သတင်း

နှောကန်ရဲစခန်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ PDF အတွက် ဂုဏ်ပြုကျောက်တိုင် ပြုလုပ်ပေး

"စခန်းသိမ်းတိုက်ပွဲမှာ ခေါင်းကို ကျည်ထိလို့ ကျခဲ့တာပါ။ Body က မရခဲ့ပါဘူး။ Battle ထပ်ဖြစ်လို့ ထားခဲ့လိုက်ရတယ်။ ကျဆုံးတဲ့နေ့က သက်ပျောက် ဆွမ်းသွပ်ခဲ့တယ်။ အမြဲတမ်းတက်ကြွနေတဲ့ ကလေး တယောက်ပါ"

မင်းကင်းနယ်ထဲက စစ်ကောင်စီတပ် အရေးပေါ်ရဟတ်ယာဉ်ဆင်းကွင်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့

“မြေသားလမ်းပေါ့နော် ဘောလုံးကွင်းလုံးလုပ်ထားတဲ့နေရာမှာတော့ မီးရှို့ပြီး ဖျက်ဆီးခဲ့တယ်။ ကားလမ်းမကြီးတကြောမှာရှိတဲ့ ရဟတ်ယာဉ်ဆင်းကွင်းတခုကတော့ ကွန်ကရစ်နဲ့အခိုင်အမာပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ မိုင်းနဲ့ခွဲပြီး ဖျက်ဆီးခဲ့တယ်။ လောလောဆယ်ထိတော့ အဲ့ဒီနေရာတွေကို ကျနော်တို့ စိုးမိုးထားနိုင်တုန်း”

ထောင်တွင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အကျဉ်းသူအပါ အမျိုးသမီး ၄ ဦး ထောင်ပြောင်းရွေ့ခံရ

“သူက ထောင်တွင်းတောင်းဆိုမှုတွေ လုပ်တာရှိတယ်။ အမျိုးသမီးဆောင်မှာ ဖိနှိပ်တာမျိုးပေါ့။ သန့်ရှင်းရေးတို့ သစ်ပင်စိုက်တာတို့ ည ကိုးနာရီ မဖြစ်မနေ အိပ်ရမယ်ဆိုတာတွေကို ထောင်ပိုင်တန်းစီးလာတဲ့အချိန်မှာ တိုက်ရိုက် တောင်းဆိုလိုက်တယ်။ အဲနောက်ပိုင်း ညပိုင်းအိပ်တာကိုတော့ လျော့ပေးလိုက်တယ် ကြားတယ်။ ထောင်အရာရှိအချို့က သိပ်မကျေနပ်ကြဘူး။ နောက်သူက ဆံပင်ဆေးဆိုးထားတော့ အနက်ဆိုးခိုင်းတာကို မဆိုးဘူးဆိုပြီး ငြင်းတယ်။ အဲဒါမျိုးတွေတော့ ရှိတယ်။”

မြင်းခြံမှာ စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ ပျူရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

"ပျူနဲ့စစ်သားတွေမရှိချိန် သူတို့ကင်းပုန်းဝပ်တဲ့ဇရပ်မှာ မိုင်းထောင်ထားတာ၊ ရွာလည်မှာ ပိုက်ဆံတွေကောက်ပြီး နေပူလို့ ဇရပ်ကို ပြန်နားတော့ မိုင်းဆွဲလိုက်တာ ၈ ယောက် သေတယ်။ မိုင်းရှာဖို့ထပ်လာတဲ့ စစ်သားတွေကို နောက်တကြိမ် မိုင်းထပ်ဆွဲတော့ ၄ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”

စစ်ကိုင်းနဲ့ ဆားလင်းကြီးက စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

စစ်တပ်က အင်းစရွာကို မီးစရှို့ကတည်းက ကျနော်တို့က တိုက်ခိုက်ဖို့သွားတာ။ စစ်တပ်နဲ့ထိပ်တိုက်သွားတိုးတော့ ကျနော်တို့က ပစ်တာ မျက်မြင်က နေရာမှာပဲ ၆ ယောက်က လဲကျသွားပြီး ၃ ဦး သေတာ ၃ ဦးက ဒဏ်ရာရရှိသွားတယ်

