သတင်း

စစ်ကောင်စီကို မိုင်းခွဲအပြီး တခြားမိုင်းတွေပါ ရှော့ဖြစ်ကွဲလို့ PDF ၆ ဦးဒဏ်ရာရ ဆေးကုသဖို့ ငွေလိုအပ်နေ

" စစ်သားတွေပါလာတဲ့ Light Truck ကားကို တခြားရွာသွားမှာ စိုးလို့မိုင်းခွဲ တိုက်ခဲ့တာဗျ။ မိုင်းခွဲပြီး အပြန်မှာ တခြားမိုင်းတွေရှော့ဖြစ်ပြီး ပေါက်ကွဲကုန်တာ။ ရဲဘော် ၆ ဦးဒဏ်ရာရတယ်။ ၃ ဦးကဒဏ်ရာပြင်းတော့ စိုးရိမ်ရတယ်။ ဆေးကုပေးဖို့ ငွေကြေးလိုနေပါတယ်"

မုံရွာ-အမြင့်လမ်း ကျေးရွာမှာ နယ်မြေမအေးချမ်းတဲ့ကြားက လူထုဟောပြောပွဲ ပြုလုပ်

" နယ်မြေမအေးချမ်းတော့ သပိတ်စစ်ကြောင်းတွေ မထွက်ဖြစ်လို့လုပ်တာပါ။ ပြည်သူတွေသိဖို့လိုတဲ့ လက်ရှိနိုင်ငံရေး၊ တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သဘောတရားတွေကို ပြောပြတာဖြစ်တယ်။ ပြည်သူတွေနားလည်ပါဝင်လာမှ တော်လှန်ရေးက ပိုအားကောင်းလာမှာပါ"

မြေပြင်တိုက်ပွဲရှိနေတဲ့ကြားကထွက်ခဲ့တဲ့ ဆားလင်းကြီး သပိတ်စစ်ကြောင်း (Photo News)

ဇွန်လ ၁၃ရက် ဒီနေ့ ညနေ ၄နာရီခွဲက ပြုလုပ်ခဲ့တာဖြစ်ပြီး “ငါတို့တော်လှန်ရေး၊ ငါတို့အနာဂတ်၊ ငါတို့အောင်ပွဲ”၊ “ကမ္ဘာမကြေဘူး” စတဲ့စာသားပါ ဘန်နာတွေကိုင်စွဲပြီး စီတန်းလှည့်လည်ကာ ကြွေးကြော်သံတွေ အော်ခဲ့ကြတယ်

ပခုက္ကူမှာ ပျူစောထီးတွေက လူငယ်တွေကို လိုက်လံဖမ်းဆီးနေလို့ ရှောင်တိမ်းနေကြရ

"ကျနော်ကိုယ်တိုင်လည်း ပြေးနေရတယ်။ ပျူတွေကို စကစတွေက လက်နက်တွေ ပေးထားတော့ စိတ်ကြိုက် သောင်းကျန်းတာပေါ့။ ကျနော်တို့လို လူငယ်တွေဆို အဓိကပစ်မှတ်ထား စစ်ဆေးတယ်၊ ဖမ်းဆီးသွားတာတွေ ရှိတယ်။ အခုဆိုရွာတွေမှာ လူတယောက်မှ မနေကြတော့ဘူး။ အကုန်လုံးတိမ်းရှောင်နေရတယ်"

NUG လက်အောက်ခံ စာသင်ကျောင်းက ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

“ကလေးတွေကို သွေးပေါင်ချိန်တိုင်းပေးတာတွေ၊ ဆေးထိုးဖို့လိုအပ်ရင် ဆေးထိုးပေးတာတွေ၊ သောက်ရမဲ့ ဆေးတွေကိုလည်း ပေးခဲ့တယ်”

ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခံရလို့ ၁ဦးသေ ၁ဦးဒဏ်ရာရ

"ရွာသားတွေ ယာလုပ်သွားတဲ့ လမ်းကြောင်းအတိုင်း စစ်ကြောင်းလာတာကို အသင့်စောင့်နေပြီးမှပစ်တာ။ တယောက်ကတော့ နေရာမှာပဲသေတာ၊ တယောက်က ဒဏ်ရာရသွားတာ။"

ပုလဲက ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့စစ်ကြောင်းက ပထမဦးဆုံး ၆၀ မမ ၃ လုံး၊ ၄၀ မမ ၁ လုံးနဲ့ စပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်တာ နာရီဝက်လောက်ကြာသွားတယ်။ ကျနော်ပစ်လိုက်တာတော့ ၂ ယောက်တော့ လဲသွားတယ်လို့ ရဲဘော်တွေက မြင်လိုက်ရတာ။ ဒဏ်ရာအပြင်အထန်ရပြီး လှော်ကားရွာထဲအရောက်မှာ ဆေးကုသမှုလုပ်ကြတယ်။ အင်မထီးပျူရွာအရောက် သေပြီးတော့ တဲတလုံးပေါ်တင်ပြီး မီးရှို့နေတာတွေ့လို့ ဒေသခံပြည်သူတွေက ဖုန်းဆက်ပြောလို့သိရတာ"

