သတင်း

ကြွက်ထိုးပြီး ပြန်လာတဲ့ ရွာသား ၁ ဦးကို စစ်ကောင်စီ သေနတ်နဲ့ပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ သက်ငယ်ပြင်ကျေးရွာမှာ မနေ့ညက ကြွက်ထိုးပြီးပြန်လာတဲ့ ရွာသားတဦးကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်သတ်ပြီး အလောင်းကို ငွေကျပ် ၆ သိန်းဖြင့်လာရွေးဖို့ မိသားစုကို ပြောဆိုခဲ့တယ်လို့ ဒေသခံတဦးထံမှ သိရပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ ကျောင်းမတက်ဘဲ ဆက်လက်သပိတ်မှောက်ဖို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ထောင်ထဲကနေတောင်းဆို

"ဒီအ​ရေး​တော်ပုံ​ကြောင့် အသက်စ​တေးခဲ့ရတဲ့ ​ကျောင်းသားရဲ​ဘော်​တွေ၊​ ထောင်​ထဲ​ရောက်​နေတဲ့​ ကျောင်းသားရဲ​ဘော်​တွေနဲ့ တသားတည်းရပ်တည်တဲ့အ​နေနဲ့ ၆ ရက်​နေ့ တက္ကသိုလ်ပြန်ဖွင့်ရင် မတက်​ရောက်ဘဲ သပိတ်​မှောက်ကြ" ဖို့ ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဌ ကိုထက်အောင်က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက စစ်သင်တန်းပေးရန် မဲနှိုက်လူစုမှုဆက်တိုက်ပြုလုပ် လူငယ်များရှောင်တိမ်းနေရ

"လောလောဆယ်တော့ နှစ်ရွာကို မဲတွေခွဲတာပေါ့။ စစ်သားတွေလာတာတော့ မဟုတ်ဘူး သူတို့ခန့်ထားတဲ့ ရွာလူကြီးကခွဲတာ။ တချို့ရွာလူကြီးတွေကတော့ သူတို့ခွဲမပေးနိုင်ဘူး ကိုယ်ဘာသာလာခွဲချင်ခွဲလို့ ပြောထားကြတယ်။ မင်းလှနယ်မှာလည်း ရွာအများစုမှာခွဲနေပြီ။" ဟု ဒေသခံတဦး ကပြောသည်။

မတူပီမှာ စစ်ကောင်စီနဲ့ CDF တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ပြည်သူ ၇ ဦးကိုဖမ်းဆီးထား

"မနေ့ကနေ့လည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်လုံးရွာနဲ့ လုံမော်ကြားမှာ ခရီးသွားနေတဲ့ပြည်သူ ၇ ဦးကိုဖမ်းတယ်ဆိုတဲ့ သတင်းတော့ရရှိထားပါတယ်။ မနေ့ကစပြီး ဒီမနက်အချိန်ထိ တိုက်ပွဲတင်းမာတုန်းရှိ‌သေးတယ်" လို့ CDF Matupi တာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခံ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ မိသားစုနဲ့တွေ့ခွင့်မရသေး

"အာဏာရှင်ကိုတော့ ရရာနည်းလမ်းနဲ့ဆက်လက်တော်လှန်နေမှာ ကျရာနေရာကနေ နိုင်ငံသားတယောက်တာဝန်ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ပြည်သူလူထုကိုလည်းသွေးအေးမသွားဖို့ နှိုးဆော်ချင်ပါတယ်။" လို့ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား တဦးကပြောသည်။

