သတင်း

စစ်ကောင်စီမီးရှို့လို့ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါး ပျံလွန်တော်မူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ လက်ပံလှကျေးရွာက နေအိမ် ၂၅၀ ကျော်ကိုမီးရှို့ဖျက်ဆီးသွားတဲ့အပြင်၊ မီးရှို့တဲ့အထဲမှာ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါးလည်း ပါဝင်ကာ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ ပထမဆုံးအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်

ကျောင်းသူကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး "ကျန်းမာရေးမကောင်းရင်တော့ ကျနော်တို့က သူတို့ရောဂါလက္ခဏာ အလိုက်ကုသပေးတာ ရှိတယ်။ ပုံမှန်အားဖြင့် ကျောင်းတကျောင်းဝင်ပြီဆိုတာနဲ့ ဦးစားပေးလုပ်တာကတော့ မူလတန်းအဆင့်ကို သန်ချဆေးတိုက်တယ်။ အလယ်တန်း၊ အထက်တန်းအဆင့် မိန်းကလေးတွေကိုကြတော့ အပျိုဖော်ဝင်ကျန်းမာရေးနဲ့ပတ်သက်ပြီး သံဓါတ်အားတိုးဆေးတွေ တိုက်ပါတယ်" လို့ ဆရာမ မအိက ပြောပါတယ်။

သပိတ်ကျင်းမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်

"နာရေးကားတွေရော ထွက်လာတယ်။ လူနာလာကောက်တာ နောက်မှသိရတာက နာရေးကားတွေက ခဏတာကူပေးပြီး မိုင်းစထိတာက နောက်ဆုံးကားဆိုတော့ ဒဏ်ရာရသူတွေနဲ့ သေဆုံးတဲ့လူတွေကို ရှေ့ကား ၂ စီးပေါ် မျှတင်တယ်။ မိုင်းထိတဲ့ကားကိုဆွဲပြီး တကောင်းမြို့ဘက်ကို ဆက်မောင်းသွားတယ်" လို့ ပြောပါတယ်။

မုံရွာမှာ စစ်အုပ်စုက အရပ်ဝတ်တွေဝတ်ပြီး လမ်းသွားပြည်သူတွေဆီက ပိုက်ဆံတောင်းနေ

"သူတို့ကောက်တဲ့နေရာက အဓိကကျပြီး မြို့အဝင်လို ဖြစ်နေတာ။ အရင်အဲ့နေရာက အခုလို တပ်စွဲမထားဘူးဗျ။ ဟိုတလောက ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်သွားတာ သုံးယောက်လောက် ကျသွားပြီး အခုအဲ့နေရာကို တပ်စွဲထားပြီး ပိုက်ဆံကောက်တာ။ ဖုန်းတွေစစ်၊ ဆိုင်ကယ်တွေစစ် လုပ်နေကြပြီး ငွေညှစ်တာပါ" လို့ ဆိုပါတယ်။

ချောက်မြို့မှာ CGF ပြောက်ကျားတပ်ဖွဲ့အမည်သုံး ငွေလိမ်တောင်းနေမှုတွေ ပြုလုပ်နေ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ အမည်မသိအမျိုးသားတဦးက ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ အဖွဲ့အမည်သုံးပြီး လုပ်ငန်းရှင် အချို့နဲ့ ပြည်သူတွေဆီကနေ ငွေလိမ်တောင်းခံ‌နေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြင်းခြံမှာ စစ်တပ်ထောက်ခံသူ ၁ ဦးအပါ ၃ ဦး ပစ်ခတ်ခံရပြီး  ၂ ဦး သေဆုံး

"ဆေးခန်းမှာ ပစ်သတ်ခံရတဲ့ သားအမိက အမေဖြစ်သူက သက်ကြီးပိုင်း သားဖွားဆရာမ အငြိမ်းစားပါ။ သူသားကတော့ သူနဲ့အတူနေတာ။ အဲဒါကို ဆေးခန်းမှာ လာပစ်သတ်သွားတာ။ သူတို့တွေက နောက်ကွယ်က ဘာလုပ်လဲဆိုတာတော့ မသိရဘူး။ ကန်ဆွယ်မှာကျတော့ တပ်ထောက်ခံသူကို သူခြံထဲမှာ ပစ်သတ်သွားတာ။ ဒါပေမယ့် သူက မသေဘူး။ ဒဏ်ရာပဲ ရသွားတယ်" လို့ ပြောပါတယ်။

