သတင်း

PDF အယောင်ဆောင်ပြီး နှစ်ဖက်ညှပ်ပစ်ခံရလို့ ရဲဘော် ၇ဦး ကျဆုံးခဲ့ ( ရုပ်/သံ)

"လမ်းဘေးမှာ M4 သေနတ်တွေနဲ့ PDFပုံစံ အနေအထားမျိုးအယောင်ဆောင်ထားတာမြင်လိုက်တာမှာ မသင်္ကာလို့ ကားကိုရပ်လိုက်တယ်။ ရပ်လိုက်တဲ့အချိန်မှာ သူတို့ဘက်က ကားကိုစတင်ပစ်တယ်။ ကားကိုနိမ့်တဲ့ဘက်လမ်းဘေးကိုထိုးရပ်လိုက်တယ်။ ကျနော်တို့ကားပေါ်မှာ အယောက်၂၀ လောက်ပါတယ်။ ကျနော်တို့အဖွဲ့တွေ ၂ ဖက်ညှပ်ပစ်ခံရတာ"

မြောင်နယ်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အိမ်ခြေ ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွား

"ထိတွေ့ပစ်ခတ်မှု ဖြစ်တာက ပြည်သူ့‌‌ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ပါ။ သူတို့(စစ်ကောင်စီ)တွေက အင်အား ၆၀ နီးပါး ရှိတယ်။ ပစ်ခတ်မှုက ၁ နာရီ ကြာသွားတယ်။ ပစ်ခတ်မှု ဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တာပဲ" လို့ ဆိုပါတယ်။

မြို့နယ် ပအဖ၊ ပကဖကို ဆပ်ကြေးပေးပြီး ကျွန်းသစ် အဆမတန် ခိုးထုတ်မှုများ ရှိနေ

“တရုတ်လုပ်ငန်းရှင်တွေ ထုတ်တာ ဗမာစကားတောင် မတတ်ဘူး။ သက်တမ်းရင့် ကျွန်းသစ်ကို အဓိကထုတ်‌နေတာ။ တမလန်းက အနည်းအကျဥ်းပဲ။ ကျွန်းသစ်ဆိုရင် ရွှေဝါဆပ်ပြာချောင်းအတိုင်းပဲ။ ဝင်းလို့ဝါလို့ အပြစ်အနာအဆာ လုံးဝမရှိတဲ့ဟာတွေပဲ သယ်တာ။ သစ်တောကြိုးဝိုင်းရော အပြင်ဘက်ကရော အကုန်ထုတ်ယူနေတာ။ ကျနော်တို့ရွာက နှစ်ချို့ကျွန်းပင်ကြီးတွေဆို အကုန်ပြောင်၊ ရင်နာနာနဲ့ကြည့်နေရတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဒီပဲယင်းမှာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြ

“ကျနော်အနေနဲ့ ဒီပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို 'ပြည်ထောင်စုနေ့' လို့ သတ်မှတ်ခဲ့ပေမယ့် လွတ်လပ်ရေးရပြီးချိန်က စ တွက်ကြည့်ရင် ပြည်ထောင်စုဆိုတာမျိူးကို ဘယ်ပြည်သူကမှ ပြည့်ပြည့်ဝဝ ခံစားသိရှိခဲ့ကြတာ မဟုတ်ဘူး။ ပါးစပ်ဖျားပေါ်မှာသာ ရှိခဲ့တဲ့ ပြည်ထောင်စုမျိုး ဖြစ်ခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးက အစပြုပြီး တကယ့်စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို အားမလျှော့၊ နောက်မဆုတ်ဘဲ အဆုံးသတ်ထိ နိုင်သမျှ တာဝန်ကိုယ်စီ ထမ်းဆောင်သွားကြမှာပါ” လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ အလစ် တိုက်ခိုက်တာခံရလို့ PDF ရဲဘော် ၇ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

