သတင်း

စစ်ဘေးရှောင်ကျေးရွာ တရွာကို PDF ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်လှူဒါန်း

“ပြည်သူလူထုက ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေကို လှူဒါန်းထားတဲ့ပစ္စည်းတွေကို စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ဘေးရှောင်တွေကို ပြန်လည်ပြီး သွားရောက်လှူဒါန်းခဲ့တာပါ။ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာပါ။ အစားအသောက်နဲ့ အဝတ်အစားတွေ အဓိက သွားရောက်လှူဒါန်းခဲ့တာပါ” လို့ C.G.F တပ်ဖွဲ့ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို PDF က အသိပေးဖောက်ခွဲ

“စစ်ကောင်စီက ထပ်ပြီးကျင်းပဖို့ မလိုတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံး တခဲနက် ဆန့်ကျင်ကန့်ကွက်နေတဲ့ ကြားက မရမက ဇွတ်အတင်း ရွေးကောက်ပွဲကျင်းပဖို့ ပြုလုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲဖျက်ဆီးတာဖြစ်ပြီး နောက်နောင်မှာလည်း ရွေးကောက်ပွဲကျင်းပဖို့ ပြုလုပ်အားထုတ်တဲ့၊ ပူးပေါင်းဆောင်ရွက်နေတဲ့ ဘယ်သူ့ကိုမဆို သုတ်သင်ရှင်းလင်းသွားမယ်လို့ သတိပေးလိုက်တာ” လို့ ပြောပါတယ်။

ဗုံးဆက်တိုက်ကွဲခဲ့တဲ့ ပဲခူးမှာ လူငယ် ၇ ဦး ဖမ်းခံရ

"လူငယ်တွေ ဖမ်းဆီးခံရတာက ဟုတ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မဆိုင်တဲ့သူတွေလည်း ပါတယ်။ စကစ ဘက်ကတော့ နေအိမ်မှာ ပစ္စည်းတွေ၊ လူတွေတွေ့ရင် ဆိုင်ဆိုင် မဆိုင်ဆိုင် ဖမ်းသွားတာဘဲ။ ဖမ်းခံရတဲ့ သူတွေထဲက အချို့ကတော့ အဲနေ့မစ်ရှင်မှာ ပါဝင်ခဲ့သူတွေလို့တော့ သိရပေမယ့် သေချာအောင် စုံစမ်းနေတယ်" လို့ ပြောပါတယ်။

မိတ္ထီလာမှာ ကြိုးဆွဲချ သေဆုံးမှု ၃ ရက်ဆက်ဖြစ်ခဲ့

"အခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်က မုန်တိုင်ရွာ၊ ၈ ရက်နေ့က ဝန်ဇင်းရပ်ကွက်၊ စိတ္တသုခလမ်း နဲ့ ၉ ရက်နေ့မှာ တောမအုပ်စု၊ ထမုန်ကန်ရွာတွေမှာ ဖြစ်ပွားတာပါ။ အားလုံးက အသက် ၃၀ အရွယ် အမျိုးသားတွေ ဖြစ်ပါတယ်။ သူတို့အလုပ်အကိုင်တွေကိုတော့ မသိရပါဘူး။ အခုနှစ်အတွင်းမှာ ကြိုးဆွဲချသေဆုံးမှု ၃ မှု ဖြစ်ပွားတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ် စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၃ဦးထိခိုက်ဒဏ်ရာရ ( ရုပ်/သံ)

" အတွင်း ဖရဲသီးသတင်းပေးချက်အရ စစ်** ၁ ကောင် နဲ့ ပျူ ၂ ကောင်တော့ထိတယ်ပြောတယ်။ အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ခွေးကနည်းပြီး ပျူကများတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျနော်တို့ Drone လွှတ်တဲ့နေရာ ၁ လုံးကျတယ်"

PDF အမည်ခံပြီး စစ်ကောင်စီက ခြိမ်းခြောက်စာပို့ ငွေတောင်း၊ ပေးမိတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီး

"သူတို့တွေ့က တအိမ်ကို ဘယ်လောက်ပေးရမလဲဆိုတာ စာထဲမှာ ရေးထားတယ်။ တကယ်လို့ သူတို့ကောက်ခံတာကို မပေးရင် စကစတွေနဲ့ တတန်းထဲထားပြီး ပြုလုပ်မှာဖြစ်ကြောင်းနဲ့ ငွေကြေးပေးတဲ့သူတွေကိုလည်း ထောက်ပို့ဆိုပြီး ဖမ်းဆီးတာတွေလုပ်တယ်" လို့ Myitnge PDF မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကွမ်းဝယ်ထွက်လာတဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"ပြောင်းရွာမှာ တပ်စွဲထားတဲ့ စကစ ဗိုလ်တယောက်က ထန်းပင်ကုန်းဘက်ကို အမြဲလာလာနေတယ်လို့ သတင်းရလို့ စောင့်ပစ်ဖို့ သွားတာ။ ဖြစ်ချင်တော့ သူကမလာဘဲ သူတပည့်တွေ ၂ ယောက်က ကွမ်းဝယ်ဖို့ ထွက်လာတာတွေ့လို့ မင်းတုန်းချောင်းတံတားထိပ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ သူတို့ဆီက လက်နက်မပါလာတော့ လက်နက်တော့ မရလိုက်ဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီထောက်ပို့အတွက် အသုံးပြုနေတဲ့တံတား မိုင်းခွဲဖျက်ဆီးခံရ

