သတင်း

ပုလဲနယ်က ပျူစောထီးရွာ ဒရုန်းနဲ့ ၄ ရက်ဆက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"နဂိုက ပျူတွေပဲရှိနေတဲ့ရွာကို စစ်ကြောင်းကလာပေါင်းပြီး တပ်စွဲနေနေတာ။ ၄ ရက်မှာဗုံး ၁၄ လုံးကျော် ချခဲ့တာ။ သူတို့တွေက ရွာထဲမှာ ဘန်ကာတွေနဲ့ အသေအချာနေတာ"

စစ်ကိုင်းတိုင်းတွင်း မြို့နယ် ၂ ခုက ဒေသခံနဲ့ စစ်ရှောင်တွေကို အာဟာရဒါနကျွေးမွေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေနဲ့ မြောင်မြို့နယ်ထဲက ဒေသခံတွေကို ဒီကနေ့ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေ့နေ့မှာ တော်လှန်ရေးအဖွဲ့ဝင်တွေက အာဟာရဒါန ကျွေးမွေးခဲ့ကြပါတယ်

ယောဒေသ တောပန်းသပိတ်နဲ့ ချောက်မြို့ တော်လှန်ရေးအဖွဲ့များရဲ့ ပန်းသပိတ်

"ပန်းတွေက ကလေးတွေ ချောင်းနားမှာသွားခူးကြတာပါ။ တောအရပ်မှာပေါက်တဲ့ပန်းလေးတွေပါတာများတယ်။ မြို့ကိုလည်းသွားဖို့မလွယ်တော့ ကိုယ့်ဒေသပေါက်တဲ့ပန်းလေးတွေနဲ့ အမေစုမွေးနေ့အမှတ်တရအဖြစ် ပန်းသပိတ်မှာပါဝင်ရင်း လုပ်ဖြစ်ခဲ့တာပါ"

ယင်းမာပင်နဲ့ ကျွန်းလှနယ်က ပန်းသပိတ်နဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်

"စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ ဒေသတွင်း သပိတ်စစ်ကြောင်းတွေပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အမေစုရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒေသတွင်းကတော်လှန်ရဲဘော်တွေက အကြိုပန်းသပိတ် လုပ်ခဲ့ပါတယ်"

သဲကုန်းနဲ့ နတ္တလင်း မြို့တို့မှာ ပန်းသပိတ်ပြုလုပ်

"ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ခဲ့တာ သွေးအေးသွားမှာဆိုးတယ်။ ပြည်သူတွေရဲ့နိုင်ငံရေး နိုးကြားတက်ကြွမှုတွေကို အမြဲရှင်သန်နေအောင် လှုံ့ဆော်ချင်တဲ့ရည်ရွယ် ချက်နဲ့ ပန်းသပိတ်ကို ပါဝင်လုပ်ခဲ့ရတာ"

မြိုင်၊ ကန်နီရွာက ပျူစောထီးတပ်ဖွဲ့ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်၊ ၂ ဦးသေဆုံးဟု ဆို

“ပျူရွာက ကြီးတယ်၊ ကျနော်တို့က တမိုင်ခွဲလောက်အကွာကနေ သွားပစ်တာ။ ပျူ ၂ ယောက်သေတယ်လို့ သိရတယ်။ အခုကန်နီမှာက စစ်**အစစ်က ၇ ကောင်ပဲရှိတယ်လို့ကြားတယ်။ ကျန်တာက နယ်ခံပျူတွေပဲ”

စစ်ဆေးရေးတင်းကြပ်နေတဲ့ ရေနံချောင်းမြို့ပေါ်မှာ UG ရဲဘော်တွေ ပန်းသပိတ်ပြုလုပ်

"မွေးနေ့မှစလို့ အမေလည်း အမြန်ဆုံးလွတ်မြောက်နိုင်အောင် တတ်နိုင်တဲ့ဘက်ကနေ ကျနော်တို့ ကြိုးစားပေးပါမယ်လို့ မွေးနေ့မှာကတိပြုရင်း သပိတ်ဆင်နွှဲခဲ့တာ"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှာ ပန်းသပိတ်ကျင်းပ

"အကျဥ်းထောင်ထဲမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေစု အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို လေးစားဂုဏ်ပြုပြီး ဒီပွဲကိုလုပ်ခဲ့တာပါ။ အမေစု အမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီး သံပြိုင်ဟစ်တယ်၊ ဘုန်းကြီးကျောင်းမှာ၊ ဘုရားမှာလည်း အမေစုလွတ်မြောက်ဖို့ ပန်းကပ်ဆုတောင်းတယ်"

