သတင်း

ပြည်မှာ ဧရာဝတီမြစ်အတွင်း ရေချိုးဆင်းတဲ့ အမျိုးသားလူငယ် ၃ ဦး ရေနစ်သေဆုံး

"ကလေးတွေ ရေနစ်တာကို ကယ်ဆယ်ရင်းနဲ့ ကြီးတဲ့သူတွေပါ ရေနစ်သွားတာပါ။ သေဆုံးသူ ၃ ဦးက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်"

စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးစ ထိမှန်ပြီး အမျိုးသားတဦး ဒဏ်ရာရ

“ကိုကျောက်လုံးက သူ့အိမ်မှာ ထမင်းစားနေရင်း ထိမှန်တယ်လို့ သိရတယ်။ သူရဲ့နွားတကောင်လည်း လည်ပင်းထိပြီး သေသွားတယ်။ အဲဒီတောင်ပေါ်မှာ သူတို့တွေ တပ်စွဲထားတာ ၂ လကျော်ပြီ။ အဲဒီမှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီးတော့ နေတိုင်းလိုလို ရွာတွေဘက်ကို ပစ်ထုတ်နေတာ”

သမချေးငွေ ပြန်မဆပ်လို့ဆိုကာ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ

"သူတို့လာတဲ့အချိန် အလုပ်တွေ သွားနေကြလို့ မရှိကြတာ များတယ်။ ၁၀ ယောက်လောက်ပဲ သွားတာ။ အဲဒါကို ရောက်တာနဲ့ ချက်ချင်း ချေးငွေဆပ်။ မဆပ်နိုင်တဲ့သူတွေကို ထော်လာဂျီပေါ်တင်ပြီး ဖမ်းသွားတာ။ ငွေချက်ချင်း မပေးနိုင်တဲ့သူ ၇ ယောက် ပါသွားတယ်။ အခြားရွာကသူတွေကိုလည်း ရှေ့ရက်တွေမှာ အဲလိုပဲလုပ်ပြီး ဖမ်းဆီးထားတာမျိုးလည်း ရှိတယ်"

ဖဲရိုက်နေတဲ့ ပျူတွေကို အလစ်ဝင်တိုက်လို့ ၁၃ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်းနိုင်ခဲ့ဟုဆို

“ပျူစောထီးတွေ ဖဲရိုက်နေတာကို ပထမ လက်ပစ်ဗုံးပစ်လိုက်တယ်။ ဒီကောင်တွေဘက်က ဘာမှမလုပ်နိုင်ဘူး။ မျက်မြင်တွေ့ခဲ့ရတာက ပျူစောထီး ၁၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်။ အဲဒီသေဆုံးတဲ့အထဲမှာ တဲကုန်းရွာက ပျူခေါင်းဆောင် တင်ဝင်းက ပွဲချင်းပြီးသေပြီး ပျူ တင်အေးကတော့ ပခုက္ကူဆေးရုံ ပို့ထားရတာ သေမယ်ရှင်မယ် မသိသေးဘူး”

နွားထိုးကြီးက ရဲတပ်ကြပ်တဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

“ကျနော်တို့အဖွဲ့ ကင်းပတ်နေတုန်း ထန်ဇင်းရွာအနားမှာ တွေ့တာ၊ လက်နက်မပါဘူးဗျ။ ဆိုင်ကယ်ရပ်ဖို့ ပြောတာကို မောင်းပြေးလို့ ကျနော်တပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ အဖွဲ့လိုက် ပစ်တာဆိုတော့ ဘယ်နှစ်ချက်ပစ်မိသလဲတော့ မမှတ်မိပါဘူး”

ဗိုလ်မှူး မောင်မောင်သွင်ကို လက်နက်အလွဲသုံးစားမှုနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ

“ဒီကောင်က သသနမှာ ရုရှားသွားမယ့်ကောင်တွေကို စာသင်တာ။ သူကိုယ်တိုင်လည်း ရုရှားပြန်။ ဖမ်းခံရတာက ဧပြီ ၁ ရက်နေ့ကတည်းက။ အမှုက ကြားရတာက လက်နက်နဲ့ပတ်သက်တဲ့ အလွဲသုံးစားမှုလို့တော့သိရတယ်။ လက်နက်ဘဲရောင်းစားတာလား၊ ကြားထဲကပွဲစားလုပ်ပေးတာလား သေချာမသိဘူး။ လောလောဆယ် နန်းတွင်းစစ်ကြောရေးမှာ စစ်နေတုန်း”

ရေနံမြေရဲတပ်ဖွဲ့ပိုင် ယူကလစ်ပင်တွေကို စစ်တပ်အသွင်ပြောင်း ဒု-ရဲမှူးကြီးမြင့်ဆွေက ခုတ်လှဲရောင်းစား

“ဓါတ်ပုံနဲ့တကွ လက်ရှိမြေပြင်မှာလည်း သစ်ငုတ်တိုတွေသက်သေရှိသေးတယ်။ သစ်ပင်ခုတ်လှဲတဲ့ တာဝန်ကိုတော့ သူ့တပည့်လက်နက်တိုက်တာဝန်ခံ ရဲတပ်ကြပ်သက်နိုင်ကို တာဝန်ပေးထားတယ်။ ဒါပေမယ့် တပ်ဖွဲ့အတွက်သုံးတာမဟုတ်ဘဲ သူ့ကိုယ်ကျိုးအတွက်သုံးသွားတာ“

