သတင်း

ဘူတာပိုင်မြေမှာ နေသူတွေမဖယ်ပေး‌ရင် အင်အားသုံးဖယ်ရှားမယ်လို့ စစ်‌ကောင်စီ စာထုတ်

"ဇီးဖြူကုန်းကိုပေးထားတဲ့စာကိုဖတ်ကြည့်တော့ ဒီဇင်ဘာ၃၁ရက်‌ နောက်ဆုံးထားပြီးဖယ်ရှားပေးရမယ်လို့အကြောင်းကြားစာထဲမှာပါတယ် ဖယ်မပေးရင်အတင်းဝင်ဖျက်မယ့်သဘောလည်းရေးထားတယ်"

အောင်လံက လွှတ်တော်ကိုယ်စားလှယ်၊ ကျောင်းဆရာအပါအဝင် ၄ ဦး၏ နေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

မကွေးတိုင်း၊ အောင်လံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ CDM ပညာရေးဝန်ထမ်း ဆရာဦးကျော်ကျော်ဦး၊ NLD မြို့နယ် အလုပ်အမှုဆောင် ဒေါ်ဥမ္မာဌေးနဲ့ ကိုသူရနိုင် (ခေါ်) ကိုမိုင်းဆက် တို့ ၄ ဦးရဲ့ နေအိမ်တွေ စစ်ကောင်စီက ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

ရွှေဘိုနယ်မှာ မိုးစပါးအသစ်တင်းတရာကို ကျပ်ဆယ်သိန်းကျော်နဲ့‌‌ ဈေးဖွင့်

"ကျွန်တော်တို့နယ်မှာအဓိကထား စိုက်ပျိုးတာက ဘေးကြားစပါးမျိုးပါ အခြားမျိုးကွဲတွေလည်းစိုက်ပျိုးကြပါတယ် အခုရိတ်သိမ်းနေကြပါပြီပျမ်းမျှ စပါးထွက်နူန်းကတဧကကို တင်း၆၀ ဝန်းကျင်ထွက်ပါတယ်။ အခုဝယ်နေတာကစပါးတတင်းကိုကျပ် ၁၀,၅၀၀နဲ့ ၁၀,၇၀၀ကျပ်ပေးဝယ်ကြတယ်။ စပါးကောင်းရင်ကောင်းသလိုပေးဝယ်ပါတယ်"

ပုဒ်မ ၅၀၅ အမှုကို အမိန့်ချတာ မတူလို့ကျေနပ်မှုမရှိကြ

မနက်ပိုင်းမှာ အမိန့်ချတဲ့နှစ်အတိုင်း အမိန့်ချလိမ့်မယ်လို့ မိသားစုတွေက မျော်လင့်နေခဲ့တာဖြစ်ကြောင်း ပုဒ်မအတူတူချင်းကို အမိန့်ချတာချင်း မတူတဲ့အတွက် မဖြစ်သင့်ကြောင်း လိုက်ပါကူညီပေးနေသူတဦးက ဆိုပါတယ်။

သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

အာဏာသိမ်းစစ်ကောင်စီက သာယာဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားဆွဲဆိုထားမှုအား ယနေ့ နံနက်ပိုင်းက ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်တယ်လို့ သိရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာပါဝင်သူ ၉ ဦး ထောင်ဒဏ်၂ နှစ်စီ ချခံရ

"အခုမနက်ပဲ ထောင်တရားရုံးကနေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရသူ ၉ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်၊ အားလုံးက အုန်းနဲစမ်းရွာကပါ၊ အဲ့အထဲမှာမှ ထက်ကိုကိုလင်းဆိုတဲ့ တယောက်ကကျ ပုဒ်မ ၃၀၇နဲ့ ကပ်ခံရပြီး ၃၀၇အတွက်က ထောင်တနှစ်ချလိုက်တော့ သူက သုံးနှစ်ဖြစ်သွားတယ်"

စပါးစျေး‌ကောင်းနေပေမယ့် တောင်သူတွေမှာ ရောင်းစရာစပါးမရှိ

"ခေတ်ကပြောင်းသွားပြီ အရင်ကလို စပါးဂိုဒေါင်ထားနိုင်တဲ့ခေတ်မဟုတ်ဘူ၊း လယ်ထဲမှာတင်ထွက်သမျှစပါးအကုန်နီးပါးရောင်းကြတာ မျိုးစပါးလောက်ပဲကျန်တော့တာ ပြီးမှဆန်ဝယ်စားတယ်၊ ပေါ်စအချိန်ရောင်းတော့ အစိုဓါတ်လည်းရှိတော့ တောင်သူကလည်းသိပ်မမာနိုင်ဘူး ၆ သိန်းဝန်းကျင်လောက်နဲ့ရောင်းကြတာများတယ်"

မတ်ပဲစိုက်တောင်သူတွေ စိုက်ပျိုးရေးသုံးဆေး စျေးတက်မှုကို ရင်ဆိုင်နေရ

"အရင်နှစ်ကထက် ၅၀ ရာခိုင်နူန်းလောက် ခေါက်ချိုးတက်တယ်ပေါ့။ အရင်က တသောင်းတန်က တသောင်းရှစ်ထောင် ဖြစ်သွားတာမျိုးရှိသလို တချို့ကြတော့လည်း ကိုးထောင်တန်က တသောင်းသုံးထောင်လောက် ဖြစ်သွားတာမျိုးလည်းရှိတယ်။ အများစုကတော့ ခေါက်ချိုးတက်တာပေါ့"