"သူတို့က ဆားလင်းကြီးနယ်ထဲက ရွာတရွာမှာ အင်အား ၈၀ လောက်နဲ့ ရောက်နေတယ်လို့ သတင်းရလို့ သွားတိုက်ဖို့ သွားတာ။ အဲရွာကနေမှာ သူတို့က ကျားတက်ဘက်ကို ရောက်သွားတယ်ဆိုပြီး သတင်းပြန်ရလို့ ကျားတက်အထွက်မှာ တိုက်မယ်ဆိုပြီး လူစုပြီးအသွားမှာ စကစဘက်က ပစ်တာကို ခံလိုက်ရတယ်။ ဒီဘက်က ကား ၃ စီးနဲ့ သွားတာပါ။ တိုက်ပွဲက ခဏဘဲ ဖြစ်လိုက်တာပါ။ စစ်ကောင်စီဘက်က ထိခိုက်တာတော့ ရှိနိုင်တယ်။ ဒါပေမယ့် အသေအချာ မသိရဘူး" လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ်မှာ ပျူခေါင်းဆောင်တဦး ပစ်ခတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအနီး တာလမ်းပေါ်မှာ ကျေးရွာ ပျူစောထီးခေါင်းဆောင် ဆိုသူ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲတဲ့ ပျူခေါင်းဆောင်အိမ်ကို လာစစ်တဲ့စစ်အုပ်စု မိုင်းခွဲခံရလို့သေဆုံးမှုရှိနိုင်

“ကျနော်တို့ လွန်ခဲ့တဲ့ ၂ ရက်က မြိုင်မြို့ပေါ် အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ပျူစောထီးခေါင်းဆောင်နေအိမ်ကို မိုင်း ၂ လုံးထောင်ထားခဲ့တာ၊ ဒီနေ့မနက် ၃ နာရီ ၄၅ မိနစ်မှာ ဟန်ပြ ၁ လုံးခွဲလိုက်တယ်၊ မိုင်းပေါက်ကွဲပြီး ဒီနေ့ညနေ ၃ နာရီ ၁၅ မိနစ်မှာ စစ်သားနဲ့ပျူတွေ လာစစ်တဲ့အချိန် ထပ်ခွဲလိုက်တယ်၊ မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

မြစ်ခြေ‌မွေးမြူရေးတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၈ ဦးထက်မနည်း ဖမ်းဆီးခံရ

"ဒီနေ့မနက်အစောကြီးကတည်းက ပျူတွေ၊ ရဲတွေ စစ်သားတွေ စစ်ဆေးနေတာ အင်အားကတော့ မသိရဘူး။ မနက် ၁၀ နာရီသလောက်ကစပြီး အပြင်မထွက်ရဘူး။ မာရှယ်လောလို့လည်း ပြောသေးတယ်။ ပြည်သူ ၈ ဦးကိုလည်း ဖမ်းသွားတယ်။ အဓိကကတော့ စစ်တပ်က PDFကို မနိုင်လို့ ပြည်သူကို မဲတာပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

သုံးဘီးနဲ့လာတဲ့ ဒေသခံတွေ မိုင်းထိလို့ ၅ ဦးဒဏ်ရာရ

မိုင်းပေါက်ကွဲမှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်ပါ ကျွန်းလှမြို့နယ်၊ ပျဉ်းမနားမြိုင်ရပ်ကွက်နေ ကိုပြည့်ဖြိုးခိုင် ၃၁ နှစ်၊ ဦးဝေလင်း ၄၉ နှစ်၊ ဦးဝင်းမင်းထွန်း ၄၂ နှစ်၊ ဒေါ်မေသန်းထွန်း ၄၀ နှစ်နဲ့ မဖြိုးဖြိုးဝင်း ၂၀ နှစ် တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး သူတို့ကို ဒေသခံတွေရဲ့အကူအညီနဲ့ ကျွန်းလှဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

ချောင်းဦး ထွေအုပ်ရုံးနဲ့ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

"စုစုပေါင်း ၁၀ လုံးပေါ့ နှစ်နေရာ ခွဲချတာ။ အကုန်ပေါက်တယ်။ ရဲစခန်းနဲ့ထွေအုပ်က ကပ်လျက်ဘဲ။ နှစ်နေရာစလုံးမှာ စကစ တပ်သားတွေလည်းရှိနေတယ်။ ဝန်ထမ်းတွေကော စကစ၊ ရဲကော ထိခိုက်တာရှိတယ်။ သူတို့ရုံးနေရာတွေမှာ jumper တွေတပ်ထားတော့ ကျနော်တို့ဘက်က ဒရုန်းတွေမလာနိုင်ဘူးဆိုပြီး ပေါ့ပေါ့နေကြတာ။ အဲဒါကို ကျနော်တို့ဘက်က ရအောင်လုပ်ခဲ့ကြတာ ဖြစ်တယ်"လို့ ပြောပါတယ်။