ပေါင်းတည်လျှပ်စစ်ရုံးကို ဗုံးခွဲသတိပေးခံရ

"ပေါင်းတည်မြို့မှ အတင်းအဓမ္မကောက်ခံနေတာရယ် နောက်တခါ မီတာခအသစ်တပ်ဆင်ချင်လို့ အသစ်လျောက်တဲ့သူတွေကို ပေါင်းတည်လျပ်စစ်မြိူ့မှူးက သူ့ကို သီးခြားလာဘ်မထိုးဘူးဆိုရင်အဲလူတွေကိုခက်ခဲကြန့်ကြာအောင်လုပ်တယ် ဒါကြောင့် ပထမအကြိမ် အသံဗုံးနဲ့သတိပေးဗုံးခွဲခဲ့တာပါ လူနဲ့အဆောက်အဉီထိခိုက်မူမရှိပါဘူး" လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နဲ့နီးစပ်သူတဦးကပြောပါတယ်။

NUG ကို မြေပြင်အဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်စေချင်တယ်လို့ PDFတွေ ပြော

"ဘာပြောချင်လဲ ဆိုတော့ တော်လှန်ရေးခရီးက တစ်နှစ်ပြည့်တော့မယ် NUG လူကြီးတွေ ရိုးသားပြီး အလုပ်တကယ်လုပ်တာသိပါတယ် သို့ပေမဲ့ မြေပြင်နဲ့ ချိတ်ဆက်မှုအပိုင်းမှာ အားနည်းနေသေးတယ်လို့မြင်မိတယ် လက်တွေ့နဲ့မကင်းကွာအောင် အခြေအနေအမှန်ကို သိရှိနားလည်အောင် သံတမန်ဆက်ဆံရေးနားလည်တဲ့ ကိုယ်စားလှယ်တွေနဲ့ အချိန်မနှောင်းခင် ကြိုးစား ချိတ်ဆက်စေလိုပါတယ်ဗျ ပြီးတော့အဖွဲ့အတွင်းက ဦးဆောင်သူညီတွေအကိုတွေ လက်ထဲရှိတာလေးတွေ ပေါင်နှံရောင်းချပြီး တော်လှန်ရေးအတွက်သုံးပါတယ် ဥပမာ မြေကွက်တို့ ကားတို့ပေါ့"လို့ DRPA ( မုံရွာ) ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

တံတားဦးမှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ တပ်သား ၃ ဦးသေဆုံး

“ ၆ ဖွဲ့ပူးပေါင်းပြီး ပြောက်ကျားမိုင်းဆွဲတာပါ၊ မိုင်း ၃ လုံးပါ၊ သူတို့ဘက်က ၃ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရပါတယ်” လို့သူကပြောပါတယ်။

ပဲခူးမြို့က ဗကသခေါင်းဆောင် ကိုမျိုးကိုကိုရဲ့ နေအိမ်ကိုစစ်ကောင်စီ ချိတ်ပိတ်

"နှစ်သစ်မှာတော့ အိမ်ကိုသော့ခတ်တာကနေ ချိတ်ပိတ်တဲ့အဆင့်ကို တဆင့်တိုးသွားတယ်။ တော်လှန်ရေးမှာပါဝင်နေတဲ့သူတိုင်းဟာ ပေးဆပ်မှုပေါင်းစုံနဲ့ ပေးဆပ်ပြီး၊ ဒီပွဲကိုတိုက်ယူနေကြတာပါ။ အောင်ပွဲကိုလည်းတန်းတူခံစားချင်မိပါတယ်" လို့ ကိုမျိုးကိုကိုက သူရဲ့လူမူ့ကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

တပ်မ ၆၆ လက်အောက်ခံ ခလရ (၁)က တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ကျော် ရှေ့တန်းမှာ တိုက်ပွဲကျ

ပဲခူးတိုင်း အနောက်ခြမ်းသာယာဝတီခရိုင်၊ မင်းလှမြို့နယ် ၊စိန်ကန့်လန့်ကျေးရွာအနီးရှိ တပ်မ ၆၆ လက်အောက်ခံ ခလရ (၁)တပ်က တပ်ရင်းမှူးအပါအဝင် ၁၀ ဦးကျော် ရှေ့တန်းမှာ တိုက်ပွဲကျခဲ့တယ်လို့ ဒေသတွင်းစစ်ကောင်စီနဲ့ နီးစပ်သူတွေကဆီက သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကပေါင်းကျရွာကို မီးရှို့နေ