ကနီမှာ လေပြင်းတိုက်ခတ်လို့ ရွာ ၈ ရွာက အိမ်ခြေ ၁၅၀ နီးပါး ပျက်စီး

“မိုးများပြီး လေကြမ်းတာ။ လေပြင်းဝင်တာ ၈ ရွာပေါ့။ အဲ့ဒီလောက် လေကြမ်း၊မိုးကြမ်းတာ တခါမှမကြုံဖူးဘူး ပထမဆုံးပဲ။ မီးတွေလည်း ဖြတ်ခံထားရတာ ၂ ရက်ရှိပြီ။ အခုချိန်ထိလည်း မီးမလာသေး”

ထင်းခြောက်လိုက်သယ်တဲ့ ၈ နှစ်အရွယ် စစ်ရှောင်ကလေး ပိုးထိသေဆုံး

“သူတို့က စစ်ရှောင်တဲမှာ နေနေကြတာ၊ မနက်ဖြန်အတွက် ထမင်းချက်ဖို့ ထင်းသွားပွေ့တာသူ့လက်ကို အကောင်တကောင် ကိုက်လိုက်တာပဲ သိတာ။ ဘာကိုက်တယ်ညာကိုက်တယ်ဆိုတာတော့ မသိဘူး ကလေးဆိုတော့လေ။ အိပ်ယာဝင်တဲ့အချိန်မှာ ကလေးကပုံမှန်မဟုတ်တော့ သူ့အမေက မေးတော့မှ သူ့လက်ကို အကောင်တကောင် ကိုက်သွားတယ်လို့ ပြောတယ်။ အဲခါမှ ကျနော်တို့ဆီ လာပြတယ်”

ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

"သေနတ်နဲ့ရင်ဘတ်ကို ၂ ချက် ပစ်တယ်။ လဲကျသွားမှ ဓါးမြှောင်နဲ့ တချက် ထပ်ထိုးခဲ့တာ ပွဲချင်းပြီးသွားတယ်"

တပတ်အတွင်း မြေလတ်သတင်း

- မန်ကျည်းကန်ရွာက လူငယ်တဦးကိုသတ်ပြီး ရွာသား ၁၄ ဦးကိုလည်း ဖမ်းသွား - စစ်အုပ်စုအစစ်ဆေးတင်းကြပ်နေတဲ့ မုံရွာ - ချောင်းဦးလမ်းပိုင်းကို PDF က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ် - ပဇီကြီးမှာ တိုက်ပွဲဖြစ်၊ လေယာဉ်နဲ့ ဗုံးကြဲ - မြင်းမူရဲစခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ ထိခိုက်မှုရှိ - ကနီက စစ်တပ်စခန်းတိုက်ပွဲမှာ သေနတ် ၁၅ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့ပြီး စစ်သား ၂၀ ဝန်းကျင် သေဆုံးဟုဆို - စစ်ရုံးချုပ်ကထွက်ပြေးတဲ့ အမျိုးသမီးတပ်ကြပ်ကြီး ၂ ဦးလွတ်မြောက်နေဆဲဖြစ်ပြီး၊ တပ်ပြေးအဖြစ် ကြေငြာခံထားရ နောက်ဆက်တွဲ - ကလေးမြို့သပိတ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဖြိုချဖျက်ဆီးနေ - ရေစကြိုမှာ ကြားကာလပညာရေး စာသင်နှစ်တနှစ်ကို အခက်ခဲများကြားက အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ - အပူရှိန်ပြင်းလာလို့ ရေရရှိဖို့နဲ့လက်နက်ခဲယမ်း သိုလှောင်ထုတ်လုပ်ဖို့ အခက်ကြုံလာ

ရေစကြိုမြို့ပေါ်တိုက်ပွဲမှာ အသက်၂၄နှစ်အရွယ် PDF တဦးသေဆုံး (ရုပ်/သံ)

PDF မဟာမိတ် ၆ ဖွဲ့လောက် ပူးပေါင်းပြီး စုပေါင်းရုံးနဲ့ ငြိမ်းဇာနည်စခန်းတို့ကို တပြိုင်တည်း ဝင်တိုက်ခဲ့ကြတာဖြစ်ပြီး လက်လုပ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်

