်ထားတာ"လို့ သာယာဝတီမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မုံရွာမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

"သူ့မိန်းမနဲ့က ကွဲနေပြီးတော့ အရက်လည်း အရမ်းသောက်တတ်တယ်လို့ သိထားရတယ်။ သူကအိမ်မှာ တယောက်ထဲနေတာဖြစ်လောက်တယ်"လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(မုံရွာ) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဂန့်ဂေါမြို့ပေါ်မှာ ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

ဂန့်ဂေါမြို့ကားဝန်းဂိတ်ကိုရောက်ရှိချိန် အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် ၃ ဦးက အဲ့ဒီအမျိုသားကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ထန်းတပင်မှာ ပြည်သူ ၂ ဦး နင်းမိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"အဲ့လမ်းပိုင်းမှာက တပ်ကအဖွဲ့တွေရော ကာကွယ်ရေးတွေဘက်ကရော လမ်းတွေပိတ်ပြီး မိုင်းထောင် ထားတာရှိတယ်။ သူတို့ဖြစ်တဲ့နေရာက မိန်းလမ်းမပေါ်သစ်ပင်လှဲထားတာကို အောက်ကနေ ပတ်သွားတဲ့အချိန် ထိသွားတာ။ သွားစရာလမ်းတွေရှိပေမယ့် ကံဆိုးချင်တော့ မိုင်းရှိတဲ့နေရာကိုမှ ဖြတ်သွားမိတာ"လို့ ဒေသခံတဦး က ပြောပါတယ်။

ကပစ ၂၅ ရဲ့ကင်းစခန်းတခု ၃ ကြိမ်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သား ၂၅ ဦးလောက်နဲ့တပ်စွဲထားတဲ့ ကပစရဲ့ ညောင်ချောင်းကင်းစခန်းကို ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ တကြိမ်၊ နေ့လယ်ပိုင်းမှာ ၁ ကြိမ်နဲ့ ၁၇ ရက် မနက်ပိုင်းမှာတကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဝက်လက်မှာ စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသား အပါ  ၂ ဦးသေဆုံး

၁၆ ရက်မနက်ပိုင်းက ဝက်လက်မြို့အနောက်ဘက်၊ မူးဆည်ဘောင်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် သခွတ္တောရွာမမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုရဲမော် ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ ညနေပိုင်းမှာတော့ လှတောရွာဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က အသက် ၂၃ နှစ်အရွယ် ကိုထက်ဝေစိုးကို ထိမှန်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ပြီး ဓားစာခံဖမ်းလာတဲ့အမျိုးသား ၁ ဦးကိုလည်း သတ်သွား

“သူတို့ (စစ်ကောင်စီ) လမ်းပြဓားစားခံအဖြစ်ဖမ်းလာတဲ့သူကိုလည်း သတ်သွားတယ်။ ဘယ်သူဘယ်ဝါလဲ ဆိုတာတော့ ကျနော်တို့ စုံစမ်းနေတုန်းပါ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10