"စစ်ခွေး ဘက်မှာလည်းအသေအပျောက်ရှိနိုင်တယ်၊ ကပေါင်းကျအရှေ့ရွာက ဖမ်းမိသူတယောက်ပစ်ခတ်နေတုန်းထွက်ပြေးလွတ်မြောက်လာသူပြောတာက သူရှေ့မှာပဲ လေးငါးယောက်လောက်လဲကျတာမြင်တယ်ပြောတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စပါးရိတ်ပြီး ပြန်လာသူကို ပျူစောထီးတွေ သေနတ်နဲ့ ပစ်လို့ သေဆုံး

"ပျူစောထီးအဖွဲ့တွေ ရွာထဲကိုပတ်ပြီး မွှေသွားပါတယ်၊အမျိုးသမီးတွေပဲတွေ့လို့ တောင်ဘက်ကိုဆိုင်ကယ်နဲ့မောင်းသွားပါတယ်၊တောင်နားကျ စပါးရိတ်ပြန်လာတဲ့ ၁ ယောက်ကိုပစ်သတ်ခဲ့ပါတယ်၊ အဲဒီနားမှာပွဲချင်းပြီးတစ်ခါထဲကိုသေသွားပါတယ်၊အချက်ပေါင်းမနည်းပါဘူးပစ်သွားကြတာ"

ဗကသဟောင်း ကိုမင်းသွေးသစ်ကို ထောင်ဒဏ် တစ်နှစ်ချမှတ်

" ထောင်ဒဏ်ကို ၇ရက်ပဲ ချချ တစ်နှစ်ပဲချချ၊ ၁၀နှစ်ပဲ ချချ ဒါဟာ ဘယ်နည်းနဲ့မှ တရားမျှတစွာချနေတာ မဟုတ်ဘူးဆိုတာ ကျနော်တို့တင် မဟုတ်ဘူး ပြည်သူတရပ်လုံးကလည်းသိတယ်"

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်ရဲ့ ရုံးချိန်းကိုလာတဲ့ ဇနီးသည်ကို စစ်ကောင်စီထပ်မံ ဖမ်းဆီး

"ဖမ်းတာက (သာယာဝတီခရိုင်) တရားရုံးထဲမှာပဲ ဖမ်းလိုက်တာ။ လက်ရှိ ထိန်းသိမ်းထားတယ်ပဲ သိရသေးတယ်။ ဘာနဲ့ ဆွဲထားတယ် ပုဒ်မ ဘယ်လောက်လဲ မသိရသေးဘူး၊ ဖမ်းသွားတာ သူနဲ့အတူ ရုံးချိန်းလိုက်သွားတဲ့ အသိတွေက လှမ်းပြောတယ်။"

လက်နက်တီထွင်စမ်းသပ်မှုနဲ့ ထိခိုက်ဒဏ်ရာရသေဆုံးရတဲ့ ပြည်သူ့ရဲဘော်တွေ

စစ်ကောင်စီဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မြေပြင်ကသာမကဘဲ၊ နောက်ပိုင်းမှာ ဝေဟင်ကပါ အပြင်းအထန်ပြုလုပ်လာနေပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဒေသတွင်း ပြည့်သူကာကွယ်ရေးအဖွဲ့တွေဟာ ယခင်နည်းဟောင်း လက်နက်များနဲ့ပြန်လည်တိုက်ခိုက် တာကနေ အသစ်သစ်သော လက်နက်ခဲယမ်းတွေကို စမ်းသပ်တီထွင်ထုတ်လုပ်လာနေကြပါပြီ။ စမ်းသပ်ဆဲကာလဖြစ်လို့ ထိခိုက်ဒဏ်ရာရမှုတွေ လိုအပ်ချက်တွေများစွာ ရှိခဲ့ပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနက မြိုင် MVRF ဥက္ကဌ ဦးအောင်ဇေယျ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10