စစ်တပ်က အိမ် ၂၀၀ ကိုမီးရှို့ပြီး စိတ်ဝေဒနာသည်အမျိုးသားတဦးအပါ ၂ ဦးကိုပါ ပစ်သတ်ခဲ့

“ရွာကိုမီးရှို့တဲ့အဖွဲ့ထဲမှာ ပျူတွေများတယ်။ ဘာလို့လည်းဆိုတော့ စဥ့်ကူးနယ်၊ မြစ်အရှေ့ဘက်ရွာတွေက ပျူစောထီးတွေအခြေချတဲ့ရွာတွေ များတယ်၊ ခက်သင်ရွာသား တယောက်လည်း ပျောက်နေတယ်။ ရွာသားတွေပြောတာတော့ သတ်လိုက်ပြီတဲ့ ကျနော်တို့လည်း မသိရတော့ အတိအကျပြောလို့မရဘူး”

ဆောမှာ ဆန်စပါးကုန်သွယ်ခွင့် ကန့်သတ်လိုက်လို့ စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေ

“ဆန်ဈေးတွေသတ်မှတ်လိုက်တော့ ကျနော်တို့မှာနည်းနည်းကြပ်တာပေါ့၊ အရင်က ၃ သောင်း ခုတော့ ၃ သောင်းခွဲ ဖြစ်သွားပါပြီ၊ ဆန်ဈေး ၄ သောင်းလောက်ရမှ ကျနော်တို့မှာ အရင်းရရုံပဲ၊ ခုက အရင်းတောင်မရတော့ စပါးစိုက်ရင် မြေဆီထည့်မသုံးနိုင်တော့ဘူးလေ၊ လျော့သုံးရတာပေါ့၊ ၂ အိတ်သုံးတဲ့နေရာကို ၁ အိတ်ပဲသုံးနိုင်တယ်၊ အဲ့တော့ စပါးအထွက်နှုန်းလည်းကျတယ်၊ နည်းနည်းအခက်တွေ့တာပေါ့"

ဒေသခံအများအပြားကိုသတ်ပြီးနောက် စစ်ကောင်စီက ပဇီကြီးကို PDF ရွာ‌ဆိုပြီး ဝါဒဖြန့်လာ

"မနေ့က စစ်ကြောင်း ၂ ကြောင်းနဲ့ ရွာကိုဝိုက်ပြီး ရွာထဲကိုပစ်တယ်။ ပြီးတော့ နောက်ပြန်ဆုတ်တယ်။ သူတို့ပြန်ဆုတ်ပြီး မကြာခင်အတွင်းမှာပဲ ဂျက်ဖိုက်တာနဲ့လာပြီး ဗုံးကြဲတယ်။ ဗုံးကြဲပြီးတော့မှ သူတို့ဝင်တယ်။ ခဏနေတော့ အဲ့လိုလီဆယ်လုပ်ငန်းတွေ လုပ်တယ်။ အခုကလည်း အဲ့ပတ်ဝန်းကျင်မှာပဲ ရှိသေးတယ်"

ချောင်းဦးက စရဖ သတင်းပေးဆိုသူ နေအိမ်မှာ ရှင်းလင်းခံရ

"သူက အရင်ကတည်းက စရဖ အတွက် သတင်းပေးလုပ်နေတာ။ သူနေတာက မြို့အထွက် ဆည်မြောင်းရုံးအရှေ့နားမှာ နေတာ။ စစ်တပ်အာဏာမသိမ်းခင်ကတည်းက သတင်းပေးလုပ်လာတာ။ အဲဒါနဲ့ပတ်သက်ပြီး လာလုပ်သွားတာနေမယ်။ နေအိမ်ရှေ့မှာပဲ ပစ်သတ်သွားတာ။ နာမည်ခေါ်ထုတ်ပြီး အိမ်ရှေ့ထွက်ချိန်မှာပဲ ပစ်သွားတာ"

ဓားစားခံအဖြစ် ဖမ်းခံထားရတဲ့ မန်ကျည်းကန်ရွာသား ၁၄ ဦး ပြန်မလွတ်လာသေး

“ကျနော်တို့လည်း ဒီသတင်းကို ဆက်သွယ်နေဆဲပဲ။ ကလေးတွေကိုတော့ မြိုင်မြို့ပေါ်မှာ ထားခဲ့တယ်လို့ ကြားတယ်။ သူတို့အဖွဲ့တချို့လည်း မြိုင်ထဲမှာရှိနေတော့ အဲဒီအဖွဲ့တွေနဲ့ ကလေးတွေကို ချန်သွားတယ်လို့ ထင်တယ်။ သူတို့ကတော့ မြိုင်မြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ ကန်ဘူးရွာထဲကို ဝင်သွားတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10