ထုတ်ပြန်ချက်ကိုမလိုက်နာလို့ ထိခိုက်ခဲ့ရင် တာဝန်ယူမှာမဟုတ်ဘူးလို့ Aera 71 အဖွဲ့ ထပ်မံထုတ်ပြန်
" ဒီဘက်မှာ စစ်တပ်က အရပ်ဝတ်တွေအိမ်စီးကားတွေနဲ့ချည်း လှုပ်ရှားနေကြတော့ ကျနော်တို့ စာထုတ်လိုက်တဲ့အချိန် တချို့ပြည်သူတွေက မသိကြတာလား၊ ဘာလားတော့မသိဘူး။ စစ်တပ်ကကားတွေနဲ့ယှဉ်မောင်းလာတော့ ကျနော်တို့မှာ အရမ်းအကျပ်ရိုက်ရပါတယ်။ ပြောချင်တာကတော့ လမ်းပေါ်သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာပြီးမှ အသွားအလာပြုကြစေချင်ပါတယ်"