မီးရှို့ခံရတဲ့စခန်းကို ရှင်းလင်းပြီး ပြန်တဲ့စစ်သားတွေ မိုင်းဆွဲခံရ

"သူတို့စခန်းကို ပုံမှန်ဖြစ်နေတယ်ဆိုတာ ပြချင်လို့ သန့်ရှင်းရေးလုပ်ပြုပြင်ပြီး ညနေအပြန်မှာ မိုင်းဆွဲလိုက်တာ။ လာတုန်းကလည်း သူတို့က ဖောကားထဲမှာ အိပ်ပြီး လိုက်လာတာ။ လာကတည်းက သူတို့ပါလာတယ်မှန်းသိရင် အဲကတည်းက ဆွဲမလို့ပဲ။ ခုကပြန်မှ ဆွဲလိုက်ရတာ" လို့ ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်က ရွာတွေမှာ စစ်ကောင်စီက ရိုက်နှက်ဖျက်ဆီးတာတွေ အလွန်အကျွံ လုပ်ဆောင်နေ

"သူတို့က (စစ်ကောင်စီ) ရွာထဲမှာ PDF တွေရှိလား ဆိုပြီးမေးတယ်။ လူကြီးတချို့က ဖြေတယ် မရှိဘူးပေါ့။ အသက် ၁၂ ပဲရှိသေးတဲ့ ကလေးကိုမေးတော့ သူက‌ကြောက်ကြောက်နဲ့ PDF ရှိတယ်။ သူက PDF ပါဆိုပြီး ပြောတော့ ကလေးကို ပါးတွေနားတွေ ရိုက်သွားကြတယ်။ ကလေးကနာလို့ ငိုနေတာ အခုထိ" လို့ ပြောပါတယ်။

စစ်သားချင်း ရန်ဖြစ် ပစ်ခတ်လို့ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်သား ၂ ဦး ကင်းလှည့်ချိန် ရန်ဖြစ်စကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တပ်သားတဦး သေဆုံးသွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

ကျောင်းကြိုပို့ကားကို မိုင်းဆွဲတာမဟုတ်ပဲ ဆိုင်ကယ်နဲ့လာတဲ့ စစ်သားတွေကို မိုင်းဆွဲခဲ့တာလို့ဆို

"ကျနော်တို့က ကားကိုဆွဲတာ မဟုတ်ဘူးဗျ။ ကားနောက်က ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဆွဲတာ။ ဆိုင်ကယ် ၁ စီးမှာ ၂ ယောက်စီးလို့ပါ။ အဲဒါကို ကျနော်တို့မိုင်းဆွဲတဲ့အခါမှာ ဆိုင်ကယ် ၂ စီးလည်း ထိသွားတယ်။ ကားကိုပါ ထိမှန်သွားတာပါ" လို့ ဆိုပါတယ်။

တပ်ရင်းတပ်ဖွဲ့နဲ့ Local PDF တွေအတွက် နိုင်ငံရေးအသိပညာပေး သင်တန်းတွေပို့ချ

“အဓိက လက်ရှိမှာ ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးအရသွားတဲ့အခါမှာ သတ်ပုံကျကျနဲ့ စစ်ရေးအထိန်းကွပ်လည်း ရှိစေချင်တယ်။ စစ်သည်တော် ကျင့်ဝတ်နဲ့အညီလည်း ဖြစ်စေချင်တဲ့အတွက် COC ၂ ရပ်ကို အဓိကထား ပို့ချပါတယ်” လို့ သင်တန်းပို့ချပေးခဲ့တဲ့ တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ်ထဲက ကျေးရွာ ၂ ရွာ တရက်တည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပန်းလှိုင်ရွာနဲ့ မုန်စီရွာက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က တရက်တည်းမှာပဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သရက်က ကပစ ၁၂ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရ

"အဲဒီအထဲမှာက ထုတ်လုပ်ရေးသမားတွေ ရှိတယ်။ တိုက်ခိုက်ရေးဘက်က အရာရှိအနည်းအကျဥ်းတော့ ရှိတယ်။ လက်ရှိလည်း လက်နက်ကြီးကျည်တွေ ထုတ်လုပ်နေတယ်။ ဒါကြောင့် ပစ်ခတ်ခဲ့တာပါ" လို့ Eagle Force အဖွဲ့ တာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ကြို့ပင်ကောက်မှာ အိမ်စီးကားတစီး အရှိန်လွန်တိမ်းမှောက် ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း ကျွဲဘိကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၁၅ ရက် မနေ့နေ့လယ်က အိမ်စီးကားတစီး အရှိန်လွန်ကာ လမ်းဘေးထိုးကျမှု ဖြစ်ပွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

လောင်းကစားဝိုင်းမှာ ဒိုင်ကိုင်နေတဲ့ ပျူခေါင်းဆောင် ပစ်ခတ်ခံရလို့ ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရွှေကြိုပင်ကျေးရွာ လယ်ကွင်းထဲက လောင်းကစားဝိုင်းမှာရှိနေတဲ့ ကျေးရွာပျူစောထီးခေါင်းဆောင် လောင်းကစားဒိုင်ဆိုသူဟာ သေနတ်နဲ့ပစ်ခံရလို့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10