ရှေ့တန်းရောက် PDF တွေ ပန်းသပိတ်ပြုလုပ်

"ကျနော်တို့က ရှေ့တန်းရောက်နေတာဆိုတော့ အထွေအထူးတွေတော့ အခမ်းအနားနဲ့မလုပ်နိုင်ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်တွေကိုလည်းတိုက်ရင်း ပန်းသပိတ်ကို အကျဥ်းချုံးလုပ်ခဲ့ကြတယ်"

ပခုက္ကူမှာ သေနတ်ကိုင်ပျူအမျိုးသမီးတွေက ဒေသခံတွေရဲ့ပစ္စည်းတွေကို ခိုးယူနေ

"ဆယ်လံဘုန်းတော်ကြီးကျောင်းက မီးစက်အတွဲလိုက် ၁၅ ကီလို ၃၃ ကောင် စက်ကြီးကိုလည်း တင်သွားတယ်။ ဆယ်လံရွာက ရွာပိုင် ရေတွင်းမှာတပ်ဆင်ထားတဲ့ ရေတင်ဆိုလာပြားတွေ၊ အိမ်တွေထဲက ထိုင်ခုံတွေ၊ အဝတ်တွေ၊ အိုးခွက်ပန်းကန်တွေ၊ အသုံးပြုလို့ရတဲ့ပစ္စည်း ဟူသမျှကို ခိုးယူနေတာ။ တော်တော်ရင်နာဖို့ကောင်းတယ်"

Golden Eagle Myaylatt အဖွဲ့ရဲ့ ပန်းသပိတ်နဲ့ ပိုစတာကမ်ပိန်း

“မွေးနေ့ဆွမ်းကပ်တယ်၊ အမေစုရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အတွက်ပေါ့၊ အဓိကတော့ ပုဂ္ဂိုလ်ဆိုတာထက် သူချမှတ်ခဲ့တဲ့လမ်းစဉ်၊ ဒီမိုကရေစီလမ်းကြောင်း၊ အဓိကတော့ အကုန်လုံးရည်မှန်းထားတဲ့ဖက်ဒရယ် အကုန်လုံးအတွက် အမှတ်တရအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ရေနံချောင်းဒေသခံတွေ ပန်းသပိတ်ပြုလုပ်ခဲ့

"အမေ့မွေးနေ့ဆိုတော့ အမှတ်တရပေါ့။ ကျမတို့တွေက အမေနဲ့အတူ အမြဲတမ်းရှိတဲ့အကြောင်းကို ကျမတို့ရင်ထဲကဆန္ဒတွေကို လက်သုံးချောင်းနဲ့ ထုတ်ဖော်လိုက်တာ"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ DK PDF-MMU က လက်ကမ်းစာစောင်ဖြန့် (ရုပ်/သံ)

"ကျနော်တို့ ၇ နာရီ ၅၁ မိနစ်မှာ ဖြန့်ကြဲနိုင်ခဲ့ပါတယ်။ ဈေးအရှေ့ဘက်ကနေ ကြဲရင်းနဲ့ အမေစု သက်တော်ရာကျော်ရှည်ပါစေ အော်ပြီး တောက်လျှောက်ထွက်လမ်းအထိ ကြဲခဲ့တာပါ၊ လက်ကမ်းစာစောင်မှာ အမေစုပုံနဲ့ ကဗျာပါတယ်၊ အကြမ်းဖက်စစ်ကောင်စီနဲ့တော့ မတိုးပါဘူး၊ ဈေးဘက်ကိုတော့ သူတို့ကင်းပတ်သေးတယ်၊ သူတို့ပြန်သွားပြီး စခန်းထဲရောက်မှာကြဲခဲ့တာ"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုများ ပဲခူး၊ ပြည် နဲ့ ပေါင်းတည်မြို့တို့မှာ ပြုလုပ်

"ဒီမနက် ပန်းသပိတ်မှာ ပါဝင်ပေးဖို့ ရှေ့ရက်တွေကတည်းက ကျနော်တို့နဲ့ စိတ်တူကိုယ်တူ ခံယူချက်တူတဲ့ လူတွေစုပြီးတော့ ပန်းသပိတ်လုပ်ဖို့ တိုင်ပင်ဖြစ်တယ်။ စိတ်ပါဝင်စားသူတွေက ဒီမနက်မှာ ​ပူပေါင်းလုပ်ဆောင်ပေးခဲ့ကြတယ်။"

ဖက်ဒရယ်ပြည်ထောင်စုရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ MSPDF ပြော (ရုပ်/သံ)

စစ်ကိုင်းခရိုင်တပ်ရင်း (၄) MSPDF တပ်ဖွဲ့ဟာ ဖက်ဒရယ်ပြည်ထောင်စုရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဇွန်လ ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ ပြောဆိုထားခဲ့ပါတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10