"ဒီလမ်းက ဒေသခံပြည်သူတွေ သွားလာတာထက် စကစ ဘက်က ပဲခူးရိုးမထဲမှာရှိနေတဲ့ သူတို့တပ်တွေအတွက် ရိက္ခာပို့လမ်းကြောင်းအနေနဲ့ အဓိကသုံးနေတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ တံတားကို မိုင်းခွဲလိုက်တာဖြစ်တယ်" လို့ ပြောပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကောလင်းမြို့ခံ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၈ ရက်ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ရဲဘက်စခန်းကထောင်ပိုင်တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

"သူ့မိန်းမကပြင်ဦးလွင်ကို ဆန်ဝယ်သွားနေတုန်း အိမ်မှာသူတယောက်ထဲရှိတုန်း ဖြစ်သွားတာ။ သူ့မှာက ပစ္စတိုတလက်နဲ့ အရှည်တလက်ရှိတယ်။ အခုက လိုင်းခန်းရှေ့ဆက်တီခုံထိုင်ရင်း သေနတ်အရှည်နဲ့ အဆုံးစီရင်လိုက်တာ" လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မုံရွာလူထုသပိတ် ၂ နှစ်ပြည့်အဖြစ် မြို့အဝင်မုဒ်ဦးရှေ့ စုပေါင်းချီတက်ဆန္ဒပြ

“ဒီကနေ့ဟာ ကျနော်တို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ၂ နှစ်ပြည့် အထိမ်းမှတ်အနေနဲ့ မုံရွာမြို့လမ်းမထက်ကို ချီတက်ပြီး “(၂)နှစ်ပြည့်မှသည် ရှေ့သို့ချီ စုပေါင်းအားနှင့် ရုန်းကြမည်" ဆိုတဲ့ စာသားနဲ့အတူ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတာပါ” လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

ညီအစ်မ ၂ ဦး မြေပဲသိမ်းနေချိန် တိုက်မိုင်းထိလို့ တဦး ခြေထောက်ဖြတ်ရ

"မိုင်းကို အကြီးဖြစ်သူက နင်းမိတာ။ အတူတူ သီးနှံကောက်နေကြတာဆိုတော့ နှစ်ယောက်လုံးကို ထိသွားတာ။ မိုင်းကတော့ စကစတွေ ထောင်ထားတဲ့ မိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ လယ်ပြင်က ကန့်ဒေါင့်ရဲစခန်းနဲ့ ၂ ဖာလုံလောက်ပဲ ဝေးတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီနေရာတွေ တိုက်ခိုက်ခံရအပြီး လက်နက်ကြီးပြန်ပစ်လို့ စျေးဆိုင် ၅၀ ကျော် မီးလောင်ပျက်စီး

"မနေ့ညက တပြိုင်နက် စကစ နေရာစခန်းတွေကို ဝင်တိုက်တာ။ လက်နက်ကြီးတွေနဲ့ သူတို့စခန်းတွေကို ပစ်တာလည်း ရှိတယ်။ အနားကပ် တိုက်တာလည်း ရှိတယ်။ စုပေါင်းတိုက်ပွဲ ဖော်ဆောင်လိုက်တဲ့ သဘောပါ။ စကစဘက်က ထိခိုက်သေဆုံးတာတွေ များတယ်။ သူတို့စခန်းတွေ တိုက်ခိုက်ခံရလို့ လက်နက်ကြီးတွေနဲ့ တရစပ် ပြန်ပစ်တယ်။ ၆၀၀၆ ကနေဆို ဟောင်ဝင်ဆာ အမြှောက်တွေနဲ့တောင် ပြန်ပစ်တာ" လို့ ပြောပါတယ်။

ပုလဲမြို့မရဲစခန်းကို လက်နက်ကြီးနဲ့သွားရောက် ပစ်ခတ်

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ပုလဲမြို့မရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ကန့်ဘလူက ပျူစောထီးတွေကို PDF ဝင်တိုက်ပြီး လက်နက်တချို့ပါသိမ်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စိန်နားရွာက စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တချို့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10