မုံရွာ ကညနရုံး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ ဝန်ထမ်းတော့မထိပါဘူး။ သူတို့က ရုံးထဲမှာမို့ပါ။ အဲဒီစခန်းထဲမှာ စကစ အင်အား ၁၀ ယောက်လောက်ရှိပါတယ်။ အဲဒီထဲမှာမှ ၂ ယောက်ကိုပစ်ခတ်ခဲ့တယ်။ အခုလက်ရှိမှာတော့ အဲဒီရုံးမှာလုံခြုံရေးတွေ ထပ်ပြီးချထားပါတယ်။ အဲဒီရုံးရဲ့ခပ်လှမ်းလှမ်းမှာလည်း လူအင်အား ၃၀ လောက်ရှိပါတယ်”

စစ်အုပ်စုဖမ်းသွားတဲ့ အင်းတော်ဒေသခံ ၅ ဦး တလအကြာမှ သေဆုံးလျက်ပြန်တွေ့

"သူတို့ဖမ်းဆီးခံရပြီး ပျောက်နေတာတနယ်လုံးနီးပါး သိကြတယ်။ မနေ့ကကျတော့ တောထဲသွားတဲ့ ပြည်သူတဦးက တွေ့ပြီး အကြောင်းကြားလို့ မိသားစုဝင်တွေက သွားကြည့်ကြတာ။ ဟိုရောက်တော့ ကြွင်းကျန်ရစ်တဲ့ပစ္စည်းတွေ တွေ့ရလို့ သူတို့ဆိုတာအတည်ပြုလို့ရခဲ့တာ။ ကျန်ရှိတဲ့ အပိုင်းအစတွေကိုတော့ မိသားစုဝင်တွေက ပြန်သယ်လာပြီး"

ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်နေလို့ ဒေသခံ ၂ ထောင်ကျော်စစ်ရှောင်နေရ ( ရုပ်/သံ)

အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုမြို့ပေါ်ကနေတဆင့် တပင်ကောင်းရွာထဲကို ဝင်လာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တပင်ကောင်းရွာအနီးမှာ ထိတွေ့ပစ်ခတ်မှု တနာရီကြာ ဖြစ်ခဲ့တာ

ကြို့ပင်ကောက်က စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

"သေနတ်နဲ့ခေါင်းကို ၁ ချက်၊ ဗိုက်ကို ၂ ချက်၊ တင်ပါးကို ၁ ချက်ပစ်လို့ ပွဲချင်းပြီးသေသွားပါတယ်။ ပစ်ခတ်နေတဲ့အချိန် အိမ်ထဲမှာ သူ့ဇနီးနဲ့မြေးတဦးလည်းရှိနေတယ်။ သူတို့ကိုအန္တရာယ်မပြုခဲ့ဘူး"

မီးရှို့ခံရတဲ့ ရွာ ၇ရွာက ပြည်သူအချို့ရဲ့ စကားသံ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ရွာ ၇ရွာကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၂၃နဲ့ ၂၄ရက်တွေမှာ ဝင်ရောက်မီးရှို့သွားခဲ့ပြီး ပစ္စည်းတွေကိုပါ ခိုးယူသွားခဲ့ကြတယ်

သာယာဝတီမြို့ NLD ပါတီရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်စီး

“ရုံးရှေ့က ခရိုင်၊မြို့နယ် ပါတီဆိုင်းဘုတ်၊ လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်၊ အလံတိုင်တွေကို ဖျက်စီးတယ်။ ရုံးထဲက ပါတီအမှတ်တံဆိပ်ပါတဲ့ပစ္စည်းတွေ ဖျက်စီးတယ်။ အမေစု(ဒေါ်အောင်ဆန်းစုကြည်) ဓာတ်ပုံကို ခြေထောက်တွေနဲ့နင်းပြီး ဖျက်စီးတာတွေလုပ်သွားတယ်။ အသေးစိတ်ကိုတော့မသိရသေးဘူး။ ခုလည်းပါတီရုံးနားမှာ ဓာတ်ပုံရိုက်လို့မရအောင် ကင်းပုန်းဝပ်နေတယ်”

နေအိမ်တွေကို မီးရှို့တဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘင်တဲကုန်းနဲ့ အောင်ချမ်းသာကျေးရွာက နေအိမ်တွေကို မီးရှို့တဲ့ စစ်အုပ်စု ဧပြီလ ၂၃၊၂၄ ရက်မှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး၊ ၂ ပွင့်ဗိုလ်တဦးပါ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်

မီးမလာလို့ စစ်ကိုင်းမြို့မှာ ရေရှားပါးတဲ့ဒုက္ခ အဆိုးရွားဆုံး ရင်ဆိုင်နေရ

“မီးက တရက်လုံးမှ ၁ နာရီကောင်းကောင်းတောင်မရဘူး၊ ရေက တမြို့လုံးကိုခက်ခဲနေပြီ၊ ဘယ်လောက်ထိတောင်ဆိုးလဲဆို အိမ်သာတတ်စရာရေတောင် မရှိကြဘူး၊ အမေကြီးတယောက်ဆို အိမ်မှာသောက်ရေကို မရှိတော့လို့ ရေကျန်လေးမရှိဘူးလားလို့ လာ‌မေးတယ်၊ ပြည်သူတွေ တော်တော် ခက်ခဲနေကြတာပါ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10