PDF ကိုမထောက်ပံ့ဖို့ ပဲခူးအနောက်ခြမ်းက လုပ်ငန်းရှင်တွေကို စစ်ကောင်စီ တောင်ပိုင်းတိုင်းတိုင်းမှူးက ခြိမ်းခြောက်

"မြို့နယ် ၃ မြို့နယ်ကလုပ်ငန်းရှင်အချို့ကို တိုင်းမှူးက နတ်တလင်းမှာ ခေါ်တွေ့တယ်။ PDF တွေကိုမထောက်ပံ့ဖို့၊ PDF တွေဟာ တောင်ပေါ်မှာစုမိနေပြီ။ ကျနော်တို့ထိုးစစ်ဆင်လာတဲ့အခါ လေယာဥ်ပျံတွေ သုံးရလိမ့်မယ်၊ ခင်ဗျားတို့ကအကူအညီတွေပေးနေရင် မြို့နာမယ်ဆိုပြီးခေါ်ပြီး ခြိမ်းခြောက်ကြိမ်းသွားတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ တိရစ္ဆာန်​မွေးမြူရေးနဲ့လေ့ကျင့်ရေးတပ်က အင်အားဖြည့်တင်းပြီး ကျေးရွာတွေကိုမီးဝင်ရှို့နေ

"ဒီစကစတွေက မနေ့ကPDFတိုက်ခိုက်တဲ့အခါ လွတ်မြောက်သွားတဲ့ကောင်တွေပါ။ မနေ့က ဘုန်းကြီးကျောင်းမှာ ညအိပ်စားသောက်ပြီးတော့ မိုးလင်းတာနဲ့မီးရှို့တာ။ အခုတရွာပြီး၊တရွာ ရှို့နေပါတယ်" လို့ဆိုပါတယ်။

မွေးမြူရေးတပ်စခန်း ဝင်စီးခံရလို့ အရာရှိ ၂ ဦးအပါ ၇ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

"အဲဒီမွေးမြူရေးစခန်းကို လုပ်ဖို့ရာ နည်းနည်းချိန်နေတာ ကြာပြီ။ အခုမှအကောင်အထည်ဖော် ဖြစ်တာ။ ကြားထဲမှာလည်း သတင်းတွေပေါက်နေတာကြောင့် ငြိမ်နေလိုက်တာ။ အဲဒီအထဲက အဆောင်တော်တော်များများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ အဲဒီအထဲက မြင်းတွေကိုတော့ လွှတ်ခဲ့တယ်။ ခြံစည်းရိုးတွေရှိတော့ လွတ်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

ရိက္ခာသယ်ပြီးလာတဲ့ ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးနိုင်ဟုဆို

"သူတို့ရွာက ရိက္ခာကုန်ရင် စစ်ကိုင်းဘက်ကနေ သွားသွားသယ်နေကြပါ။ လိုက်ထရပ် ၂ စီးနဲ့ ဖောကား ၁ စီးနဲ့ လာတာ။ အဲဒါကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်လိုက်တာ ဖြစ်တယ်။ မိုင်းထိလို့ သူတို့ကားပေါ်က ပစ္စည်းအချို့တောင် ကျကျန်ခဲ့တယ်။ သူတို့ပြန်ပစ်လို့ ဒေသခံ ၁ ဦးတောင် ဒဏ်ရာရသေးတယ်။ ရွှေမိုးဟိန်းဆီဆိုင်နားက ၁ ယောက်ထိ သွားတယ်" လို့ ပြောပါတယ်။

နတ်တလင်းမှာ ဆိုင်ကယ်မောင်းခွင့် တကဒ်ကို ကျပ် ၃၀၀၀ နဲ့လုပ်ခိုင်း

"ဆိုင်ကယ်စီးမယ်ဆိုရင် စီးတဲ့သူတိုင်း သူတို့လုပ်ပေးတဲ့ ဆိုင်ကယ်စီးတဲ့ ကဒ်လုပ်ရမယ်။ ဥပမာအနေနဲ့ အိမ်တအိမ်မှာ ဆိုင်ကယ်တစီးပဲရှိပြီး ဆိုင်ကယ်မောင်းတတ်သူက ၃ ယောက်ရှိရင် ၃ ကဒ် လုပ်ရမယ်။ တစီးပဲရှိလို့ တကဒ်ပဲ လုပ်လို့မရဘူး။ ကဒ်မှာ ဆိုင်ကယ်စီးသူရဲ့ ဓါတ်ပုံနဲ့ မှတ်ပုံတင်လည်း ပါတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10