အလှူရှင်နည်းလာလို့ မြို့ပေါ်မစ်ရှင်တွေကို လျှော့ချလာရဟု မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဆို

"ကျနော်တို့မှာ မြို့ပေါ်အသုံးစရိတ်ကလည်းထောင်းတယ်။ အလှူရှင်လည်း အရင်ကထက် တဝက်လောက်နည်းလာလို့ မစ်ရှင်တွေလျှော့ချဖို့ စဥ်းစားနေပါတယ်။ စုဆောင်းငွေသိမ်း ၅၀ လည်းကုန်သွားပြီ။ ပြန်စုနိုင်ဖို့ မလွယ်တော့ဘူး"

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဖြူးနယ်ရှိ ရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

“ဒီနေ့မနက် ၅ နာရီလောက်ကလည်း စကစတွေက လက်နက်ကြီး အလုံး ၂၀ လောက်ထုပြီး ရှေ့တိုးလာတယ်၊ ငါးမြစ်ချင်းရွာထဲ အများဆုံးကျတယ်၊ ရွာမကြီးထဲ ၂ လုံးကျတယ်၊ ခုရွာသားတွေက အိမ်မှာမနေရဲကြတော့လို့ ရွာတွေကိုစွန့်ပြီး တောတောင်တွေဆီကိုပြေးရတယ်။"

နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို နေပြည်တော်သို့ အရေးပေါ်ခေါ်၊ ဖမ်းဆီးထိန်းသိမ်းခံထားရ လို့ သတင်းထွက်

“ နေပြည်တော်မှာ ဖမ်းထားတာလို့ သတင်းထွက်နေတယ်။ သူ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး အရက်ဝိုင်းမှာ ပြောတာတွေက နေပြည်တော်က စစ်ခေါင်းဆောင်တွေကို စော်ကားသလိုဖြစ်သွားလို့ အဖမ်းခံရတာလို့တော့ သိရတယ် ”

ရဲစခန်းရှေ့ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ

"ပထမဆုံး ဗုံးသီးတလုံး ချလိုက်တဲ့အချိန်မှာ စကစတကောင်က တခါတည်း ခွေခနဲလဲကျသွားတယ်။ ဗွီဒီယိုဖိုင်ထဲမှာလည်း တွေ့ရတယ်။ လောလောဆယ် ဒီတကောင်ပဲသေတယ်လို့ အတည်ပြုထားနိုင်တယ်"

စစ်တပ်အထိုင်ချထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးပေးခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်

“ပစ်ခတ်လိုက်တဲ့အချိန်မှာ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေတော့ ရှိနိုင်တယ်။ ဘယ်နှစ်ယောက် ထိခိုက်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပါ ”

ပြည်အကျဉ်းထောင်က နိုင်/ကျဉ်းတွေကို ရာဇဝတ်အကျဉ်းသားတွေနဲ့ ပေါင်းထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်း

“ပြီးခဲ့တဲ့ ၅ ရက်လောက်က စတယ်။ ရာဇဝတ်မှုတွေနဲ့ နိုင်ကျဉ်းတွေ ရောထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်းနေတယ်။ ထောင်ပိုင်တွေနဲ့ ညှိနှိုင်းမယ်လို့တော့ ကြားတယ်။”

PDF ထောင်ထားတဲ့မိုင်းတွေသိမ်းပြီးအပြန် ပဒေသာမိုင်းထိလို့ စစ်သား ၇ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ဖြစ်စဥ်က ကျနော်တို့ ထောင်ထားတဲ့ မိုင်းတလုံးကို နွားတကောင်က တိုက်မိပြီး ပေါက်သွားတယ်။ အဲဒါကို ပျူတွေက စကစ တွေကို အ​ကြောင်းကြားလိုက်တော့ သူတို့က အဲလမ်းပိုင်းပေါ်က မိုင်းတွေဖော်ပြီး သိမ်းလာတာ။ သူတို့မှာ ဂျန်ပါအချို့လည်းပါလာတော့ မိုင်းသိမ်းနေချိန် အချို့မိုင်းတွေကို ဆွဲတာ မပေါက်လိုက်ဘဲ သိမ်းခံလိုက်ရတယ်"

စစ်ရှောင်နေရတဲ့ကြားထဲက လူထုသပိတ်စစ်ကြောင်းထွက် (Photo News)

"ဇွန်လ ၁၃ ရက် ဒီနေ့မနက်ပိုင်းက လူထုသပိတ်ရဲ့ ၈၁၅ ရက်မြောက်နေ့အဖြစ် ‌“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဆိုတဲ့ စာသားပါ ဘန်နာကိုင်ဆွဲပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့တာဖြစ်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10