နှမ်းခါးရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၇ဦးသေဆုံး

“ ပဒေသာမိုင်းအနည်းဆုံး ၉ လုံးနဲ့ဆွဲလိုက်တာပါ၊အင်အားက ၇၀ လောက်ရှိတယ်၊ သူတို့ဘက်က သေဆုံးတာ ၇ ယောက်ရှိတယ်၊”

မြေနုကျွန်းမြေရှားပါးမှုကြောင့် ခရမ်းချဥ်သီး စိုက်ပျိုးမှုနည်းပြီး စျေးကောင်း

“ဒီနှစ်လေ ခရမ်းချဥ်ကသိပ်မစိုက်ကြဘူး။ မြေကုန်းမြေမရှိတာ၊ သိပ်လည်းမစိုက်ကြဘူး တဦးနှစ်ဦးလောက်ပဲစိုက်ကြတယ်။ သိပ်လည်းမသီးဘူး၊ အထွက်နှုန်းနည်းတော့ စျေးကောင်းတာပေ့ါ၊ တခြားကျွန်းတွေမှာလည်း သိပ်မစိုက်ဘူး၊ ကုန်းအမြင့်တို့ဘာတို့မှာစိုက်ကြတယ် ကျနောတို့ဆီမှာက ရေမြုပ်ကွင်းတွေ ပဲရှိတော့တယ်၊ ကုန်းမြေတွေကိုအိမ်တွေဆောက်လိုက်ရတယ်၊ တော်တော်များများ မစိုက်ကြတော့ဘူး၊”

ပဲခူးတိုင်းကသတင်းထောက်တဦး ထောင် ၃ နှစ်ချမှတ်ခံရပြီး နောက်တိုးအမှုတခုနဲ့ ထပ်မံတရားစွဲထား

အာဏာသိမ်းပြီးနောက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖွင့်ထောင်ချခံရတဲ့ သတင်းသမားတွေကိုပြန်လွှတ်ပေးခဲ့ပေမယ့် ပုဒ်မ၅၀၅ (က)နဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုငြိမ်းချမ်းဝေကတော့ ထောင် ၃ နှစ် အမိန့်ချခံလိုက်ရကြောင်း သိရပါတယ်။

၂ရက်အတွင်း စစ်ကောင်စီတပ်သား ၃၂ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

"စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၇ တပ်ရင်းနဲ့တိုက်ပွဲဖြစ်ပါတယ်၊ကျန်တဲ့ဟာကတော့ပုလဲမြို့နယ်ကထွက်လာတဲ့ စစ်ကိုင်းတိုင်းဘက်ကိုနယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးလာ ကားတွေကို မိုင်းဆွဲတယ် ချောင်းမြောင်းပစ်ခတ်တာတွေလုပ်တာပေါ့"

ဇီးကုန်းမြို့ကလူငယ်တွေ နေ့စဥ်ဆိုသလိုဖမ်းဆီးခံနေရ

"မြို့ပေါ်ကလူငယ်တွေစစ်ကောင်စီကနေ့စဥ်ဆိုသလိုဖမ်းတာကိုခံနေရတယ် နှစ်ရက်သုံးကြာရင်ပြန်လွှတ်တယ် ဘာမှမဟုတ်ဘူးမဲမဲမြင်ရာ ဖမ်းနေကြတာအခုလူငယ်တွေက အိမ်မှာတောင်ရဲရဲမနေရဲကြဘူးအခုဆို ၈ဦး၉ဦးလောက်ရှိနေပြီ မြို့ပေါ်ရပ်ကွက်က ကလေးတွေအများစုပဲ"

PDF တွေတီထွင်ထားတဲ့ ရေမြုပ်မိုင်းနဲ့ စစ်ကောင်စီရေယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

"မနေ့က မိုင်းခွဲတာဟာ ဝမ်းဗိုက်ပေါက်ပြီးမှ ဒီနေ့မှ နစ်မြုပ်တာပါ။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ကျော်လောက်ပါ ပါတယ်။ မနေ့က ၁၂ နာရီဝန်းကျင်လောက်မှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ မဲဒင်ရွာ ကျွန်းခုံပေါ်တဲ့နေရာမှာနစ်မြုပ်သွားတာ၊ သေဆုံးမှုတော့ အတိအကျမသိရသေးပါဘူး။ဒဏ်ရာရတဲ့သူကတော့ များတယ်။ ကျနော်တို့ Kani People's Defense Force- KPDF-1ဦးဆောင်ပြီး Kani People's Defense Force- KLG၊DRPA မဟာမိတ်အဖွဲ့တွေ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ"

ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ဗိုလ်တဦးလက်ပြတ်ပြီး ၅ဦးသေ

“ အပြန်အလှန်ပစ်ခတ်ကြပါသေးတယ်၊ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်၊ သူတို့ဘက်က ၄ ယောက်နဲ့ ပျူစောထီးခေါင်းဆောင်တစ်ယောက်သေတယ်၊ ဗိုလ်အဆင့်ရှိတဲ့လူက လက်ပြတ်သွားပါတယ်၊ ခုချိန်ထိ အဲ့ဒိကျောင်းမှာတပ်စွဲထားတုန်းပဲ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10