သတင်း

နွေဦးအောင်လံဥဒေါင်းမာန် တော်လှန်ဂျာနယ်ကို မြေလတ်ဒေသမှာ စတင်ထုတ်ဝေ

မြေလတ်ဒေသဖြစ်တဲ့ ပခုက္ကူမြို့နယ်နဲ့ မြိုင်နယ်က ကဗျာဆရာ၊ ပန်းချီဆရာတွေ စုပေါင်းပြီး နွေဦးအောင်လံဥဒေါင်းမာန် တော်လှန်ရေးဂျာနယ်ကို စတင်ထုတ်ဝေဖြန့်ချီပြီလို့ သိရပါတယ်။

PDF မကြောက်လို့စခန်းမှူးလုပ်နေတာ‌ဟုကြွေးကြော်နေတဲ့ ရဲစခန်းကို PDF တိုက်ခိုက်

"လက်မှတ်ကုန်းနယ်မြေရဲစခန်းကလည်း ခဏခဏကြွေးကြော်နေတာ၊ PDF မကြောက်လို့ စခန်းမှူးလုပ်နေတာ၊ သတ္တိရှိရင် မိုက်တဲ့ကောင်ထွက်ခဲ့၊ ဘယ်ကောင် PDF ကိုထောက်ပို့ရဲလည်း ကြွေးကြော်နေလို့ ရဲစခန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာ" လို့ People's Defence Force Yenangyaung (မကွေးခရိုင်အမှတ်-၂ တပ်ရင်း)မှ ဗိုလ်စံသျှားက ပြောပါတယ်။

စာသင်ကျောင်းနဲ့နေအိမ်တွေကိုမီးရှို့နေတဲ့ စစ်အုပ်စု ဗုံကြဲတိုက်ခိုက်ခံရ

"ဖလံကုန်းရေနံမှော်ကို ရိက္ခာပို့လာပြီး ထန်းပေါက်ကုန်းရွာက စာသင်ကျောင်းရယ်၊ ကင်းတဲ ၂ တဲကို မီးရှို့တယ်၊ ညနေရောက်တော့ အိမ် ၅ လုံးကိုမီးရိူ့တာ၊ ကျနော်တို့က ရွာနဲ့နီးတာရယ် ရေနံတွင်းလည်းရှိတော့ မတိုက်ပဲနေတာကို အခုလိုမီးရှို့လို့ ဒေသခံအဖွဲ့တွေပေါင်းပြီး ဒရုန်းနဲ့အီနာဂါဗုံးသီး ၆ လုံးသုံးပြီးဗုံးချခဲ့တာ" လို့ Anonymous Special Task Force-Pauk အဖွဲ့မှ ရဲဘော်စင်္ကြာက ပြောပါတယ်။

မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာနဲ့ မန္တလေး-မတ္တရာသွားကားလမ်းကြားမှာ မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

နေရပ်ပြန်တွေကို စစ်ကောင်စီက ပစ်ခတ်လို့ မိခင် ၁ ဦး နှလုံးရပ်သေဆုံးပြီး ကလေး ၃ ဦး ကျန်ရစ်ခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်ကျေးရွာမှာ နေတဲ့ မိသားစုဝင် ၅ ဦးဟာ မိမိတို့နေထိုင်တဲ့ နေရပ်ကိုပြန်လာချိန် စစ်ကောင်စီရဲ့ လက်နက်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးဟာ နှလုံးရပ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးက နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ရဲစခန်းကို ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတဦးသေဆုံးကာ တဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ − မန္တလေး Generation Z Power က ဇန်နဝါရီလ ၃၁ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပခုက္ကူနဲ့ ခင်ဦးနယ်က နေအိမ်တွေကို စစ်ကောင်စီမီးရှို့

“ခင်ဦးမှာ ရွာစဥ်လိုက် ဆက်တိုက် မီးရှို့ခံနေရတယ်။ အင်ကြင်းပင်ရွာ၊ စိုင်ဒိုး၊ သရက်ပင်ဝန်းရွာတွေနဲ့ ဗျိုင်းကြိုင်ကျေးရွာတို့ကို မနေ့က ၃၀ ရက်နေ့စပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒီနေ့မနက်ထိလည်း ဆက်တိုက်မီးလှည့်ရှို့နေတာ၊ ဒေသခံသောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ စစ်ဘေးရှောင်ကူညီနေတဲ့ ကျေးရွာခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။

မင်းတုန်းနယ်မှာကျဆုံးတဲ့ ရဲဘော် ၂ ဦး တနှစ်ပြည့်ပြုလုပ် (ရုပ်/သံ)

ကျဆုံးရဲဘော် တေဇ နဲ့ စစ်နိုင် တို့ဟာ ၁၀ တန်း‌ကျောင်းပြီးထားသူများဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအတွက် Golden Eagle Myaylatt အဖွဲ့ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

ကျွန်းလှနယ်က လေးရွာအုပ်စု မီးရှို့ခံရလို့ အိမ်ခြေတဝက်ကျော် ပျက်စီး

တောင်ယာဆိပ်အုပ်စုဟာ တောင်ယာဆိပ်ရွာ၊ သရက်တောရွာ၊ အောင်ရန်ကင်းရွာနဲ့ မြင်သာဦးရွာ ပေါင်းစည်းထားတဲ့ အုပ်စုတခုဖြစ်ပြီး၊ အဲ့ဒီကနေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ ခမရ ၃၆၈ က စစ်သားတွေနဲ့ ပျူစောထီးတွေက အင်အား ၁၂၀ နီးပါးနဲ့ စစ်ကြောင်းထိုးမီးရှို့ခဲ့တာလို့ ကျွန်းလှဒေသခံတဦးက ပြောပါတယ်။

အရန်မီးသတ် ၁ ဦး CDM ပြုလုပ် PDF တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်မည်

စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာတွေ များလာလို့ ပြန်လည်တွန်းလှန်ချင်တဲ့စိတ်ကြောင့် CDM လုပ်လာပြီး စစ်သင်တန်းတက်ရောက်ဖို့ စောင့်​နေတယ်လို့ CDM လုပ်တာတဲ့ အရန်မီးသတ်ဒုတပ်ကြပ်က ​ပြောပါတယ်။

အထိခိုက်ဆုံး မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကျော်အတွက် အသုံးအဆောင်တွေ လှူတန်း

“‌ရေဦး၊ ဆားလင်းကြီး၊ ဒီပဲယင်း အဲ့ဘက်ရွာတွေကို ဦးစားပေးဖြစ်တယ်။ အဲ့ဘက်တွေက မီးရှို့ခံရတာတွေက အကြိမ်ရေကိုမနည်းတော့ဘူးလေ။ အထိခိုက်ဆုံးရွာတွေကို ရွေးထုတ်ပြီး လုပ်ပေးနေတာပါ။ လုပ်ပေးချင်တာတော့ အကုန်လုံးကို လုပ်ပေးချင်တာ။ ငွေကပြန်ကြည့်နေရတော့ တော်တော်လေး ဒုက္ခရောက်တဲ့သူတွေကိုပဲ ကူညီနေရတာ။”

မင်းတုန်းနယ်မှာကျဆုံးတဲ့ ရဲဘော် ၂ ဦး တနှစ်ပြည့်ပြုလုပ် (ရုပ်/သံ)

ကျဆုံးရဲဘော်တွေဟာ Golden Eagle Myaylatt က အသက် ၁၆ နှစ် ရဲဘော်တေဇ နဲ့ အသက် ၁၈ နှစ်အရွယ် ရဲဘော်စစ်နိုင် တို့ဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလ ၂၉ ရက် နေ့မှာ ရခိုင်ရိုးမပေါ်က ပူးပေါင်းလေ့ကျင့်ရေးစခန်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။ ကျဆုံးရဲဘော် တေဇ နဲ့ စစ်နိုင်တို့ဟာ ၁၀ တန်း‌ကျောင်းပြီးထားသူများဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအတွက် Golden Eagle Myaylatt အဖွဲ့ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

စစ်ရှောင်နေရဆဲဖြစ်တဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေ စောင်နဲ့အဝတ်ထည်တွေ လိုအပ်

“ရွာသားတွေက ဒီလ (ဇန်နဝါရီ) လဆန်းပိုင်းကတည်းက ရွာထဲကိုဝင်လိုက်၊ ထွက်လိုက် နဲ့ စစ်ရှောင်နေရတယ်။ ဆောင်းတွင်းကာလဖြစ်တာမို့ ကွင်းပြင်မှာ အမိုးအကာမရှိတာကြောင့် မိုးကာ၊ အနွေးထည်၊ စောင်၊ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ တကယ်လို့ တခုခုဖြစ်ခဲ့ရင် ကုသပေးမယ့် ဆရာမတွေလည်း မရှိဘူး”

အသံတိတ်သပိတ်နေ့ စျေးဆိုင်‌တွေဖွင့်ဖို့ခြိမ်းခြောက် ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေကို အဲဒီနေ့မှာလာရွေးခိုင်း

စစ်တပ်က အာဏာသိမ်းခဲ့တာ၂ နှစ်ပြည့်တဲ့ မနက်ဖြန်ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံတဝှမ်းနည်းတူ ပဲခူးမြို့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်ပျက်ပြားစေဖို့အတွက် စစ်ကောင်စီက စျေးဆိုင်ခန်းတွေဖွင့်ဖို့ ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းကာ လိုက်လံဖိအားပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသူအပါ ၂ ဦးကို LPDF တွေပြန်လွှတ်ပေး

"ဖမ်းသွားတာက LPDF အဖွဲ့တွေက ဖမ်းသွားတာ။ စကစ နဲ့ပတ်သက်တယ်ဆိုပြီးတော့ဖမ်းတာ။ LPDF အဖွဲ့တွေကိုတော့ သတင်းပေးဒလန်မလုပ်ရင်၊ ပြည်သူကို ဒုက္ခမပေးရင် ဖမ်းလို့မရဘူးဆိုပြီး ရှင်းပြခဲ့တယ်။ ပကဖ က ညှိနှိုင်ပေးပြီး ပြန်လွှတ်ပေးဖို့ပြောခဲ့လို့ ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်"လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10